ကလော-သာစည်
ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ်တွင် ၁၃မျဉ်းစောင်းများကို စစ်ကော်မရှင် စစ်ဆေးမှုတင်းကြပ်
သျှမ်းပြည်တောင်ပိုင်း၊ ကလော-သာစည်ကြားရှိ ကျွဲတပ်ဆုံဂိတ်တွင် ၁၃ မျဉ်းစောင်း သျှမ်းပြည်မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို စစ်ကော်မရှင်တပ်က စစ်ဆေးမှု တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်နေသောကြောင့် ပြည်တွင်းလေကြောင်းလိုင်းများပါ ရပ်နားထားရပြီး ခရီးသည်အများစုသည် ဘတ်စ်ကားများဖြင့်သာ ခရီးသွားလာနေရသည်။ ထိုသို့ ခရီးသည်များ သွားလာရ ခက်ခဲနေသည်ကို အခွင့်ကောင်းယူ၍ သျှမ်း-မန္တလေးနယ်စပ်...





