မိုင်းပန်မြို့နယ်အတွင်း ကျေးလက်ရွာ ၃ ရွာအား နေရပ်အဓမ္မပြောင်းရွှေ့ခိုင်းမှုဖြစ်ပွါး

0

သျှမ်းပြည် တောင်ပိုင်း လင်းခေး ခရိုင် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စု အတွင်းနေထိုင်သည့် ဒေသခံများ အား ဒေသတွင်းလှုပ်ရှားနေသည့် အစိုးရတပ်မတော်နှင့် အပစ်ရပ်ထားသည့်လက်နက်ကိုင်တပ်ဖွဲ့တခုတို့မှ ပူးပေါင်းပြီး နေရပ်ပြောင်းရွှေ့ခိုင်းကြောင်း သတင်းရရှိသည်။

မြန်မာတပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုတို့ပူးပေါင်းပြီး ရွာပြောင်းရွှေ့ခိုင်းသည့် ကျေးရွာများမှာ နားမွန်ကျေးရွာအုပ်စု အတွင်းရှိသည့် ပန်မီကျေးရွာ၊ ဝမ်မုတ် ကျေးရွာ နှင့် ပေါက်ကျောင်းကျေးရွာ တို့မှ စုစုပေါင်း အိမ်ခြေ ၄၀ ရှိကြောင်း မိုင်းပန်မြို့ဒေသခံ စိုင်းကမ် က ပြောသည်။

“ ဗမာတပ်နဲ့ ပအိုဝ်း PNLO တို့ က ကျေးရွာအငယ်လေးတွေကို တစုတစည်းတည်း ဖြစ်စေချင်လို့ ပြောင်းခိုင်းတာ။ အခု ပြောင်းခိုင်းတဲ့ကျေးရွာတွေက အိမ်ခြေ နည်းတဲ့ရွာတွေပါ။ အဲ့ရွာတွေကို သူတို့ လက်အောက်မှာ နေခိုင်းစေချင်တဲ့သဘောပါပဲ” ဟု စိုင်းကမ် က ဆိုသည်။

နေရပ်ပြောင်းရွှေ့ရမည့် အိမ်ခြေ များကို နိုဝင်ဘာ ၃၀ ရက်တွင် အဆိုပါ အဖွဲ့ ၂ ဖွဲ့ မှ အစည်းအဝေးခေါ်ဆိုပြီး ပြောကြားခဲ့ကြောင်း၊ ပြောင်းရွှေ့ရန် အချိန် ၂ ရက်သာ ပေးမည်ဟုလည်း ပြောဆိုခဲ့ကြောင်း ဒေသခံများ က ပြောပြသည်။

“ ပြောင်းခိုင်းတာကိုတော့ ကျနော် ကြားရတယ်။ ဒါပေမယ့် အတိအကျတော့ ကျနော်မသိရသေးဘူး။ ဒေသခံတွေကို ဒီလို ရွှေ့ပြောင်းခိုင်းရင် အခက်အခဲတော့ ကြုံရမယ်” ဟု မိုင်းပန်မြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းနောင့် က ဆိုသည်။

PNLO/PNLA ၏ ပြန်ကြားရေးဌာနကမူ RCSS/SSA ပိုင် Taifreedom ၀က်ဆိုက်တွင်ဖော်ပြထားသော ရွာသားများအား အဓမ္မနေရာပြောင်းရွှေ့ခိုင်းမှုသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ PNLO/PNLA သည်လူမျိုးရေး ပဋိပက္ခဖြစ်စေမှုများကိုရှောင်ကြဉ်ကြောင်း အစရှိအချက်များပါရှိသောကြေငြာချက်တစောင်ကိုထုတ်ပြန်ခဲ့သည်။

ထိုဒေသကရွာသားများကမူ ပန်ပိကျေးရွာ နှင့် ဝမ်မိုင်ကျေးရွာ ၂ ခုသာ ရှိရမည် ဟု လည်း အစိုးရတပ်မတော်က ပြောဆိုခဲ့ကြောင်းရွာသားများကပြန်လည်ပြောပြသည်။

NCA အတူတကွလက်မှတ်ရေးထိုးခဲ့ကြသည့် PNLO နှင့် RCSS တို့သည် အဆိုပါဒေသတွင် ၂၀၁၄ ခုနှစ်က နယ်မြေ ပြသနာ အကြီးအကျယ်ဖြစ်ပွါးခဲ့သည်။ ထိုစဉ်က PNLO ခေါင်းဆောင်ခွန်မြင့်ထွန်း နှင့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် တို့တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီးပြသနာပြေလည်သွာခဲ့သည်။ ယခုအတွင်း နှစ်လယ်ပိုင်းကစပြီး အဆိုပါနယ်မြေတွင်ပြသနာပြန်လည်ဖြစ်ပွါးလာခြင်းသည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here