Wednesday, January 28, 2026

မိုင်းကိုင်မြို့နယ်အတွင်းလိုအပ်နေတဲ့ ကျန်းမာရေးကြီးကြပ်ရေး ၂၀၁၈ ကုန်အထိ အစိုးရမခန့်ပေးနိုင်

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို နယ် အတွင်း လိုအပ်နေသည့် ကျန်းမာရေး ကြီးကြပ်ရေး (၂) ကို ယခု နှစ် ကုန်ပိုင်းအထိ မခန့်နိုင်သေးဘဲ လာမည့် ၂၀၁၉ ခုနှစ်တွင် ဦးစားပေး ခန့်ထားပေးသွားမည် ဟု ယမန်နေ့ ကျန်းမာရေး နှင့် အားကစား ဒုတိယ ဝန်ကြီး ဒေါက်တာ ဒေါ်မြလေးစိန် ကပြောသည်။

စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော် အစည်း အဝေးတွင် မိုင်းကိုင် မဲဆန္ဒနယ် မှ ဦးစိုင်းဆိုင်မိန်း မေးမြန်းစဉ်
Photo by : ပြည်သူ့လွှတ်တော်

အဆိုပါ ဖြေကြားချက်သည် ယမန်နေ့ (စက်တင်ဘာ ၁၂) ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် မိုင်းကိုင် မဲဆန္ဒနယ် မှ စိုင်းဆိုင်မိန်း မေးမြန်းသည့် မိုင်ကိုင်မြို့နယ် အတွင်းရှိ ဆန်ဟ နှင့် မိုင်းယွန်း ကျေးလက် ကျန်းမာရေး ဌာနခွဲ များ တွင် ကျန်းမာရေး ဝန်ထမ်းများ ထပ်မံတိုးချဲ့ ခန့်ထားပေးရန်၊ ဝန်ထမ်းအိမ်ရာများ အလုံအလောက် ဆောက်လုပ်ပေးရန် နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက် အဆောက်အဦးများ အထူးဦးစားပေး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း ကို လာရောက် ဖြေကြားခြင်းဖြစ်သည်။

ကျေးလက် ကျန်းမာရေးဌာနခွဲတွင် လစ်လပ်နေသည့် ကျန်းမာရေးကြီးကြပ်(၂) တစ်ဦးအား လတ်တလော တွင် ခန့်ထားနိုင်ခြင်းမရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ ကျန်းမာရေးကြီးကြပ်(၂) အသစ် ခန့်ထားပေးမည့်အချိန်တွင် ဦးစားပေး ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း ဒေါက်တာဒေါ်မြလေးစိန် က ဖြေကြားခဲ့သည်။

ဆက်လက်ပြီး ကျေးလက်ကျန်းမာရေးဌာန၏ စံကိုက်ဖွဲ့စည်းပုံမှာ သားဖွားဆရာမတစ်ဦး၊ ကျန်းမာရေးကြီးကြပ်(၂) တစ်ဦးသာရှိသည့်အတွက် ထပ်မံ တိုးချဲ့ ခန့်ထား ပေးနိုင်ခြင်း မရှိသေး ပါကြောင်းလည်း ဒေါက်တာ ဒေါ်မြလေးစိန် က ဖြေကြားခဲ့သည်။

ထို့ပြင် စံကိုက်ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦဆောက်လုပ်ရန်အတွက် ကျေးရွာမှ လှူဒါန်း ထားသည့် မြေကွက် ၂၀၀ ပေပတ်လည်အား ကျန်းမာရေး ဌာနပိုင်အမည်ပေါက်ရရှိသည့် အချိန်မှ စ၍ နှစ်စဉ်စီမံကိန်း၏ ရန်ပုံငွေရရှိ‌ရေးတွင် ဦးစားပေး အစီအစဉ်ဖြင့် တင်ပြဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းလည်း ဒေါက်တာ ဒေါ်မြလေးစိန် က ထပ်လောင်း ဖြေကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...

မိုင်းကိုင်မြို့နယ် SSPP တပ်စခန်းကို RCSS တိုက်ခိုက်ဟု SSPP တဖက်သတ် ထုတ်ပြန်လာ

0
သျှမ်းပြည် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ် နှစ်ခုကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော် စစ် ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း SSPP က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ထုတ်ပြန်သည်။ ယနေ့...

မိုင်းကိုင် SSPP ယာဉ်တန်းကို RCSS မိုင်းဆွဲတိုက်ခိုက်ဟုဆို၊ အပစ်ရပ်မလိုက်နာဟု နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် ဖြေရှင်းချက်ထုတ်

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ်တွင် လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့၏ စစ်ယာဉ်တန်းကို RCSS တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်လာသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခန့်တွင် မိုင်းကိုင်နှင့် ရပ်စောက်မြို့နယ်အကြား မိုင်းယွန်းကျေးရွာအုပ်စုရှိ နောင်ဟိုး(ဝၢၼ်ႈၼွင်ႁဵဝ်း)နှင့် မောက်ဆလီ(ဝၢၼ်ႈမွၵ်ႇၸလီ)ရွာအနီး...

လက်နက်ကိုင် တပ်သားစုဆောင်းမှုနှင့်နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မိုင်းကိုင် တပေါင်းပွဲ မကျင်းပ

0
သျှမ်းပြည် မိုင်းကိုင်မြို့ တွင် နှစ်စဥ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းကိုင်မြို့နယ် မွေတော်စေတီတွင် နှစ်စဥ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်၌ လက်နက်ကိုင်များမှ စစ်သားစုဆောင်းမှုနှင့် နိုင်ငံရေး မတည်ငြိမ်ကာ တိုက်ပွဲများကြောင့် ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ဒေသခံများက...

မိုင်းကိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လွယ်ယန်းကျေးရွာ ဒေသခံတစ်ဦး တောထဲသွားစဉ် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက် လွယ်ယန်းကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးသည် တောထဲ ကျွဲသွားကျောင်းချိန်တွင် လည်ပင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။ “ သူတောထဲမှာ ကျွဲသွားကျောင်းတာတဲ့။ အဲနေ့ကတည်းက ပြန်မလာတော့ဘူး။...