Wednesday, January 28, 2026

အစိုးရခွင့်မပြုလျှင် CSSU အစည်းဝေးကျင်းပမည်မဟုတ်ဟု အလှည့်ကျသဘာပတိပြော

အစိုးရခွင့်မပြုလျှင် ပြသနာဖြစ်လာနိုင်သည့်အတွက် ကျင်းပမည့် CSSU အစည်းအဝေးများ ကျင်းပ တော့မည် မဟုတ်ဟု အလှည့်ကျ သဘာပတိ ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုင်ပေါင်း က သျှမ်းသံတော်ဆင့်သို့ပြောသည်။

၂၀၁၈ စက်တင်ဘာလဆန်းပိုင်းအတွင်း ကျင်းပရန်ပြင်ဆင်ထားသည့် CSSU အစည်းအဝေးအား အစိုးရက ကျင်းပခွင့်မပေးသည့်အတွက် မကျင်းပခဲ့ကြောင်း၊ အစိုးရခွင့်မပြုလျှင် နောက်နောင်တွင်လည်း အစည်းအဝေးကျင်းပတော့မည်ဟုတ်ကြောင်း စိုင်းအိုက်ပေါင်းက ပြောသည်။

ကျနော်တို့ အစည်းအဝေးလုပ်မယ်ဆိုရင်တော့ သူတို့ဆီကိုအကြောင်းကြားမှာပါ။ သူတို့ကအစိုးရကိုး။ ကျနော်တို့က ခွင့်ပြုချက်မတောင်းရင်အရင်တုန်းကကြုံခဲ့ဖူးတာကိုး။ အကြိမ်ကြိမ်တားမြစ်ခံရတယ်လေ။ ကျနော်တို့အတွက်လည်းမကောင်းဘူး။ သူတို့အတွက်လဲမကောင်းဘူး။ ဒါ့ကြောင့် ခွင့်ပြုချက်မရရင်တော့ မလုပ်တော့ဘူး – စိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်သို့ပြောသည်။

လမ်းပမ်းဆက်သွယ်ရေးခက်ခဲ့သည့်အတွက် လွယ်တိုင်းလျဲန်းတွင်လည်း သွားရောက်ကျင်းပမည် မဟုတ်ကြောင်း၊ CSSU တွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲစာချုပ် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့်အဖွဲ့ပါ၀င်နေသည့်အတွက် မည်သို့ပင်ဆိုစေ အစိုးရထံခွင့်ပြုချက်တောင်းရမည်ဖြစ်ကြောင်း၊ အစိုးရခွင့်မပြုရင်ကျင်းပမည်မဟုတ်တော့ ကြောင်းလည်းစိုင်းအိုက်ပေါင်းကပြောသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU သည် စက်တင်ဘာ ၃ – ၄ ရက်နေ့အထိ သျှမ်းပြည်မြို့တော် တောင်ကြီးတွင် အစည်းအဝေး ကျင်းပရန်စီစဉ်ထားသော်လည်း အစိုးရ က ခွင့်မပြုသောကြောင့် ဟော်တယ်၊ အစည်းအဝေးခန်ပြင်ဆင်ထားမှုအားလုံး ဖျက်သိမ်းလိုက်ရသည်။ လူထုရွေးကောက်တင်မြှောက်ထားသည့် NLD အစိုးရ လက်ထက်တွင် သျှမ်းအမျိုးသားတို့၏ အမြင့်ဆုံးအစည်းအဝေးဖြစ်သည့် CSSU အစည်းအဝေးအား ရန်ကုန်တွင်တကြိမ်၊ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်တကြိမ် အစိုးရမှ ပိတ်ပင်တားမြစ်ခဲ့သည်။ ၂၁ ရာစု ပင်လုံညီလာခံကြီးအတွက် လူထု ဆနကောက်ယူရာတွင်လည်း အစိုးရတပ်မတော်မှ အင်အားသုံးကာ ဟန့်တားခဲ့ပါသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအချင်းချင်းကြား လူ့အခွင့်အရေးချိုးဖောက်မှုကို လျစ်လျူရှုတော့မှာလား

0
သျှမ်းတောင်တန်းပေါ်မှာ ယမ်းငွေ့တွေ သေနတ်သံတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အရင်နှစ်ပေါင်းများစွာမှာတော့ ဗမာစစ်တပ်လို့ခေါ်တဲ့ လက်ရှိ စစ်အာဏာရှင် ကပဲ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ သျှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ ကြပါတယ်။ သျှမ်းပြည်မြောက်ပိုင်းမှာဆိုရင် တရုတ် - မြန်မာ...

CSSU လုပ်ငန်းစဉ်များ RCSS ခေတ္တဆိုင်းငံ့မည်

0
သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) သည် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရာမှာ ထိုက်သင့်သလောက် တိုးတက်မှုမရရှိခဲ့သဖြင့် RCSS အနေဖြင့် ခေတ္တဆိုင်းငံမည်ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၆)ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်သည် (RCSS/SSA) သည် CSSU ကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ CSSU ၏ ရည်မှန်းချက်ဖြစ်သည့် သျှမ်းတိုင်းရင်းသားများအကြား...

ဖက်ဒရယ်အခြေခံသည့် သျှမ်းပြည်ဖွဲ့စည်းပုံမူကြမ်းကို သျှမ်းပြည်တွင်းရှိ EAOs နှင့် ပါတီများ၊ CSO များ ထံသို့ CSSU ချပြမည်

0
ဖက်ဒရယ်ကို အခြေခံသည့် တန်းတူညီမျှရေး သျှမ်းပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး မူကြမ်း အတည်ပြုထားပြီး သျှမ်းပြည်တွင်းရှိ လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ CSO များကို ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU )မှ ချပြသွားရန်ရှိကြောင်း သတင်းရရှိသည်။ “၂၀၂၂ ခုနှစ်ထဲမှာ ကျနော်တို့လုပ်မယ့် လုပ်ငန်းစဉ်ကို ပြောရမယ်ဆိုရင်တော့ ဖက်ဒရယ်ကိုအခြေခံတဲ့...

သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU အစည်းအဝေး ကျားဖြူပါတီ ဥက္ကဌ မတက်ရောက်

0
၂၀၂၀ ခုနှစ် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU အစည်းအဝေးအား လက်ရှိကျင်းပနေရာမှာ အဖွဲ့ဝင်အသီးသီးမှ ခေါင်းဆောင်များအားလုံးတက်ရောက်နိုင်သော်လည်း ကျားဖြူပါတီ ဥက္ကဌ က ကျန်းမာရေးကြောင့် တက်ရောက်နိုင်ခြင်းမရှိကြောင်းကြားသိရသည်။ ကိုဗစ်ကာလ သွားလာမှုခက်ခဲသောကြောင့် CSSU အစည်းအဝေးကို ဒီဇင်ဘာ ၁၇ မှ ၁၈ ရက်နေ့ အထိ အွန်လိုင်းဖြင့်သာ ကျင်းပပြု...

CSSU ရဲ့ ၂၀၁၉ ခုနှစ် ဥက္ကဌ SSJAC အလှည့်ကျ

0
သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ နှစ်ပတ်လည်ညီလာခံကို သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ပြုလုပ်ကျင်းပခဲ့ပြီး အလှည့်ကျနာယကအဖြစ် SSJAC ဥက္ကဌကို လွှဲပြောင်းပေး အပ်လိုက်တယ်လို့သိရပါတယ်။  ၂၀၁၉ ခုနှစ် မတ်လ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ကျားဖြူပါတီရုံးခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး CSSU မှာပါဝင်တဲ့ အဖွဲ့အစည်း...