ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးများအား ၀ တပ်ဖွဲ့နှင့်မသက်ဆိုင်ကြောင်း ဆက်သွယ်ရေးရုံးအရာရှိပြော

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ကျန်းမြို့နယ် မယ့်ဆလောင်းနှင့် မယ့်ကျန်းကြား ထိုင်းရဲများထောင်ထားသည့်ဂိတ်မှ ယာဘ အပြားပေါင်း ၁၂ သန်းကျော် နှင့် တခြားမူးယစ်ဆေးဝါး တန်ဖိုးပေါင်းမြောက်များစွာ ဖမ်းဆီးရမိရာ မြန်မာနိုင်ငံဘက်ခြမ်း လက်နက်ကိုင်အဖွဲ့အစည်း များနှင့်ပတ်သက်ဆက်နွယ်သည်ဟုပြောဆိုလိုက်သည်။

Photo by Workpointnews/ ထိုင်းရဲများဖမ်းဆီးရမိသည့် မူးယစ်ဆေးနှင့် ယာဘ ၁၀ သန်းကျော်အား သတင်းစာရှင်းလင်းပွဲတွင်တွေ့ရစဉ်

စက်တင်ဘာလ ၂၅ ရက်နေ့က အဆိုပါမူးယစ်ဆေးများဖမ်းဆီးရမိခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့တွင် သတင်းစာရှင်း လင်း ပွဲတရပ်ပြုလုပ်ရာ ယာဘများမှာ 999 ၊ ကြယ် ၅ လုံးတံဆိပ်များဖြစ်ကြကြောင်း၊ ယာဘ ၁၂ သန်း ၄ သိန်းပြား (၆၅ အိတ်) နှင့် အိုက် ၅၁၂ ကီလိုဂရမ် ၁၃ အိတ်တို့ဖြစ်ကြပြီး မြန်မာနိုင်ငံဘက်ခြမ်း သျှမ်းပြည်အရှေ့ပိုင်း ၀ လက်နက်ကိုင်တပ်ဖွဲ့တို့နှင့် ပတ်သက်ဆက်နွယ်သည့်သူများဖြစ်ကြောင်း ထိုင်းရဲများကပြောဆိုသည်။

ထိုင်းရဲများဘက်က ဒု-ဗိုလ်မှူးကြီး ဖာနုဒိတ် ဖုန်းရွန်း က- ဒီမူးယစ်ဆေးတွေတင်တဲ့ကားမလာခင် ဆိုင်ကယ် စီးလူ ၂ ယောက် ကိုအရင် တားတယ်။ သူတို့နောက်ကနေလိုက်လာတဲ့ ဒီမူးယစ်ဆေးတင်တဲ့ကားက ဂိတ်နားအရောက် ကားပြန်လှည့်ပြီး မောင်း ပြေးတယ်။ ကျနော်တို့ဘက်က လိုက်တယ်။ လမ်းတနေရာမှာကားရပ်ပြီး ကားမောင်းသမားထွက်ပြေးသွားတယ်။ ဆိုင်ကယ်နဲ့လူ ၂ ယောက်ကိုဖမ်းထားတယ်။ ၀ တပ်ဖွဲ့နဲ့ပတ်သက်ဆက်နွယ်နေတယ် – ဟုပြောဆိုသည်။

အဖမ်းခံထားရသူ ၂ ဦးမှာ နယ်စပ်မှ အခကြေးငွေယူပြီး သယ်ဆောင်ပို့ပေးခြင်းဖြစ်ကြောင်း ပိုင်ရှင်မှန်မှာမသိဘဲ သယ်ဆောင် ခအဖြစ် ဘတ်ငွေ ၁ သောင်းရရှိကြောင်း ထိုင်းရဲများထံ ၀န်ခံပြောဆိုသည်ဟု ထိုင်းသတင်းတရပ်တွင် ဖော်ပြထားသည်။

၄င်းနှင့်ပတ်သက်ပြီး လားရှိုးအခြေစိုက် UWSA ၀ တပ်ဖွဲ့ဆက်ဆံရေးရုံးမှအရာရှိ ဦးညီရမ်း က- “ဒီကိစ္စကတော့ ယိုးဒယားကတော့ အမြဲတမ်း စွပ်စွဲနေတာ ကြာလာခဲ့ပြီ။ ဒီလိုဖမ်းမိတာနဲ့ အားလုံးကို ဝ လို့ပဲ လွှဲချနေကြတယ်။ ကျနော်တို့အနေနဲ့ ဒီကိစ္စကို မျက်စိစုံမှိတ်ပြီး ငြင်းနေတာ မဟုတ်ဘူး။ သက်သေအထောက်အထား ပြနိုင်တယ်ဆိုရင် ကျနော်တို့တောင်မှ ကျေးဇူးတင်ရဦးမယ်နော်၊ ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ ကျနော်တို့က အဆင်သင့်ပဲ။”- ဟု DVB သတင်းဌာနအား ဖြေကြားသည်။

ဖမ်းဆီးရမိထားသော ဆိုင်ကယ်သမား ၂ ဦးအား ဆက်လက်စစ်ဆေးရန် ထိန်းသိမ်းထားမည်ဖြစ်ကြောင်းထိုင်းရဲ များ ကပြောဆိုပြီး ၊တခြားထိုင်းသတင်းဌာန နောက်တခုကမူ တြိဂံတိုင်းရုံးထိန်းချုပ်နယ်မြေအတွင်းရှိ ပူနားကို လားဟူရွာအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်နေသူများဖြစ်ကြောင်း ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...