Tuesday, January 27, 2026

ထိုင်းဘုရင့်နိုင်ငံတော် တံစက်မြိတ်အောက်ခိုးဝင်သူ လုံးဝမရှိစေဖို့ အမိန့်ထုတ်ပြန်

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု တဟုန်ထိုး တိုးမြင့်လာနေသဖြင့် ထိုင်း-မြန်မာနယ်စပ်တကျော လုံခြုံရေးတင်းကြပ်ဖို့ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေငြာလိုက် သည်။

သြဂုတ်လ ၂၃ အမိန့်ထုတ်ပြီး သြဂုတ်လ ၂၇ တွင်ထိုင်းအစိုးရ ထုတ်ပြန်သောကြေညာချက်

သြဂုတ်လ ၂၇ ရက်က ထုတ်ပြန်သည့်အဆိုပါအရေးပေါ် ကြေငြာချက်တွင် – ‘လက်ရှိပြည်ထောင်စု မြန်မာ နိုင်ငံအတွင်း  COVID-19 ရောဂါကူးစက်သူ မြင့်တက်လာနေကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှု များပြားသည့် ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် အရေးပေါ် အခြေအနေထုတ်ပြန်ထားရ သည့်အပြင် တလကျော်ကြာ သာ ဖွင့်လှစ်သင်ကြားရသေးသည့် အခြေခံပညာကျောင်းများအားလုံးလည်း ပိတ်ထားလိုက်ရကြောင်း ထုတ် ပြန်ထားသည့်အတွက်  ၂ နိုင်ငံကြား နယ်စပ်တရားဝင်ဂိတ်၊ တရားမဝင်ဂိတ်၊ နယ်စပ်မြို့ နယ်စပ်ဒေသခံ များအတွက်သာဖွင့်လှစ်ပေးသည့်ဂိတ်၊ တောလမ်းမှ ခိုးဝင်ဖြတ်သန်းနိုင်သည့် ထိုင်းမြန်မာနယ်စပ်အားလုံး လုံခြုံရေးတင်းကြပ်ဖို့၊ နယ်စပ်နှင့်ထိစပ်နေသည့် ခရိုင် ၁၀ ခုအား အထူးရည်ညွှန်းကာ ’ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းလုံခြုံရေးတပ် အထူးစောင့်ကြပ်နေပုံ

“အစက သြဂုတ်လကုန်လောက်မှာ  နယ်စပ်ဂိတ်တရားဝင်ပြန်ဖွင့်ဖို့ ဆွေးနွေးဖူးတယ်။ ဒါပေမယ့်ကပ်ရောဂါ ကူးစက်မှုက စိုးရိမ်နေရဆဲအနေအထား ဆိုတော့ စက်တင်ဘာလကုန်အထိ ထပ်တိုးထားတယ်။ နောက်တလ အတွင်းနယ်စပ်ဂိတ်လဲ ထပ်မဖွင့်သေးတဲ့ သဘောပေါ့။ အခုက မြန်မာမှာ ရောဂါပိုးက တအား  ကူးစက်လာနေတော့  နယ်စပ်လုံခြုံရေးအတွက် စောင့်ကြပ်ခိုင်းတာ။ အထူးကြပ်မတ်ဖို့ပေါ့” – ဟု ထိုင်းနယ်စပ်လုံခြုံရေးအရာရှိ တဉီးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

ထိုင်းအစိုးရ ရည်ညွှန်းသော ထိုင်း-မြန်မာနယ်စပ် ၁၀ ခရိုင်မှာ – ကန်ကျနပူရီ၊ ချွန်းဖွန်း၊ ချိန်းရိုင်း၊ ချိန်းမိုင်၊ တတ်၊ ပရကျုပ် ခီးရီးခန်၊ ဖိတ်ပူရီ၊ မယ်ဟောင်ဆောင်၊ ရနောင်း၊ ရတ်ချပူရီ ခရိုင်တို့ဖြစ်ပါသည်။

ကိုဗစ် ၁၉ ထိုင်းနိုင်ငံသို့ စတင်ကူးစက်ပျံ့ပွါးစဉ်က နေရပ်ရင်းသို့ပြန်သွားကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများလည်း လက်ရှိတွင် ထိုင်းနိုင်ငံသို့ ပြန်၀င်လိုနေကြသည်။

“ထိုင်းမှာတော့ ကျောင်းတွေပြန်ဖွင့်နေပြီမို့ တချို့ကလည်း ကလေးကျောင်းပြန်တက်ဖို့ ပြန်လာချင်ကြ တယ်။တချို့ကလည်း လုပ်ငန်းကိုင်ငန်းက ခွင့်ရက်ပြည့်လို့ပြန်လာချင်ကြတယ်။ ”- ဟု ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးသည့် စိုင်းနောင့်က ပြောသည်။

ထိုင်းနယ်စပ်တွင် ခိုး၀င်ခိုးထွက်ပြုသူများအား  ကျန်းမာရေးဌာနမှ ပြဌာန်းထားသော ဉပဒေအရ ထိရောက်စွာ အရေးယူ ရန်လည်း ထိုင်းအစိုးရ၏ ကြေငြာချက်တွင်ပါရှိသည်။

သီးခြားအတည်ပြုချက်မရသည့် ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်မြို့မှ ဒေသတွင်းသတင်းများအရ  ကျူးလွန်သူအား  ပစ်ခတ် တားဆီးဖို့ ထိုင်းနယ်စပ်လုံခြုံရေးတပ်ကို အခွင့်အာဏာပေးထားသည်ဟုလည်း ဆိုပါသည်။

ထိုင်းမြန်မာနယ်စပ်တွင်  ကိုဗစ်ကပ်ရောဂါ စိုးရိမ်မှု မရှိစဉ်က မယ်ဆိုင်အမှတ် ၁  နှင့် ၂ ၊ မဲဆောက် အမှတ် ၁ နှင့် ၂ ချစ်ကြည်ရေးတံတား တို့အပြင်   နယ်စပ်မြို့ နှစ်နိုင်ငံဒေသခံများအတွက် ဖွင့်လှစ်ထားသည့် တရားဝင်ဂိတ်စခန်းများ၊ တရားမဝင်ဂိတ်စခန်းများ အများအပြား ရှိပါသည်။

လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉  ကပ်ရောဂါ ကူးစက်သူ ၆၀၀ ကျော်ရှိပြီး ယခုအပတ် အတွင်းမှာပင် ကူးစက်ခံရသူ တရာကျော်ရှိပြီဖြစ်ကြောင်း အစိုးရ၏ အားကစားနှင့်ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါသည်။ ထိုအနက်တွင် အသက် ၄၅ နှစ်ရွယ် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်နေ အမျိုးသမီးတစ်ဉီးပါ၀င်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းအစိုးရမှ ကျောင်းသားဗီဇာကို စည်းမျဉ်းသစ် (၅)ချက်ဖြင့် တင်းကြပ်မည်

0
ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်မည့် ကျောင်းသားများ၏ ဗီဇာအမျိုးအစားများကို စည်းမျဉ်းသစ် (၅)ချက်ဖြင့် စစ်ဆေးပြီးမှသာ ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ကျောင်းသားဗီဇာနှင့် တရားမဝင် အလုပ်လုပ်ကိုင်မှုကို တားဆီးရန် ထိုင်းနိုင်ငံ အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဗီဇာအမျိုးအစားများကို စိစစ်ပြီးနောက်...

လက်နက်ထောက်ပို့လုပ်၍ AAC ရုံးကို ထိုင်းအစိုးရက အပြီးပိတ်သိမ်းဟု သတင်းအမှားဖြန့်

0
မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာကို ခိုလှုံခွင့်ပေး၍ ကူညီနေသည့် ထိုင်းနိုင်ငံ မဟာချိုင်ရှိ လက်တွဲကူညီ AAC ရုံးခန်းသည် အလုပ်သမားအရေးဗန်းပြပြီး KNU/ KNDF နှင့် NUG-PDF တို့ကို လက်နက်ထောက်ပို့ လုပ်နေခြင်းကြောင့် ထိုင်းအစိုးရက ဖြိုဖျက်၍ အပြီးပိတ်သိမ်းရန် အမိန့်ထုတ်လိုက်ကြောင်း သတင်းအမှား ဖြန့်ချိနေပါသည်။ အဆိုပါ သတင်းအမှားကို MT...

စစ်ကောင်စီဘက်ကတောင်းဆိုမှုကြောင့် (CI)စင်တာ အားလုံး အပြီးပိတ်သိမ်းတော့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးကြေညာ

0
အာဏာသိမ်း စစ်ကောင်စီ ဘက်ကတောင်းဆိုလာသည့်အတွက်ကြောင့် စီအိုင် (CI) စင်တာအားလုံးကို အပြီးပိတ်သိမ်းတော့မည်ဟု ထိုင်းအလုပ်သမားဝန်းကြီးဌာနကကြေညာလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်တွင် ကြေညာခဲ့ပြီး စီအိုင်စတင်အားလုံးကို လာမည့် ဇူလိုင် ၇ ရက်မှာ အပြီးပိတ်သိမ်းတော့မည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။ “ဟုတ်တယ်။ စီအိုင်စင်တာတွေက ပိတ်တော့မယ်။ ဒီတစ်ပတ်သောကြာနေ့အထိဘဲ ဖွင့်တော့မယ်။ ဘာလို့ဆို...

ထိုင်းအစိုးရကို NUG ချဉ်းကပ်ဖို့ လိုပြီ

0
နိဒါန်း တစ်ချိန်က ယိုးဒယားခေါ် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှည်လျားသော နယ်မြေထိစပ်မှုရှိသည့်အလျောက် မြန်မာနိုင်ငံသားများအတွက် အားကိုးအားထားရာ ရွှေ့ပြောင်းနိုင်ငံတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ သို့သော် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအတွက်မူ လုံလောက် သည့် လုံခြုံမှုနှင့် အကာအကွယ်ပေးမှုများ ရရှိနေသလားဆိုသည်က မေးခွန်းထုတ်ဖွယ်ဖြစ်နေပါသည်။ အထူးသဖြင့် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းနေသည့် ကာလတစ်လျှောက်လုံးတွင်...

ကိုဗစ်-၁၉ စစ်ဆေးခ (ဘတ် ၃၀၀၀) ထိုင်းအစိုးရတိုးမြင့် သည့်ကိစ္စ ရွှေ့ပြောင်းအလုပ်သမားများကန့်ကွက်

0
ထိုင်းအစိုးရ မှ ရွှေ့ပြောင်းအလုပ်သမားများထံ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးခ(ဘတ် ၃၀၀၀) ကောက်ယူနေသည့် ကိစ္စ ကို အလုပ်သမားများ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ဗီဇာသက်တမ်းတိုးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရမည်ကိစ္စ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ စစ်ဆေးရာတွင် ဘတ် ၃၀၀၀...