Tuesday, January 27, 2026

တိုက်ပွဲများရပ်တန့်ပြီး လက်နက်ကိုင်ခေါင်းဆောင်များအမြန်ဆုံးတွေ့ဆုံဆွေးနွေးရန် သျှမ်းပြည်အရပ်ဖက်အဖွဲ့ ငြိမ်းချမ်းရေးဖိုရမ်မှတိုက်တွန်း

လူထုအားပစ်မှတ်ထားပစ်ခတ်မှုမှအမြန်ဆုံးရပ်တန့်ပြီးခေါင်းဆောင်အချင်းချင်းတွေ့ဆုံဆွေးနွေးပေးပါရန် သျှမ်းပြည်တွင်းလက်နက်ကိုင်တပ်ဖွဲ့များအား သျှမ်းပြည်နယ် အရပ်ဖက်အဖွဲ့အစည်းမှ ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

Photo by MIPSS – နို၀င်ဘာလ ၂၈ နှင့် ၂၉ ရက်နေ့တောင်ကြီးမြို့ တောင်ကြီးဟိုတယ်တွင်ပြုလုပ်သော အရပ်ဖက်လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲ

နို၀င်ဘာလ ၂၈ နှင့် ၂၉ ရက်နေ့တွင် သျှမ်းပြည်တွင်းမြို့နယ်အသီးသီးက အရပ်ဖက်လူမှုအဖွဲ့အစည်း ၏ကိုယ်စားလှယ်များ လူအင်အား ၁၀၀ ကျော်က တောင်ကြီးဟိုတယ်တွင်တွေ့ဆုံမှုပြုခဲ့ပြီးနောက် နို၀င်ဘာလ ၂၉ ရက်နေ့ရက်စွဲဖြင့် အဆိုပါကြေငြာ ချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တပ်မတော်အပါအဝင် သျှမ်းပြည်နယ်အတွင်းရှိလက်နက်ကိုင်အဖွဲ့အစည်းများ အင်အားဖြည့်တင်းကာပစ်ခတ် တိုက်ခိုက်နေမှုများ ပြုလုပ် နေသည်ကိုရပ်တန့်ပေးရန် မေတ္တာရပ်ခံတောင်းဆိုကြောင်း အဆိုပါကြေငြာချက် တွင်ပါရှိသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ်မှ ပြောခွင့်ရ ကို၀င့်ထည်ကောင်းမြတ်က – “တိုက်ပွဲတွေဖြစ်လို့ လူထုက ကြားထဲကနေသေကြေပျက်စီးလာတယ်။ ဒါတင်မက နိုင်ငံရေးအရ ပြည်သူလူထုကိုအသုံးချလာတယ်ဆိုတဲ့ ပုံစံမျိုးတွေကျနော်တို့တွေ့လာရတယ်။ ပြည်သူလူထုကို ထိခိုက်စေတာမျိုးတော့ မလုပ်ကြပါနဲ့ ဆိုပြီးမေတ္တာ ရပ်ခံ တဲ့အနေနဲ့ ကျနော်တို့စာထုတ်ဖြစ်တာပါ” – ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

Photo by MIPSS – နို၀င်ဘာလ ၂၈ နှင့် ၂၉ ရက်နေ့တောင်ကြီးမြို့ တောင်ကြီးဟိုတယ်တွင်ပြုလုပ်သော အရပ်ဖက်လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲ

ဖြစ်ပွားနေသည့် သျှမ်းပြည်ပြသနာအား အစိုးရ အပါ၀င် နိုင်ငံတကာအား ကြားဝင်ဖြေရှင်းပေးဖို့ မျှော်ကိုးသာ ထက် သျှမ်းပြည်သား လက်နက်ကိုင်အဖွဲ့အစည်းများ အမြန်ဆုံးတွေ့ဆုံဆွေးကြရန် ပိုမိုလိုအပ်ကြောင်းလည်း ဆက်၍ပြောသည်။

“အစိုးရဆိုတာထက် သျှမ်းပြည်နယ်ထဲမှာ လက်နက်ကိုင် အဖွဲ့ အစည်းတွေ တိုင်း ရဲ့ အဖွဲ့ခေါင်းဆောင်တွေ အချင်းချင်းတွေ့ဆုံညှိနှိုင်းတာမျိုးကိုပိုလိုလားတယ်။ အစိုးရက လုပ်ပေးတာတို့ UN လုပ်ပေးတာတို့ထက် ၊ အပြင်မှာပြသနာဖြစ်တာမဟုတ်ဘဲ သျှမ်းပြည်တွင်းက အချင်း ချင်းကြား မှာဖြစ်တဲ့အတွက်ကြောင့် အချင်းချင်းပြေလည်အောင် နိုင်ငံရေးအားဖြင့်ကြည့်တာပေါ့နော်။ နိုင်ငံ ရေး စားပွဲဝိုင်းပေါ်ဆွေးနွေးကြဖို့ပေါ့။ လက်နက်ကိုင်လမ်းစဉ်နဲ့ မဖြေရှင်းပါနဲ့လို့ ။ တတ်နိုင်သမျှ အရပ် သား ပြည်သူကိုထိခိုက်မှုမရှိအောင် စစ်စည်းကမ်းလေးတွေကိုတင်းကျပ်ပေးစေချင်တယ်။ စစ်တိုက်တာက တိုက်ပေါ့။ ဒါပေမယ့် စစ်စည်းကမ်းလေးတွေက ရှိပြီးသားဘဲ။ ပြည်သူအပေါ် ဘယ်လိုသဘောထားရမယ် ဆိုတာ ရှိပြီးသား ဘဲ။ ကိုယ့်တပ်ဖွဲ့ကိုနိုင်အောင်ထိန်းကျောင်းပေးစေချင်တယ်။” – ဟု ကို၀င့်ထည်ကောင်းမြတ်က ပြောသည်။

တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှု မပျက်ရေး နှင့် စစ်ရေးပဋိပက္ခများကြောင့် ပြည်သူလူထု၏ ထိခိုက်ခံစားရမှုများအား လူသားချင်းစာနာထောက်ထားသောအနေဖြင့် စစ်ပွဲများအား အမြန်ဆုံးရပ်တန့်ပေးကြပါရန် မေတ္တာရပ်ခံ တောင်းဆို ကြောင်း ၄င်းတို့၏ ကြေငြာချက်တွင်ပါရှိပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၊ လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်များအတွင်း ယခု ၂၀၁၈ ခုနှစ်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကြား၊ မြောက်ပိုင်းမဟာမိတ် နှင့် RCSS/SSA တပ်များကြား၊ တိုက်ပွဲ များတနှစ်ပတ်လုံးဖြစ်ပွါးနေသဖြင့် ဒေသခံလူထုတို့ စစ်ဘေးတိမ်းရှောင်နေရသည်ဖြစ်ရာ လယ်ယာလုပ်ငန်း ခွင်များ ကောင်းမွန်စွာမလုပ်ကိုင်ခဲ့ရပေ။ တိုက်ပွဲကြောင့် ဒေသခံလူထု ဖမ်းဆီးခံရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် သေကြေခြင်းများရှိခဲ့သည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အရပ်သားများအား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးငွေကြေးတောင်းခံမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း လူ့အခွင့်အရေးအဖွဲ့ထုတ်ပြန်

0
တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA မှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် အရပ်သားပြည်သူများ ဖမ်းဆီးခေါ်ဆောင်ပြီး ငွေကြေးတောင်းခံမှုအပေါ် လူ့အခွင့်အရေး နှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာ (၇) ရက် ရက်စွဲဖြင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက် လူ့အခွင့်အရေးနှင့် တရားမျှတရေး...

ထိုင်းဘုရင့်နိုင်ငံတော် တံစက်မြိတ်အောက်ခိုးဝင်သူ လုံးဝမရှိစေဖို့ အမိန့်ထုတ်ပြန်

0
ပြည်ထောင်စုမြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု တဟုန်ထိုး တိုးမြင့်လာနေသဖြင့် ထိုင်း-မြန်မာနယ်စပ်တကျော လုံခြုံရေးတင်းကြပ်ဖို့ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေငြာလိုက် သည်။ သြဂုတ်လ ၂၇ ရက်က ထုတ်ပြန်သည့်အဆိုပါအရေးပေါ် ကြေငြာချက်တွင် - ‘လက်ရှိပြည်ထောင်စု မြန်မာ နိုင်ငံအတွင်း  COVID-19 ရောဂါကူးစက်သူ...

သင်္ကြန်ကာလ စုပေါင်းပြီးဘုန်းကြီးကျောင်းမတက်ရန် သံဃာအဖွဲ့ ထုတ်ပြန်

0
ကမ္ဘာတဝှမ်း ဖြစ်ပေါ်သည့် COVID-19 ကြောင့် သင်္ကြန်ကာလအတွင်း စုပေါင်းပြီး ဘုန်းကြီးကျောင်းတက်ဆွမ်းပန်းကပ်လှူခြင်းမပြုရန် သျှမ်းပြည်လုံး ဆိုင်ရာ သံဃာ့အဖွဲ့ချုပ် မှ ထုတ်ပြန်ကြေညာလိုက်သည်။ ဧပြီ ၃ ရက် က သျှမ်းပြည်လုံး ဆိုင်ရာ သံဃာ့အဖွဲ့ချုပ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။ သင်္ကြန်ကာလ နှစ်ဟောင်း မှ နှစ်သစ်သို့ ကူးပြောင်းချိန် မြန်မာလူမျိုး...

လောက်ကိုင်ဒေသ ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်

0
သျှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွင်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထပ်မံ ထုတ်ပြန်ကြေညာခဲ့သည်။ စက်တင်ဘာလ ၉ ရက်နေ့ရက်စွဲပါ လောက်ကိုင်မြို့နယ် အထွေထွေးအုပ်ချုပ်ရေးမှူးရုံး မှထုတ်ပြန်သော ကြေညာချက် တွင် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့်...

တိုက်ပွဲကြောင့်အရပ်သားများ သေဆုံးမှု သျှမ်း/မြောက် လူသားစာနာမှုအဖွဲ့ ရှုပ်ချ

0
သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွါးနေသော တိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသခံလူထု ထိခိုက်ဒဏ်ရာရ သေကြေ ပျက်စီးဆုံးရှုံးမှု အပေါ် ရှုပ်ချကြောင်း သျှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ က ထုတ်ပြန်ကြေငြာလိုက်သည်။ သြဂုတ်လ ၁၉ ရက်နေ့က ကျရောက်သော ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှု အထိမ်းအမှတ်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Humanitarian Strategic Team...