Wednesday, January 28, 2026

ထိုင်းနိုင်ငံ၏ဒီမိုကရက်ပါတီခေါင်းဆောင် မစ္စတာအဘီစစ် ဝေ့ချာချီဝ တာဝန်မှအနားယူ

ထိုင်းနိုင်ငံ ဒီမိုကရက်ပါတီ၏ ၇ ဦးမြောက်ပါတီခေါင်းဆောင်ဖြစ်သူ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီစစ်ဝေ့ချာချီဝ သည်ပါတီခေါင်းဆောင်အဖြစ်မှ အနားယူကြောင်း ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ရာမေတ့် ရတန ဆဝိုင် က အောက်တိုဘာလ ၃ ရက်နေ့မနက်ပိုင်းက ကြေငြာလိုက်သည်။

Photo from Wikipedia / ထိုင်းနိုင်ငံ၏ဒီမိုကရက်ပါတီခေါင်းဆောင်များအနက် ၀န်ကြီးချုပ်နေရာရခဲ့ဖူးသော ခေါင်းဆောင် ၄ ဦး

လက်ရှိတွင် ပါတီ၏ ဒုတိယခေါင်းဆောင် မစ္စတာ ဆုရင်း လတ်ဆနာ ၀ိဆစ် အား ပါတီတာဝန်များကို မစ္စတာ အဘီစစ်မှ ခေတ္တ အပ်နှင်းထားပြီး ပါတီခေါင်းဆောင်အသစ် အဖြစ် အရွေးချယ်ခံရန် ၀င်ရောက်ယှဉ်ပြိုင်မည့်သူများ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေငြာထားသည်။

ထိုင်းဘာသာဖြင့် ပရချာထိပတ် ဟုခေါ်သည့် ဒီမိုကရက်ပါတီအား ၁၉၄၆ ခုနှစ်က မစ္စတာ ခုန်း အဖိုင်းဝုန်း က စတင်တည်ထောင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့်အနိုင်ရရှိကာ ပထမဆုံးအကြိမ် ထိုင်းနိုင်ငံအစိုးရ ဖြစ်ခွင့်ရခဲ့ပြီး ကနေ့အထိ ထိုင်းအစိုးရ ၆ ကြိမ်၊ အစိုးရနှင့်ပူးပေါင်းခွင့် ၄ ကြိမ် ၊ ၀န်ကြီးချုပ်အဖြစ် မစ္စတာအဘီစစ်အပါအဝင် ၄ ဦး ရရှိခဲ့ဖူးသည်။ ထို ၄ ဦးအနက် ပါတီတည်ထောင်သူ မစ္စတာ ခုန်း အဖိုင်းဝုန်း နှင့် မစ္စတာ ချွန် လစ်ပိုင်တို့မှာ ၀န်ကြီးချုပ်သက်တမ်း ၂ ကြိမ်ဆက်တိုက်စီ (တဦးလျှင် ၈ နှစ်စီ) နေရာရရှိခဲ့ဖူးသည့် နာမည်ကြီး ထိုင်းဝန်ကြီးချုပ်များ ဖြစ်ကြသည်။

ပါတီသက်တမ်း ၇၂ နှစ်ရှိ ပရချာထိပတ်ခေါ် ဒီမိုကရက်ပါတီသည် ထိုင်းနိုင်ငံတွင် သက်တမ်းအရင့်ဆုံးနှင့် ပါတီဝင် ၂ သန်းကျော်အထိရှိသော ပါတီဝင်အများဆုံး ပါတီတခုဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...

ထိုင်းရောက် မြန်မာများ ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန် NUG အသိပေး

0
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ၊ စည်းကမ်းများအပါအဝင် မြန်မာနိုင်ငံသားများ လိုက်နာနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အချက် ၄ ချက်ကို ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်အသိပေး လိုက်သည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏...

ဘတ်ရိုက်ခြင်း (သို့မဟုတ်) ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြသူများ

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် Work Permit (ဝေါ့ခ်ပါမစ်) အသစ်ပြုလုပ်ပေးရန် အမည်စာရင်း တင်သွင်းနိုင်ပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ယခုအခါ အလုပ်လုပ်ခွင့်လက်မှတ် (ဝေါ့ခ်ပါမစ်) ပြုလုပ်ရန်...

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၆၂ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ကန်ချနပူရီခရိုင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက် ၉ နာရီခွဲတွင် ကန်ချနပူရီခရိုင် ဘန်ဟင်လမ် ကျေးရွာအုပ်စု အမှတ် ၅ အတွင်းရှိ တောထဲတွင် တရားမဝင်...