ထိုင်းနိုင်ငံ၏ဒီမိုကရက်ပါတီခေါင်းဆောင် မစ္စတာအဘီစစ် ဝေ့ချာချီဝ တာဝန်မှအနားယူ

ထိုင်းနိုင်ငံ ဒီမိုကရက်ပါတီ၏ ၇ ဦးမြောက်ပါတီခေါင်းဆောင်ဖြစ်သူ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီစစ်ဝေ့ချာချီဝ သည်ပါတီခေါင်းဆောင်အဖြစ်မှ အနားယူကြောင်း ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ရာမေတ့် ရတန ဆဝိုင် က အောက်တိုဘာလ ၃ ရက်နေ့မနက်ပိုင်းက ကြေငြာလိုက်သည်။

Photo from Wikipedia / ထိုင်းနိုင်ငံ၏ဒီမိုကရက်ပါတီခေါင်းဆောင်များအနက် ၀န်ကြီးချုပ်နေရာရခဲ့ဖူးသော ခေါင်းဆောင် ၄ ဦး

လက်ရှိတွင် ပါတီ၏ ဒုတိယခေါင်းဆောင် မစ္စတာ ဆုရင်း လတ်ဆနာ ၀ိဆစ် အား ပါတီတာဝန်များကို မစ္စတာ အဘီစစ်မှ ခေတ္တ အပ်နှင်းထားပြီး ပါတီခေါင်းဆောင်အသစ် အဖြစ် အရွေးချယ်ခံရန် ၀င်ရောက်ယှဉ်ပြိုင်မည့်သူများ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေငြာထားသည်။

ထိုင်းဘာသာဖြင့် ပရချာထိပတ် ဟုခေါ်သည့် ဒီမိုကရက်ပါတီအား ၁၉၄၆ ခုနှစ်က မစ္စတာ ခုန်း အဖိုင်းဝုန်း က စတင်တည်ထောင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့်အနိုင်ရရှိကာ ပထမဆုံးအကြိမ် ထိုင်းနိုင်ငံအစိုးရ ဖြစ်ခွင့်ရခဲ့ပြီး ကနေ့အထိ ထိုင်းအစိုးရ ၆ ကြိမ်၊ အစိုးရနှင့်ပူးပေါင်းခွင့် ၄ ကြိမ် ၊ ၀န်ကြီးချုပ်အဖြစ် မစ္စတာအဘီစစ်အပါအဝင် ၄ ဦး ရရှိခဲ့ဖူးသည်။ ထို ၄ ဦးအနက် ပါတီတည်ထောင်သူ မစ္စတာ ခုန်း အဖိုင်းဝုန်း နှင့် မစ္စတာ ချွန် လစ်ပိုင်တို့မှာ ၀န်ကြီးချုပ်သက်တမ်း ၂ ကြိမ်ဆက်တိုက်စီ (တဦးလျှင် ၈ နှစ်စီ) နေရာရရှိခဲ့ဖူးသည့် နာမည်ကြီး ထိုင်းဝန်ကြီးချုပ်များ ဖြစ်ကြသည်။

ပါတီသက်တမ်း ၇၂ နှစ်ရှိ ပရချာထိပတ်ခေါ် ဒီမိုကရက်ပါတီသည် ထိုင်းနိုင်ငံတွင် သက်တမ်းအရင့်ဆုံးနှင့် ပါတီဝင် ၂ သန်းကျော်အထိရှိသော ပါတီဝင်အများဆုံး ပါတီတခုဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် သြဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်

0
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အဖြစ်မှ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ရန်ရှိနေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး သမ္မတရာထူး ရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယအကြိမ်မြောက် သွားရောက်မည့် ခရီးစဉ်...

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် EAOs နှင့် NSPNC တို့ကို အာဆီယံအထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံ

0
လက်ရှိ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ လာဇရိုသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs များနှင့် စစ်အစိုးရလက်အောက်ခံ NSPNC ကိုယ်စားလှယ်တို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်ရှိ အာဆီယံဥက္ကဋ္ဌ၏...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...