PNLA နှင့် RCSS/SSA တို့ မိုင်းပန်တွင် ထိတွေ့မှုဖြစ်ပွါး

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း ၀င်ရောက်လှုပ်ရှားလာသော   PNLA တပ်ဖွဲ့နှင့်  သျှမ်းပြည်တပ်မတော် RCSS/SSA တို့ တရက်အတွင်း ၂ ကြိမ် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။


အောက်တိုဘာလ ၁၆ ရက် မနက် ၅ နာရီ ၄၅ မိနစ်က   PNLA တပ်ဖွဲ့နှင့်   RCSS/SSA တို့ မိုင်းပန်မြို့နယ် နားမွန်အုပ်စု ၀မ့်မိုက်ပုတ်ရွာအနောက်ဘက် လွယ်ကောင်းမူးတွင်တိုက်ပွဲဖြစ်ပွါး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

RCSS/SSA ပြောခွင့်ရ ဒု ဗိုလ်မှူးကြီးစိုင်းဦးက – “အဲဒီဒေသမှာ RCSS/SSA ကနေ အမြဲလှုပ်ရှားနေတဲ့ဒေသဖြစ်တယ်။ PNLA တွေက လင်းခေးတောင်ဘက်ပိုင်း ကန်တူးလုံ ဘက်မှာလှုပ်ရှားတာအရင်က ။ ဒီဘက်ပိုင်းကိုသူတို့ မလာဘူး။ PNLA ဆက်သွယ်ရေးရုံးကိုဆက်သွယ်မေးမြန်းကြည့်တော့ သူတို့မသိရဘူးလို့ဖြေတယ်ဒီကိစ္စ။ တိုက်ပွဲကနေ ၂ ဖက်ထိခိုက်ဒဏ်ရာရတာတော့ရှိတယ် ။ ကျနော်တို့အတိအကျမသိရဘူး။ သူတိုကဘက်က အင်အား ၁၅ – ၁၆ ယောက်လောက်ရှိတယ်လို့ကြားရပါတယ်။” – သျှမ်းသံတော်ဆင့်အားပြောသည်။

အောက်တိုဘာလ ၁၆ ရက်တွင်ပင် အဆိုပါဒေသ၌ PNLA နှင့် RCSS/SSA တို့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွါးခဲ့ကြောင်း နားမွန်ဒေသခံများကပြောသည်။

အလားတူ မြို့တွင်းရောက် နားမွန်ဒေသခံများကမူ လက်နက်ကိုင်ဆောင်သည့်ပအို၀်းအဖွဲ့လူအင်အားအများအပြား တွေ့ရကြောင်းပြောဆိုခဲ့သော်လည်းအရေအတွက်ကိုမူအတည်ပြုချက်မရခဲ့ပေ။

Photo by SHAN/ RCSS/SSA

သျှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ Tai Freedom သတင်းဌာနကလည်း PNLA တပ်ဖွဲ့ဝင်များသည် RCSS/SSA ၏ထိန်းချုပ်နယ်မြေ ၀မ့်မိုက်ပုတ် ပန်ပိရွာပိုင်းတွင် စခန်းချလှုပ်ရှားနေကြောင်း ၊ သို့သော် RCSS/SSA ၏ ဆက်သွယ်ရေးရုံးသို့ ဆက်သွယ်အကြောင်းကြားမှုမရှိကြောင်း၊ ထို့ကြောင့်ထိပ်တိုက်ရင်ဆိုင် မှုများဖြစ်ပွါးခဲ့ရကြောင်း ၄င်းတို့၏ ၀က်ပ်ဆိုက်တွင် ရေးသားပြောဆိုထားပါသည်။

တဖက်တွင်လည်း အောက်တိုဘာလ ၁၅ နှင့် ၁၆ ရက်နေ့တွင် ပအို၀်းနှင့် သျှမ်းတပ်ဖွဲ့လက်နက်ကိုင်ထိပ်သီးခေါင်းဆောင် ၂ ဦးအပါအဝင် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ စုစုပေါင်း ၁၀ ဦးသည် NCA အပစ်ရပ်လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတက်ရောက်နေသည့်အချိန်ဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒု စစ်ဦးစီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ ပါ၀င်ပါသည်။

PNLA နှင့် RCSS/SSA တို့ ၂ ဖွဲ့လုံးသည် NAC လက်မှတ်ရေးထိုးထားသည့်အဖွဲ့များဖြစ်ကြသည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST တွင်လည်း ပါ၀င်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ကဒူးကြီးဒေသ စစ်ဘေးရှောင်များ သောက်သုံးရေအခက်ကြုံ

0
သျှမ်းပြည်တောင်ပိုင်း၊မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် နေထိုင်သည့် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် သောက်သုံးရေအခက်ကြုံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ကဒူးကြီးဒေသမှ ဒေသခံ တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး၊ ခြောက်သွေ့ရာသီရောက်ရှိလာသဖြင့် သောက်သုံးရေလည်း ခက်ခဲလာကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဉီးက...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...