Wednesday, January 28, 2026

မြန်မာ့တပ်မတော် သတင်းများကို စိစစ်ပြီးမှသာ ပြည်သူများကို တင်ပြရန် တပ်မတော် သတင်းမှန်ပြန်ကြားရေး ထုတ်ပြန်

တပ်မတော် သတင်းများကို သက်ဆိုင်ရာမှ စိစစ်ပြီးမှသာ ပြည်သူများကို တင်ပြရန်နှင့် စိစစ် ခြင်းမရှိဘဲ ရေးသားသည့် သတင်းဌာနများကို ဥပဒေ နှင့် အညီ ဆောင်ရွက်သွားမည် ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ မှ ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

Photo by mmmilitary/ မြန်မာ့တပ်မတော်

သတင်းဌာနများအနေဖြင့် တပ်မတော် သတင်းများအား သက်ဆိုင်ရာ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး များနှင့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းဦးစီးဗိုလ်ချုပ်ကြီးများထံ သတင်းစိစစ်အတည်ပြုခြင်းများပြုလုပ်ပြီးမှသာ ပြည်သူများသို့ အမှန်အတိုင်း တင်ပြဆောင်ရွက်ရန် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့အပြင် ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ချက်များအပေါ် အထင်အမြင်လွဲမှားစေမည့် မဟုတ်မမှန် သတင်း ထုတ်ပြန်မှုများအားမပြုလုပ်ရန် လိုအပ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ဒီဇင်ဘာ ၂၄ရက်နေ့တွင် တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် တပ်မတော်စစ်ကြောင်းများ တိုက်ပွဲများဖြစ်ပွားသည်ဟု ပြည်တွင်း၊ ပြည်ပ မီဒီယာများ က တဖက်သတ် (TNLA) ထုတ်ပြန်ချက်ကို ကိုးကားပြီးရေးသားကြကြောင်း၊ တပ်မတော် နှင့် TNLA ထိတွေ့မှုတိုက်ပွဲမရှိကြောင်း နှင့် ငြိမ်းချမ်းရေး အား ဖြစ်မြောက်မှု အားနည်း စေရန် အတွက် သွေးတိုး လှုံ့ဆော် မှုများ မပြုလုပ်ရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၂၅ ရက်တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ထိုနည်းတူ သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စုအတွင်းရှိ တွန်ကြိုင်းကျေးရွာ အနီးတွင် ၂ ဒီဇင်ဘာ ၂၄ ရက်နှင့် ဒီဇင်ဘာ ၂၅ ရက်နေ့များ၌ သျှမ်းပြည် တိုးတက်ရေးပါတီ SSPP နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာတွင် တပ်မတော်စစ်ကြောင်းများက RCSS နှင့် ပူးပေါင်း၍ လက်နက်ကြီး များ ဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း SSPP သတင်းနှင့် ပြန်ကြား ရေးဌာနမှ ထုတ်ပြန်မှုအပေါ် ပြည်တွင်း၊ ပြည်ပ မီဒီယာ တချို့ ဖော်ပြမှုများရှိကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့် ဘက်မှ ပါဝင်ကူညီပေးခြင်းမရှိကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်အပေါ်အထင်အမြင်လွဲမှားစေရန် တစ်ဖက် တည်းမှပြောဆိုမှုများကို ကိုးကား၍ ငြိမ်းချမ်းရေး ရရှိ ရန်ဆောင်ရွက်နေမှုအား ပျက်ပြားစေရန် ရေးသား ထုတ်လွှင့်နေခြင်း ဟုလည်း ကြေညာချက်တွင် ရေး သားထားသည်။

တပ်မတော်၏ အနာဂတ်လုပ်ငန်းများနှင့် အများပြည်သူ မသိသင့်မသိထိုက်သော အကြောင်းအရာများ မှလွဲ၍ ကျန်ဖြစ်စဉ်များကို သက်ဆိုင်ရာလုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းဦးစီးဗိုလ်မှူးကြီးများထံမှ သတင်းရယူရန်နှင့် စိစစ်အတည်ပြုနိုင်ရေး ခွင့်ပြုထားပြီးဖြစ်ကြောင်း တရားဝင် ညွှန်ကြားထားပြီး ဖြစ်သည် ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အိမ်စောင့်တပ်နှင့်ကိုးကန့်တပ် တိုက်ပွဲကြောင့် မူဆယ်ခရိုင်ကျေးလက်လူထုအခက်တွေ့

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ် - ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ကျေးရွာအချို့အတွင်း အိမ်စောင့် တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် တောတောင်အတွင်းသို့တိမ်းရှောင်နေရသည့် ကျေးလက်ဒေသခံများ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရသည်ဟုသတင်းရရှိသည်။ သြဂုတ်လဆန်းပိုင်းမှယနေ့အထိ စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် မူဆယ်ခရိုင် ကြူကုတ် - ပန်ဆိုင်း မြို့နယ်ခွဲ ဖေါင်းဆိုင် ကျေးရွာအုပ်စု ဖိုင်ကောင်းကျေးရွာအတွင်း...

အာဏာသိမ်းတပ် နှင့် သျှမ်းပြည်တပ်မတော် RCSS တို့ ယနေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်

0
အာဏာသိမ်းတပ် နှင့် သျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ သျှမ်းပြည်တောင်ပိုင်းအတွင်း ယနေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟုသိရသည်။ ၂၀၂၁ ခု ဧပြီလ ၂၂ ရက် နံနက်ပိုင်း တွင် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း တွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်းနှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ...

သီပေါမြို့နယ် RCSS နှင့် အစိုးရတပ် ရက်ဆက်တိုက်ပွဲဖြစ်

0
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်မှုဖြစ်ပွားနေကြောင်းစုံစမ်းသိရသည်။ သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စု ပန်ခါးကျေးရွာ အနီးတွင် RCSS/SSA နှင့် အစိုးရတပ် တို့သည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၁)ရက်တွင် တိုက်ပွဲပြင်းထန်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ တပ်သား ၂ဦး...

SSPP/SSA နှင့် တပ်မတော် ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် မြန်မာ့တပ်မတော်တို့သည် ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက် မနက်ပိုင်းတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။ SSPP/SSA နှင့် မြန်မာ့တပ်မတော်သည် ကွတ်ခိုင်-နမ့်ဖက်ကာကြား နမ့်အုမ်ကျေးရွာ အနီးတဝှိက်တွင် ယနေ့ မနက် ၈နာရီ မှ စတင်ဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်...

RCSS/SSA နှင့် တပ်မတော် သီပေါမြို့နယ် တွင် ၂ရက် တိုက်ပွဲဖြစ်

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် တပ်မတော်တို့သည် ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ RCSS/SSA နှင့် တပ်မတော်သည် ဖေဖော်ဝါရီ (၉ )ရက် နေ့လည်ပိုင်း တွင် သီပေါမြို့နယ် မိုင်းတုံကျေးရွာ အုပ်စု ခိုင်းဆင်ကျေးရွာ တွင် တကြိမ်၊ ယနေ့ ဖေဖော်ဝါရီ (၁၀)ရက်...