တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း ကွင်းဆင်း ထိန်းသိမ်းရေး အစိုးရအား နမ့်စန်အမတ်တိုက်တွန်း

တိုင်းရင်းသားလူမျိုးများ ၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာ ကို ပိုမိုထိရောက်သော အကာ အကွယ်ပေးရေးနှင့် တိုင်းရင်းသားများ၏အခြေချရာနေရာများသို့ တာဝန်ရှိသူအသီးသီးက စဉ်ဆက်မပြတ် ထိတွေ့ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ရေး အတွက် နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော်အမတ်က အဆိုတင်သွင်းရာ ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ကြောင်းသိရသည်။

Photo by SHAN / စက်တင်ဘာ ၁၈ ရက်နေ့ကကျင်းပသော သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်း တအာင်းတိုင်းရင်းသားများအား ကြတ်များဟု ဆိုကာ Social Media တွင် ပျံ့နေသည့်ကိစ္စပေါ်အခြေခံပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကာ အကွယ်ပေးရေးအတွက် နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ် ၁ မဲဆန္ဒနယ်မှ ဦးလင်းအောင်ဆွေ က ပြည်နယ်လွှတ်တော် ပထမရက် စက်တင်ဘာလ ၁၃ ရက်နေ့တွင်အဆိုတင်သွင်းခဲ့ပြီး ၄င်းအဆိုကို လွှတ်တော် ဒုတိယနေ့ စက်တင်ဘာ ၁၄ ရက်တွင်အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်က ပြန်လည်ဖြေကြားခဲ့ပါသည်။

နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် USDP ပါတီမှ ဦးလင်းအောင်ဆွေ က “သျှမ်းပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ရိုးရာ ယဉ်ကျေးမှု မထိခိုက်အောင် သျှမ်းပြည်မှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုငယ်တွေရဲ့ ယဉ်ကျေးမှု ကို မြှင့်တင်ပြီး ပိုမိုတိုးတက်မြင့်မားလာအောင်ဆိုပြီးတော့ ကျနော်တို့ကို ကိုယ်စားပြုပေးဖို့ဒီနေရာကို တွန်းပို့ပေးခဲ့တဲ့ တိုင်းရင်းသားပြည်သူလူထု အတွက် ရည်ရွယ်ပြီး ဒီအဆိုကို တင်သွင်းလိုက်ခြင်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

သျှမ်းပြည်နယ်အစိုးရ ဘဏ္ဍရေးဝန်ကြီး ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် ကလည်း တိုင်းရင်းသားလူမျိုးစု၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတွေကို လုံးဝမထိခိုက်အောင် ဆောင်ရွက်ပေးဖို့ ဥပဒေ၊နည်းဥပဒေနဲ့ Cyber ဥပဒေ အစ အတိအကျရှင်းလင်းဖော်ပြ ပေးသွားကြောင်း သိရသည်။

“ ကျနော့်နယ်ကတိုင်းရင်းသားတစ်စုကို Facebook Media ပေါ်မှာ သူတို့ကို မဟုတ်မမှန်တွေလုပ် လိုက်တဲ့ အတွက် ကျနော်လုံး ၀ မကျေနပ် ဘူး ။ လူမျိုးစု နဲ့ တိုင်းရင်းသားတွေအပေါ် မည်သူ့ကိုမှ ထိခိုက်မခံချင်တဲ့ စိတ်နဲ့သူတို့ကို ကာကွယ်ပေးဖို့ ပါပဲ” ဟု ဦးလင်းအောင်ဆွေ ကပြော သည်။

၄င်းအစည်းအဝေးကို ပြည်နယ်လွှတ်တော် ဥက္ကဌပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၁၂၀ ကျော်တက်ရောက်ခဲ့သည်။ အဆိုပါအဆိုအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သုံးဦး ကလည်း ထောက်ခံဆွေးနွေးရာ လွှတ်တော်ကိုယ်စားလှယ်များအားလုံး သဘောတူထောက်ခံချက်ပေးသဖြင့် အဆိုအားအတည်ပြုသွားခဲ့ကြောင်းလည်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...
Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

နမ့်စန်မြို့ ဖမ်းဆီးခံကျားဖြန့်များအတွက် အခမဲ့ ဝေပေးသည့်ထမင်းထုပ်ကို လဝကရုံးဝန်ထမ်းများ ပြန်ရောင်းစား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် ထိန်းသိမ်းခံထားရသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများအတွက် ပြည်သူမှ အခမဲ့ ဝေပေးသည့် ထမင်းထုပ်များကို လူဝင်မှုကြီးကြပ်ရေး လဝကရုံး ဝန်ထမ်းများက ပြန်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်လုပ်ကိုင်သူ...