Saturday, April 20, 2024

အပစ်မရပ်သေးတဲ့အဖွဲ့တွေအပေါ် အပစ်ရပ် EAO က ဘာပြောလဲ…. ?

Must read

စက်တင်ဘာလ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ NCA.S-EAO ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပါတယ်။ ကျင်းပခဲ့တဲ့ ၄ ရက်တာကာလအတွင်းမှာ ဆုံးဖြတ်ချက် ၆ ချက်နဲ့ မှတ်တမ်း ရ ချက် ချမှတ်နိုင်ခဲ့ပါတယ်။ ဒီအစည်းအဝေးကနေ အပစ်မရပ်သေးတဲ့အဖွဲ့တွေကို NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ဘယ်လို သဘောထားရှိပါသလဲ။ ရှေ့ဆက်ဘယ်လိုစီစဉ်ဆောင်ရွက်ကြမှာလဲဆိုတာ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်တွေက ဘယ်ပြောကြားလိုက်ပါသလဲ။

စက်တင်ဘာလ ၁၁ ရက်နေ့ NCA.S-EAO ထိပ်သီးအစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲ

မေး။ ။ ။ ရက်ကြာကျင်းပခဲ့တဲ့ဒီအစည်းအဝေးကနေပြီးတော့ ဘာတွေများဆွေးနွေး ခဲ့ပြီး ဘာတွေများဆုံးဖြတ်ချက်ချနိုင်ခဲ့ပါသလဲ။

ဖြေ (ပဒိုစောကွယ်ထူးဝင်း) ။ ။ ကျနော်တို့ ဒီ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာ ချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းရဲ့ စုဖွဲ့မှုနဲ့ ဆောင်ရွက်မှုက အဆင့်တွေရှိပါတယ်။ ဒီလို ထိပ်သီးအစည်းအဝေးကတော့ အမြင့်ဆုံးအာဏာအရှိဆုံး အစည်းအဝေးဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော် တို့ဒီအစည်းအဝေးမှာ ထိပ်သီးအစည်းအဝေးတခုနဲ့တခုကြားမှာ တာဝန်ယူဆောင်ရွက်နေတဲ့ အစု အဖွဲ့တွေ ရဲ့လုပ်ငန်းအစီရင်ခံစာတွေတင်ပြတယ် ။ ၁ အချက်- နောက်တချက်ကတော့ PPST ကလည်း ဒီကာလမှာ သူတို့ရဲ့ဆောင်ရွက်မှုလုပ်ငန်းတွေကို ပြန်လည်တင်ပြတယ်။ အဲလိုပါဘဲ ကျနော်တို့လွန်ခဲ့တဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့လုပ် ငန်းကော်မတီဆိုတဲ့ PPWT ။ အဲတာကလည်း သူတို့ရဲ့လုပ်ငန်း ဆောင်ရွက် မှုကိုအစီရင်ခံစာပြန်တင်တယ်။ နောက်တချက်ကတော့ ကျနော်တို့ ပြည်စုငြိမ်းချမ်းရေး နိုင်ငံရေးဆွေးနွေး မှုပူးတွဲကော်မတီမှာပါ၀င်တဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအစုအဖွဲ့ ကလည်း သူတို့ရဲ့လုပ်ငန်း ကို အစီရင်ခံတယ်။ JMC နဲ့ပတ်သက်တဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ကလည်း သူတို့လုပ်ငန်း ကို အစီရင်ခံစာတင်တယ်။ ဒီအစီရင်ခံမှုအပေါ်မူတည်ပြီးတော့ကျနော်တို့ လိုအပ်တဲ့ပြင်ဆင်မှုတွေကိုသုံး သပ်ပြီးတဲ့ နောက်ပိုင်းမှာ ရှေ့လုပ်ငန်းစဉ်တွေကို ချတယ်။ ရှေ့လုပ်ငန်းစဉ်ချတဲ့နေရာမှာ ၁- ဒီလုပ်ငန်းမှာလိုအပ်တဲ့ ပြင်ဆင်ရမယ့်အချက်တွေ တဖက်နဲ့ညှိနှိုင်းပြီးရမယ့်အချက်တွေကိုလည်း ကျနော်တို့ဆွေးနွေးပြီးတော့ ဆုံးဖြတ် ခဲ့တယ်။ အဲလိုပါဘဲ ရှေ့လုပ်ငန်းစဉ်ထဲမှာလည်း ကျနော်တို့တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ထဲမှာ လက်မှတ်မရေးထိုးထားသေးတဲ့ အဖွဲ့တွေလည်း ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါလာနိုင်ဖို့အတွက် ၊ နို့မဟုတ်ရင်လည်းကျနော်တို့ရဲ့ တနိုင်ငံလုံးငြိမ်းချမ်းရေးလုပ်ငန်းမှာ သူတို့လည်းပါ၀င်ဆောင်ရွက်နိုင်ဖို့ အတွက် ကျနော်တို့ဘယ်လိုဆောင်ရွက်သွားမလဲဆိုတဲ့လုပ်ငန်းအစီအစဉ်ချမှတ်ထားပါတယ်။ ဒီနေရာမှာ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ပူးပေါင်းဆောင်ရွက်မှုက ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အခြေခံပြီးလုပ်ရမှာဖြစ်တဲ့ အတွက် သူတို့နဲ့လည်း ဆက်သွယ်ပူးပေါင်းပြီးဆောင်ရွက်သွားဖို့အတွက်ကျနော်တို့ဆုံးဖြတ်ပါတယ်။ နောက်တချက်က ကျနော်တို့က စုဖွဲ့မှုကိုပြန်ပြီးသုံးသပ်တယ်။ PPST ရဲ့အဖွင့်မိန့်ခွန်းမှာ ရဲဘော်သံခဲ ပြောသွားသလိုပါဘဲ ။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိပ်သီးအစည်းအဝေးတခုနဲ့တခုကြားထဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဦးဆောင်ဖို့အတွက် PPST အဖွဲ့ဝင်ကိုလည်းကျနော်တို့ပြန်ပြီးတော့ဖွဲ့စည်းခဲ့တယ်။ ထို့အတူဘဲ ကျနော်တို့ PPWT ဆိုတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ဖို့ အလုပ်အဖွဲ့ကိုလည်းကျနော်တို့ပြန်ပြီးတော့ ဖွဲ့ခဲ့တယ်။ ဒီမှာထူးခြားတာတခုကတော့ ကျနော်တို့စုဖွဲ့တဲ့နေရာမှာ လုပ်ငန်းတွေလည်းမြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့အတွက် PPWT နဲ့ PPST လုပ်ငန်းတွေ ဆက်စပ်နိုင်ဖို့အတွက် PPST သည် သူ့ရဲ့လမ်းညွှန်မှုပေါ်လစီပိုင်းဆိုင်ရာ မှာ လမ်းညွှန်ချက်ပေးဖို့ ဦးဆောင်ချက်ပေးဖို့ ရှေ့ဆောင်မှုပေးဖို့အတွက်ထိထိရောက်ရောက်လေးများ ဖြစ်ဖို့ PPWT ဆိုတဲ့ အဖွဲ့ဝင်ကိုကျတော့ PPST ရဲ့ အတွင်းရေးမှူးအဖွဲ့ပုံစံလိုမျိုးပေါ့လေ လုပ်ငန်းအဖွဲ့ကိုဦးဆောင်သွားမယ့်အဖွဲ့ လိုကျနော်တို့စုဖွဲ့မှုပြန်လုပ်ပါတယ်။ နောက်တချက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာအမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း ပါ၀င်လာနိုင်ဖို့အတွက် ကျနော်တို့သဘောတူထားတယ်။ မှတ်တမ်းတင်ပြီးတော့ရှေ့ဆက်ဘယ်လိုစီစဉ်သွားမလဲဆိုတာ လုပ်ငန်းစဉ်တွေလည်းချမှတ်ထားပါတယ်။

မေး။ ။ ကျနော်တို့ကြားသိရသလောက် ဒီမကြာခင်မှာ အစိုးရလွှတ်တော် တပ်မတော်ပါတဲ့ အစုအဖွဲ့ နဲ့ ဒီ PPST ရဲ့ ၁၀ ဦးပါအဖွဲ့နဲ့ တွေ့ဖို့ရှိတယ်လို့ကြားသိရပါတယ်. အဲတာကဘာအတွက်တွေ့ဖို့လဲ။

ဖြေ (ပူးဇင်ကျုံး) ။ ။ ဟုတ်ကဲ့ပါ ကျနော်တို့ဒီနေ့ လုပ်တဲ့ တတိယအကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ညီလာခံမှာ ဒီအရေးကြီးတဲ့ဆုံးဖြတ်ချက်တခု ချထားတာရှိပါတယ်။ အဲတာကတော့ ကျနော်တို့ဒီကနေ့ NCAကိုအခြေခံပြီး သွားနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ရက်တန့်နေတယ် တစ်ဆို့ နေ တယ်။ လူထုတွေ့ဆုံပွဲတွေ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ခွင့်မရတဲ့အနေအထားမှာ ကျနော်တို့ ရှေ့ဆက်သွားလို့မရတဲ့ အနေအထားတရပ်ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် တနှစ်တာ UPC ကိုရပ်နားထားတာ အားလုံးသိပြီးဖြစ် ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒါတွေကို ကျော်လွားနိုင်အောင် တခုခုတော့လုပ်သင့် တယ်လို့မြင်ပါတယ်။ UPC သွားဖို့အတွက် ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်မူ တန်းတူရည် နဲ့ခွင့်မထွက်ရဆိုတဲ့ ဟာကိုလုပ်ရမယ်။ တပ်မတော်တခုတည်းထားရှိရေးကိုလည်း ဇောင်းပေး ဆွေးနွေးရမယ်ဆိုတဲ့အနေအထားမျိုး ဖြစ်လာတဲ့ အခါကျတော့ ကျနော်တို့အနေနဲ့ရှေ့မတိုးနိုင်တဲ့အနေ အထားမျိုးဖြစ်သွားတယ်လို့မြင်ပါတယ်။ ဒါကြောင့် အောက်ခွါနဲ့သွားရတဲ့ဖြစ်စဉ်ကိုကျနော်တို့က အလုပ်လုပ်ရတာတော်တော်လေးခက်ခဲတယ်။ အဲတာကြောင့် ထိပ်ပိုင်းမှာရှိနေတဲ့တပ်မတော်ကတာဝန်ရှိပုဂ္ဂိုလ်တွေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းက တာဝန်ရှိပုဂ္ဂိုလ်တွေ တွေ့ပြီးတော့မှ အဲဒီအဖြေကိုရှာဖို့အတွက်ကျနော်တို့ ဒီကနေ့ဆုံးဖြတ် ချက်ထဲမှာ ချထားပါတယ်။ ဒါ အင်မတန်မှ အရေးကြီးတယ်လို့ကျနော်တို့ ယူဆပါတယ်။ နောက်တခု ထိပ်ပိုင်းမှာရှိနေတဲ့ ခေါင်းဆောင်တွေတွေ့ဆုံပွဲမှာလည်းဘဲ NCA ထိုးထားတဲ့အဖွဲ့ဝင်တွေမပါ၀င်တဲ့ NCA မထိုးတဲ့အဖွဲ့အစည်းတွေပါ ပါ၀င်ဖို့ရန်လိုအပ်တယ်လို့ကျနော်တို့အမြင်ရှိပါတယ်။ဒါကြောင့်ကျနော်တို့ဒီကနေ့ NCA ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့တွေကြားထဲမှာ ကျနော်တို့ဘုံသဘောထားရပ်တည်ချက်တွေ ညှိနှိုင်းလို့ရအောင် ဘုံလုပ်ငန်းစဉ်တွေချမှတ်လို့ရအောင် ဒီညီလာခံတရပ်ကိုတော့ အမြန်ဆုံး ကျင်းပသင့်တယ်လို့ကျနော်တို့ ဒီညီလာခံကချမှတ်ပါတယ်။ ဒါတွေဟာ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ချောမွေ့စေရေး၊ ရလဒ်ကောင်းတွေရစေရေး အတွက် ကျနော်တို့ဒီအစည်းအဝေးကြီးကနေပြီးတော့ ဆုံးဖြတ်ခဲ့တဲ့အချက်တွေ အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။

မေး။ ။ အပစ်မရပ်သေးတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါ၀င်လာအောင် ဆိုတော့ မရပ်သေးတဲ့အဖွဲ့တွေ UNFC ပါတယ် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေပါတယ်။ သူတို့ပါ၀င်လာအောင် ဘယ်လိုပုံစံ ပြင်ဆင်ထားပါသလဲ။ ဘယ်လိုပုံစံနဲ့သွားမလဲ။

ဖြေ (ပဒိုစောကွယ်ထူးဝင်း) ။ ။ အဲဒီကိစ္စ နဲ့ ပတ်သက်ပြီး ထိပ်သီးစည်းဝေးမတိုင်ခင်မှာလဲ ကျနော်တို့ PPST မှာဆုံးဖြတ် ထားပါတယ်။ အဖွဲ့လည်းဖွဲ့ထားပါတယ်။ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက်။ ဆိုလိုတဲ့သဘောက ကျနော်တို့ကြားထဲမှာက အမြဲတမ်းဆက်သွယ်မှု ရှိအောင်၊ တဖွဲချင်းရဲ့အစုအဖွဲ့အလိုက် အဲတာကို ကျနော်တို့ ဆောင်ရွက်ဖို့အတွက်ဘဲဖြစ်တယ်။ ကျနော်တို့ တချို့အဖွဲ့တွေအပါအဝင် UNFC နဲ့လဲတွေ့ဆုံဖြစ်ပါတယ်။ ကျနော်တို့အခုဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ဖြစ်ပေါ်မှု တိုးတက်မှုပေါ့။ ကျနော်တို့ အသေအချာရှင်းပြတယ် သူတို့အမြင်သဘောထားတွေစုတည်းတယ်။ ဒါကတချက် ။ မြောက်ပိုင်းမှာလည်း မြောက်ပိုင်းမှာပါတဲ့အဖွဲ့ဝင်အကုန်လုံး တော့ အစုအဖွဲ့တွေနဲ့မတွေ့ဖြစ်သေးပေမယ့် တဖွဲ့ချင်းစီ ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ သွားပြီးတော့ တွေ့မယ်။ နောက်တခုက ကျနော်တို့အစီအစဉ်ချမှတ်ထားတာရှိတယ်။ သူတို့ပါလာနိုင်တဲ့အနေအထားက ကျနော်တို့ဖရိမ်းဝေါက် ရီဗြူးပြန်လုပ်တဲ့ နေရာ မှာ သူတို့လည်းပါလာနိုင် ဖို့အတွက် အဲန်အယ်ဒီအစိုးရတက်လာတဲ့နောက်ပိုင်းမှာလည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အပေါ်ပြန်လည်သုံးသပ်တဲ့နေရာမှာ – အဲ့ဒီအချိန်တုန်းက ယူအဲန်အက်စီရဲ့ DPN ကိုပါ ပါ၀င်ခွင့်ရှိတယ်။ ဆိုလိုတဲ့သဘောကတော့ သူတို့ကလည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို နားလည်ခြင်း သိရှိခြင်း သူတို့လည်း ပါ၀င်ပြီးတော့ ပြင်ဆင်ရေးသားတဲ့အတွက် သူတို့လက်မှတ်ထိုးတဲ့အချိန်မှာလဲ မစိမ်းဘဲနဲ့သူတို့ပါလာနိုင်တယ်။အဲဒီနည်းလမ်းနဲ့လည်း ကျနော်တို့လုပ်ဖို့ ပြင်ဆင်ထားတယ်။ နောက်တချက်ကတော့ကျနော်တို့ပြောနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ မူလက လေ့လာသူ နောက်ဆုံး အချိန်မှာကျတော့ သူတို့လည်းပါ၀င်ဆွေးနွေးလာနိုင်တဲ့အနေအထားရှိလာ တယ်။ ကျနော့် EAO အစုအဖွဲ့ထဲမှာ။ ဆိုတဲ့သဘောက သူတို့ဒီပရောစက်မှာသူတို့ကလက်မှတ်မရေးထိုးနိုင်ပေမယ့် ပါ၀င်နိုင်တဲ့အနေ အထားရှိခြင်းအားဖြင့် ဆက်သွယ်မှုရှိလာနိုင်တယ်။ နောက်တဆင့်ကျနေ်ာတို့ကြိုးစားဆောင်ရွက်မှုက အခုက ကျနော်တို့လက်မှတ်မရေးထိုးထားသေးတဲ့ အဖွဲ့နဲ့ ထိုးထားတဲ့အဖွဲ့ ကြားထဲမှာ ဘုံရည်မှန်းချက်က တူနေတယ်။ ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်ဖို့အတွက်။ ဒါဆိုရင်ကျနော်တို့ အခြေခံမူတွေတူညီပြီးလို့ရှိရင် ဒီကြားထဲ ကျနေ်ာတို့ နားလည်မှုရှိအောင်ဘုံသဘောထား ဘုံ ရပ်တည်ချက်အဲတာတွေရှိအောင်ကျနော်တို့ ဆောင်ရွက်သွားခြင်းအားဖြင့် သူတို့လက်မှတ်မရေးထိုးနိုင်သေးပေမယ့်လည်း ဒီပရောစက်မှာ သူတို့ရဲ့ ရပ်တည်မှု သူတို့ရဲ့သဘောထား ကိုကျနော်တို့က ကိုယ်စားပြုပြီးသွားဆွေးနွေးရင် သူတို့မပါလည်း သူတို့ရဲ့ရပ်တည်ချက်ကိုကျနော်တို့သွားဆွေးနွေးပေးခြင်းအားဖြင့်ဆောင်ရွက်သွားဖို့ရည်ရွယ်ထားတယ်။ နောက်တချက်က အနာဂတ်မှာတိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေးပရောဆက်မှာပါ၀င်လာနိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါ၀င်တဲ့ အစည်းအဝေးတခုကျင်းပဖို့ ကျနော်တို့ရည်ရွယ် ထားပါတယ်။ ဒါကကျနော်တို့ ပရောစက် ဆက်သွားနိုင်မယ့်အနေအထားတခုလိုကြိုတင်ပြင်ဆင်လို့မရှိပါဘူး။

မေး။ ။ အခုဒီနှစ်ပိုင်းထဲမှ RCSS ကိုထိုးစစ်ဆင်လာတာတွေ လည်းများနေတယ်။ နောက်တခု ကေအန်ယူ တပ်မဟာ ၅ ဘက်မှာလည်းထိုးစစ်ဆင်နေတာတွေရှိတယ်။ ဒီအခြေအနေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆုတ်ယုတ် စေနိုင်မလား။ ဖြေရှင်းဖို့နည်းလမ်း ဘယ်လိုဆွေးနွေးထားကြတာတွေရှိပါသလား။

ဖြေ (ပဒိုစောကွယ်ထူးဝင်း)။ ။ ကျနော်တို့အဲဒီအပိုင်းမှာကျတော့ RCSS အပိုင်းမှာကျတော့ အတိအကျမသိရဘူး။ ကျနော် တို့အပိုင်းမှာကျတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာကျတော့ လက်နက်ကိုင်ထိတွေ့မှုတွေကတော့ လုံးဝ ချုပ်ငြိမ်းသွား တဲ့အနေအထားတော့မရှိသေးဘူး။ လျော့နည်းလာတယ်လို့တော့ပြောလို့ရပါတယ်။ လက်နက်ကိုင်ထိတွေ့မှုကနေရာတိုင်းမှာလည်းမဟုတ်ဘူး။ တချို့နေရာမှာထိတွေ့ဆက်ဆံမှုက မရှိဘူးဆိုရင် တဖက်နဲ့တဖက်နားလည်မှု လွဲတာနဲ့ဆောင်ရွက်မှုက NCA မှာပါတဲ့အတိုင်း ညှိနှိုင်းမှုမရှိရင်တော့ထိ တွေ့မှုဖြစ်မှာဘဲ။ ဒီထိတွေ့မှုတွေက ငြိမ်းချမ်းရေးပျက်အောင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ရင်တော့ နားလည်မှုလွဲလို့ဖြစ်လာတဲ့ပြသနာလို့ပြောလို့ရပါတယ်။ အထူးသဖြင့် ကေအန်ယူဘက်မှာဖြစ်နေတဲ့ ပြသနာတွေက ခုနကျနော်တပြောသလို ထိတွေ့ဆက်ဆံမှုမရှိတာ တဖက်နဲ့တဖက် ဆောင်ရွက်မှုက တဖက်ကနားလည်မှုလွဲပြီးတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ဒါမှမဟုတ်သတိပေးတဲ့အနေနဲ့ ပစ်ခတ်မှုတော့ရှိတယ်။ ဒါတွေက တဖက်နဲ့တဖက် တင်းမာမှုရှိရင်တော့ တဖက်နဲ့တဖက်ပိုမိုနား လည်မှုလွဲလာရင်တော့မကောင်းဘူးပေါ့လေ။ ဒါက ၁- ဂျေအမ်စီကတဆင့် သက်ဆိုင်ရာကိုအသိပေးတယ်။ နောက်တချက်အောက်ခြေမှာရှိတဲ့တပ်မှူးတွေကလည်း တွေ့ဆုံပြီးတော့ ဖြေရှင်းဖို့လည်း ကြိုးစားမှုအပိုင်းတော့ရှိတယ်။ မြောက်ပိုင်းမှာဖြစ်တဲ့အဖွဲ့တွေကျတော့ ကျနော်အတိအကျတော့မသိဘူး။ အထူးသဖြင့် လက်နက်ကိုင်ထိတွေ့မှုတွေဖြစ်ရတာဟာ နယ်မြေပြသနာကြောင့်။ တိတိကျကျ နယ်မြေသတ်မှတ်ထားတာမရှိသေးတဲ့အတွက်ကြောင့်ပေါ့နော်။ ဒါက ကိုယ်ရဲ့ စီမံခန့်ခွဲတဲ့ဒေသ နောက်တခုကလည်း အစိုးရကလည်း ဒါက ကိုယ့်နယ်မြေတွေအားလုံးဆိုပြီးတော့ လုပ်နေတဲ့အပေါ်မှာလည်းမူတည်တာပေါ့နော်။

မေး။ ။ ဦးသိန်းစိန်အစိုးရခေတ်တုန်းက EAO ဆွေးနွေးပွဲတွေက ပြည်တွင်းဘက်ကိုတိုး တိုး ပြီးတော့ လုပ်သွားတာများတယ်။ အခု ဒီ NLD အစိုးရလက်ထက်မှာကျတော့ ၂ နှစ်ကျော် ၃ နှစ်ကာလထဲမှာ အစည်းအဝေးက ပြည်ပမှာလုပ်တာပြန်များလာတယ်။ လက်ရှိ အစိုးရလုပ်နေတဲ့ငြိမ်းချမ်းရေးနဲ့ ဦးသိန်းစိန်အစိုးရခေတ်တုန်းက ငြိမ်းချမ်းရေးကိုပြန်ပြီးသုံးသပ်ပေးပါလားခင်ဗျ။

ဖြေ (ပဒိုစောကွယ်ထူးဝင်း)။ ။ ကျနော်တို့အစည်းအဝေးက ၂ မျိုးရှိနေတယ်။ တမျိုးကတော့ ကိုယ့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်က တဖက်တည်းဆောင်ရွက်နေတဲ့ အစည်းအဝေးနဲ့ ကျနော်တို့တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ အစည်းနဲ့အစိုးရ ၂ ဖက်ပါတဲ့အစည်းအဝေးမျိုးဆိုရင်တော့ ပြည်တွင်းမှာဘဲလုပ်တာများပါတယ်။ နေပြည်တော်တို့ ရန်ကုန်တို့။ သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလုပ်တဲ့ ကျင်းပတဲ့ အစည်းအဝေးတွေကျတော့ များသောအားဖြင့်ကိုယ့်ဒေသအတွင်းမှာ ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ဒေသ သို့မဟုတ် အိမ်နီးချင်းနိုင်ငံတွေရဲ့ ခွင့်ပြုချက်နဲ့ဆောင်ရွက်တာ။ ဒါကတော့ ပိုမိုပြီးလွတ်လပ်တယ်။ ပိုမိုပြီးတော့ ဆောင်ရွက်ရတာ အဆင်ပြေတဲ့အနေအထားမို့လို့ဖြစ်ပါတယ်။ ပိုပြီးတော့များလာတာတော့မဟုတ်ဘူး။ ၁ အချက်ကတော့ ပြောနိုင်တာက အစည်းအဝေး ကပိုများ လာတာတဲ့သဘောဖြစ်တယ်။ အစုအဖွဲ့ရဲ့လုပ်ငန်းတွေကများလာတော့ အစည်းအဝေးကပိုများလာသလို ဒီဘက်မှာများလာတဲ့သဘောဖြစ်တယ်။ ပြည်တွင်းဘက်က နည်းသွားတဲ့သဘောတော့မဟုတ်ဘူး။ ပြည်တွင်းဘက်ကလည်း အစည်းအဝေးတွေက အဆက်မပြတ်ရှိနေတယ်လို့ပြောလို့ရပါတယ်။

မေး။ ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အပစ်ရပ်၊ မရပ်အားလုံးပါတဲ့ညီလာခံကျင်းပဖို့ရှိ တယ်လို့ပြောပါတယ်။ အဲတာ ပူးပေါင်းဖို့ အဓိက ဆောင်ရွက်ထားကြတာလေးတွေဘာတွေရှိသလဲ။

ဖြေ (ပဒိုစောကွယ်ထူးဝင်း)။ ။ အမှန်ကတော ့ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဘက်က ရည်မှန်းထားတဲ့ နိုင်ငံရေးရည်မှန်းချက်ကတော့ တူတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တည်ဆောက်ဖို့အတွက်။ သို့သော်လည်းဘဲ ရပ်တည်မှုက အားလုံးက တူချင်မှတူမယ်။ ဒါကြောင့်မလို့ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းက ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တူညီတဲ့သဘောထားကိုစုစည်းဖို့ ။ ဆိုလိုတာက ဒီမိုကရေစီနဲ့ဖက် ဒရယ် မူကို ကျနော်တို့ ဘုံလက်ခံထားတဲ့ မူဘဲဆိုတာ အားလုံးက လက်ခံလို့ရှိရင်ကျနော်တို့ တဖက်နဲ့ သွားပြီးတော့ဆွေးနွေးတဲ့အခါမှာ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေရဲ့သဘောထားကို တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းတွေအားလုံးရဲ့လိုလားချက်ဖြစ်တယ်ဆိုတာကိုကျနော်တို့ ရနိုင်ဖို့အတွက်လည်းဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ လုပ်ငန်းစဉ်မှာလည်း ဘုံသဘောထား၊ ဘာဖြစ်လို့လဲဆိုတော့ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက်က ငြိမ်းချမ်းရေးဆိုလို့ရှိရင်လည်း တနိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် သူတို့ရဲ့ ဘုံသဘောထား ဘုံရပ်တည်ချက်ကို ရနိုင်ဖို့ အတွက်ဘဲဖြစ်တယ်။ NCA ဆိုတဲ့နေရာမှာ ကျနော်တိို့က လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်လို့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို NCA လမ်းကြောင်းအတိုင်းသွားဖို့ဆိုတဲ့ရပ်တည်မှုအပေါ်မှာ ဆောင်ရွက်နေတာဖြစ်တယ်။ တချို့အဖွဲ့အစည်းတွေ လက်မှတ်မထိုးရသေးပေမယ့်လည်း NCA လက်မှတ်မထိုးသေးပေမယ့်လည်း အန်စိအေ လမ်းကြောင်းသွားမယ်ဆိုတာက အဲလိုသဘောထားတော့ရှိတယ်။ တချို့အဖွဲ့တွေက NCA လမ်းကြောင်းမဟုတ်ဘဲနဲ့ တခြားလမ်းကြောင်းနဲ့သွားနိုင်တဲ့ နည်းလမ်းကိုလည်း သူတို့တင်ပြတာတွေရှိတယ်။ ဒီလိုဆိုရင် ကျနော်တို့နိုင်ငံငြိမ်းချမ်းရေးအတွက် NCA လမ်းအပြင်ဘယ်လမ်းကြောင်းက ကျနော်တို့ ရှိနိုင်တဲ့ ဖြစ်နိုင်တဲ့ လမ်းကြောင်းကိုသွားနိုင်ဖို့အတွက် အမြင်သဘောထားတွေ စုစည်းဖလှယ်တဲ့ သဘောဖြစ်ပါတယ်။

မေး။ ။ ဘယ်တော့လောက်ဖြစ်မလဲ။

ဖြေ (ပဒိုစောကွယ်ထူးဝင်း)။ ။ လွန်ခဲ့တဲ့အချိန်ကတော့ တချို့အဖွဲ့အနည်းငယ်ကလွဲလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေစုစည်းပြီးတော့ ကျင်းပခဲ့တယ်။ ဆိုလိုတာက မိုင်ဂျာယန်တို့ လိုင်ဇာတို့လို။ ဒါမယ့်အကုန်လုံးတော့ မဟုတ်ဘူး။ တချို့အဖွဲ့အနည်းငယ်ကျန်ရစ်ခဲ့တယ်။ သို့သော်လည်းလာမယ့် ဟာကတော့ အတတ်နိုင်ဆုံး အမြန်ဆုံးကျင်းပနိုင်ခွင့်ရှိရင်အကောင်းဆုံးဘဲ။ သို့သော်လည်း ပြင်ဆင်မှုတော့ရှိရမှာပေါ့နော်။ ဘာလို့လဲဆိုတော့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေစုဖွဲ့ခြင်းအားဖြင့် ဥပမာ UNFC FPNCC PPST တွေကြားထဲမှာလည်း ဆက်စပ်မှုရှိအောင် ကျနော်တို့က ပြင်ဆင်ရမှာဖြစ်သလို ဒီအဖွဲ့ကြားထဲမှာ ကျင်းပဖို့အတွက် သဘောထားတူညီ မှုရှိရင်လည်း ကျင်းပနိုင်မယ့်အနေအထားတော့ရှိတယ်။

မေး။ ။ သတ်မှတ်ထားတာရှိသလား။

ဖြေ (ပဒိုစောကွယ်ထူးဝင်း)။ ။ အတိအကျသတ်မှတ်ထားတာတော့မရှိဘူး။ သို့သော်အမြန်ဆုံးကျင်းပနိုင် အောင်ပြင်ဆင်မှုတွေလုပ်ရမယ်။

မေး။ ။ ၂၁ ရာစုပင်လုံညီလာခံတုန်းကလည်းနိုင်ငံရေးနဲ့ လုံခြုံရေးခေါင်းစဉ်ကိုမဆွေးနွေးလိုက်ရဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပြည်နယ်ဖွဲ့စည်းပုံတွေနဲ့ ပတ်သက်တယ်။ ခွဲမထွက်ရ ဆိုတာကိုလက်မှတ်ရေးထိုးရမယ်။ တပ်ပိုင်းဆိုင်ရာဆိုရင်လည်း SSR ထက် DDR ကိုပိုပြီးတော့မှ လုပ်စေချင်တယ်။ အဲလိုတွေကြားနေရတယ်။ အဲဒီဟာအတွက် ဒီအစည်းအဝေးကနေ နည်းလမ်းကောင်းလည်း ဘယ်လိုဆွေးနွေးပြီးအဖြေရထားပါသလဲခင်ဗျ။

ဖြေ(ပူးဇင်ကျုံး) ။ ။ ဟုတ်ကဲ့ပါ ။ ကျနော်ခုနတုန်းကဖြေထားတဲ့ကိစ္စနဲ့ဆက်စပ်နေပါတယ်။ ခွဲမထွက်ရနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် Package ကို UPC မှာ ၂၁ ပင်လုံမှာဆွေးနွေးလို့ မရနိုင်တော့မယ့်အနေအထားမျိုး ဖြစ်နေတယ်။ တစ်ဆို့မှုအနေအထားမျိုးကို ကျနော်တို့ရောက်နေပါတယ်။ ဒါကြောင့်ကျနော်တို့လုပ်နေတဲ့ပုံစံအတိုင်း သွားလို့မရတော့ဘူးလို့သုံးသပ်ပါတယ်။ အဲတာကြောင့်ကျနော်တို့ ဆုံးဖြတ်နိုင်တဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ အစိုးရဘက်မှာလည်း ဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်တွေပါရမယ် ။ ကျနော်တို့ ဘက်မှာလည်း ဆုံးဖြတ်ချက်ချနိုင်တဲ့ခေါင်းဆောင်တွေ ပါပြီးတော့မှဆွေးနွေးဖို့လိုမယ်။ အလွှတ်သဘော ထိုင်ပြီးတော့မှ ညှိနှိုင်းဖို့လိုတယ်လို့သဘောထားရှိပါတယ်။ အဲဒီအခါကျမှ ခုနကျနော်တို့ပြောနေတဲ့တစ်ဆို့မှုကြီးကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဆွေးနွေးမှ အဖြေရမှာဖြစ်ပါတယ်။

မေး။ ။ ထုတ်ပြန်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျူလိုင်လ ၁၃ ရက်နေ့က ဟိုဘက် ၁၀ ဦး ၁၀ ဦးနဲ့တွေ့တဲ့ဟာ ဆက်ဆွေးနွေးသွားမှာလား။ ဘယ်လိုဆက်လုပ်သွားမလဲ။

ဖြေ(ပူးဇင်ကျုံး) ။ ။ ဟုတ်ကဲ့ကျနော်တို့ အထူးသဖြင့် အဲဒီ ၅ ချက်ကိုဘဲ ဇောင်းပြီးဆွေးနွေးမှာဖြစ်ပါတယ်။ တကယ်လိုအပ်မယ်ဆိုရင် ဒီကနေ့ တစ်ဆို့နေတဲ့ကိစ္စမျိုးပေါ့လေ။ JMC မှာလည်း ဆွေးနွေးစရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဇူလိုင် ၁၃ ရက်နေ့တုန်းက နိုင်ငံတော်အတိုင်ပင်ခံနဲ့ဆွေးနွေးခဲ့တဲ့အချက် ၅ ချက်ကတော့ ကြေငြာချက်ထဲမှာပါတဲ့အချက် ၅ ချက်ကိုဘဲဆွေးနွေးမှာဖြစ်တယ်။

မေး။ ။ ဒီညီလာခံကနေပြီး ရှေ့လုပ်ငန်းစဉ်အတွက်ဘာတွေချမှတ်ပြီး ဆက်လက်လုပ်ဆောင်သွားမလဲ။

ဖြေ (ပဒိုစောကွယ်ထူးဝင်း) ။ ။ များသောအားဖြင့် ထိပ်သီးအစည်းအဝေးဆိုတာက လုပ်ငန်းစဉ် အသေးစိပ် ပလဲန်ဘယ်တော့ မှမလုပ်ပါဘူး။ လမ်းညွန်ချက်တွေဘဲပေးလာပြီးတော့ PPST ကနေပြီးတော့ ဆက်လက်ပြီးတော့ ဘယ်လို လုပ်မလဲဆိုတဲ့ အသေးစိပ် ပလဲန် လုပ်သွားမှာဖြစ်တယ်။

ဖြေ (ပူးဇင်ကျုံး) ။ ။ PPST ဆိုတာကတော့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုဘဲဇောင်းပေးပြီးတော့မှလုပ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီကနေ့ ရှေ့လုပ်ငန်းစဉ်မှာ အရေးကြီးဆုံးကတော့ ငြိမ်းချမ်းရေးကိုရှောရှောရှူရှူနဲ့ ချောချော မောမောနဲ့ဘယ်လိုသွားနိုင်မလဲဆိုတာ ကျနော်တို့လုပ်ငန်းစဉ်မှာအရေးကြီးဆုံးဖြစ်ပါတယ်။ အဲတာ ကြောင့် ဒီကနေ့ တစ်ဆို့နေတဲ့ ရှေ့မတိုးနိုင်တဲ့ကိစ္စတွေကို ဘယ်လိုကျော်လွှားရမလဲ ဆိုတဲ့ကိစ္စ ကျနော်တို့ရှေ့လုပ်ငန်း စဉ်ထဲမှာ အရေးကြီးဆုံးဖြစ်တယ်လို့ ဒီအစည်းအဝေးကြီးကနေပြီးတော့မှ ဆုံးဖြတ်တယ်။ ဒါကြောင့် အစိုးရ ဘက် ကထိပ်ပိုင်းခေါင်းဆောင်တွေ တပ်မတော်ထပ်ပိုင်းခေါင်းဆောင်တွေ တိုင်းရင်းသားထိပ်ပိုင်းခေါင်း ဆောင် နဲ့အမြန်ဆုံးတွေ့နိုင်ဖို့ လိုပါတယ်။ ထိုနည်းလည်းကောင်း ကျနော်တို့လုပ်ငန်းစဉ်ထဲမှာ တော်တော်အရေးပါတဲ့ လုပ်ငန်းစဉ်ရှိပါတယ်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုပေမယ့်တနိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါမသွားသေးပါဘူး။ သူတို့ပါသွားဖို့ရာအင်မတန်မှအရေးကြီးပါတယ်။ နိုင်ငံတော်အစိုးရနဲ့တွေ့တဲ့ပွဲမှာလည်းဘဲ အားလုံးပါ၀င်ရေးကိစ္စကိုလည်း ကျနော်တို့ တင်ပြတာရှိပါတယ်။ ဆွေးနွေးဖို့လည်း တင်ပြတာရှိပါတယ်။ ဆွေးနွေးဖို့လည်းဖြစ်လိမ့်မယ်လို့ကျနော်တို့ယူဆပါတယ်။ အဲဒီမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ပါ၀င်နိုင်ဖို့ကအင်မတန်မှ အခရာကျတယ်။ ဒါကြောင့် အီးအေအိုအဖွဲ့အစည်း ဘယ်လိုစုစည်းနိုင်မလဲ အမြန်ဆုံးဘယ်လို ။ ထိုင်ပြီးမှဆွေးနွေးနိုင်မလဲ ဆိုတာ ရှေ့လုပ်ငန်းစဉ်မှာ ချမှတ်ထားတဲ့ အထူးအရေးအပါတဲ့အချက်ပါဘဲ။

ကျေးဇူးတင်ပါတယ်။

————–၀၀၀၀၀၀၀၀၀———-

Leave a Comments

- Advertisement -spot_img

Latest article