ကျောက်မဲမြို့နယ်အတွင်း ကျွဲတင်ယာဉ်ပစ်ခတ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် မန္တလေး မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျွဲတင်လာသည့် သုံးဘီးယာဉ်တစီး သေနတ်ပစ်ခံရပြီး ယာဉ်မောင်းတဦး ကျည်ဆံထိ သေဆုံးသွားကြောင်း သတင်းရရှိသည်။

Photo from Hsipaw Update News/ ကျောက်မဲမြို့ စခန်းသာကျေးရွာအနီးတွင် နို၀င်ဘာလ ၅ ရက် ၂၀၁၈ ကပစ်ခတ်ခံရသည့် ကျွဲတင်ယာဉ်

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ကျောက်မဲမြို့နယ် စခန်းသာ ကျေးရွာ အနီး မိုင်တိုင်အမှတ် (၁၀၃/၁) တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ကျွဲ ၂ကောင် တင်လာသည့် သုံးဘီး ယာဉ်ကို သေနတ်ဖြင့် ပစ်ကာ အသက် ၂၅ နှစ်အရွယ် သုံးဘီးယာဉ်မောင်း ထက်မြက် (ခ) ညိုလုံး ဦးခေါင်း ထိမှန်ကာ သေဆုံးသွားကြောင်း ကျောက်မဲ ဇီဝိတ လူမှု ကူညီရေးအသင်းမှ ဦးတင်မောင်သိန်း က ပြောသည်။

“ မနေ့က ည ၉ နာရီ မိနစ် ၅၀ လောက် ပစ်ခံရတာ။ ယာဉ်မောင်းက နဖူးစောင်းနဲ့ နထင်စပ်မှာ ၂ ချက်ပစ်ခံ ရတယ်။ ဖြစ်တဲ့နေရာမှာပဲဆုံးသွားတယ်” ဟု ဦးတင်မောင်သိန်း က ဆိုသည်။

Photo from Hsipaw Update News/ ကျောက်မဲမြို့ စခန်းသာကျေးရွာအနီးတွင် နို၀င်ဘာလ ၅ ရက် ၂၀၁၈ ကပစ်ခတ်ခံရသည့် ကျွဲတင်ယာဉ်

ကျောက်မဲမြို့နယ် အတွင်း နွားတင်သည့် ကားများ မကြာခဏ သေနတ်ပစ်ခံရပြီး၊ မည်သည့်လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်သည်ကို စုံစမ်းဖော်ထုတ်မှု မရရှိခဲ့ပေ။

ယခုနှစ် ဇွန် ၁၂ ရက်နေ့ တွင် တရုတ်ပြည်ပို့မည့် နွားများတင်သည့်ကားတစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်း တဦးနှင့် ယာဉ်နောက်လိုက် တဦး ဒဏ်ရာရခဲ့ကြောင်း၊ ဇွန် ၂၉ ရက်တွင်လည်း နွားတင်ကားထပ်မံ ပစ်ခတ်ခံရကာ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် ဒဏ်ရာ ရခဲ့ကြသည်။

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း အစိုးရ တပ်မတော်၊ ရဲတပ်ဖွဲ့ နှင့် အစိုးရ တပ်မတော် လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့များ အပြင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ
(RCSS/SSA)၊ တအာင်း (ပလောင် ) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ သျှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) တို့ လှုပ်ရှားနေသည့် နေရာ ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...