Tuesday, January 27, 2026

ကျောက်မဲတွင် အမျိုးသမီး ၂ ဦးမိုင်းနင်းမိ တဦးသေ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခုံငင်းကျေးရွာ အနီးတွင် အမျိုးသမီး ၂ ဦး မိုင်းနင်းမိကာ သေကြေဒဏ်ရာရမှုရှိခဲ့ကြောင်းသိရသည်။

Photo form Tin Maung Thein Facebook/ ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးဆေးရုံတွင် သေဆုံးသွားသော လွေးခမ်းယဉ်

နို၀င်ဘာလ ၁၁ ရက် နံနက် ၉ နာရီက ခုံငင်းကျေးရွာ မှ ကျောက်မဲမြို့ သို့ ဆိုင်ကယ်ဖြင့် အသွား ခုံငင်း တံတား အနီးတွင် မိုင်းနင်းမိပြီး အသက် ၂၀ နှစ်အရွယ် လွေးခမ်းယဉ် နှင့် အသက် ၂၆ နှစ်အရွယ် လွေးငွေခိုင် တို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

လွေးငွေခိုင်သည် ပေါင်၊ လက်မောင်း နှင့် လည်ပင်း များတွင်မိုင်းစ ထိမှန်ဒဏ်ရာရရှိပြီး လွေးခမ်းယဉ် သည် ဦးခေါင်း နှင့် လည်ပင်းတို့တွင် ထိမှန်ကာ ယမန်နေ့ ည ၁၁ နာရီ အချိန်တွင်ပင် မန္တလေး ဆေးရုံ ၌ သေဆုံးသွားကြောင်း ကျောက်မဲမြို့ အိုမ်တမောဝ် လူမှုကူညီရေးအသင်း မှ အဘမ်းက ပြောသည်။

Photo from Tin Maung Thein Facebook/ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိသော လွေးငွေခိုင်

“ မိုင်းထိမှန်တဲ့သူတွေကို အစက ကျောက်မဲဆေးရုံပို့တယ်။ ခွဲစိတ်တဲ့ ပစ္စည်းတွေ မစုံလို့မန္တလေး ဆေးရုံကိုလွှဲပေးလိုက်တယ်။ ည ရ နာရီမှာ မန္တလေး ဆေးရုံရောက်တယ်။ မိုင်းစတွေ ဦးနှောက်ထိပြန့်သွားလို့ ည ၁၁ နာရီမှာ လွေးခမ်းယဉ် ဆုံးသွားတယ်။ နောက် တယောက်ကတော့ သက်သာတယ်။ လမ်းတောင်လျှောက် နေပြီ” ဟု အဘမ်း က ဆိုသည်။

အဆိုပါ ကျောက်မဲမြို့နယ် ခုံငင်း ကျေးရွာ အနီးတွင် မိုင်းနင်းမိသူ ၃ ဦးရှိခဲ့ကြောင်း ၊ ယခုနှစ်အတွင်း ကျောက်မဲမြို့နယ် အတွင်း မိုင်းနင်းမိ သူ ဦးရေ ၁၀ ဦး အထက် ရှိကြောင်း အဘမ်း က ပြောသည်။

“ ကျနော်တို့ လူမှုရေးအဖွဲ့ကနေ မိုင်းနင်းမိသူတွေကို ကူညီပေးခဲ့တာ ၁၀ ဦး အထက်ပါပဲ။ သံဃာတော်တွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေရော၊ ကလေးတွေပါပါတယ်” ဟု အဘမ်းက ဆိုသည်။

ကျောက်မဲမြို့နယ် အတွင်း မြန်မာ တပ်မတော်၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA)၊ သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/ SSA )၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် ( RCSS /SSA )တို့လှုပ်ရှားသွားလာပါသည်။ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှထောင်ထားသောမိုင်းမှန်းမသိရသေးပေ။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...