NCA လက်မှတ်ထိုး EAOs ၁၀ ဖွဲ့ချင်းမိုင်တွင်တွေ့ဆုံဆွေးနွေး

NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs ၏ ၂၄ ကြိမ်မြောက်အစည်းအဝေးကို စက်တင်ဘာလ ၆ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးကြသည်ဟုတွေ့ရသည်။

စက်တင်ဘာလ ၆ ရက်နေ့က NCA လက်မှတ်ထိုး EAOs ၁၀ ဖွဲ့ချင်းမိုင်တွင်တွေ့ဆုံဆွေးနွေ

၂၁ ရာစုပင်လုံညီလာခံတတိယအကြိမ်အစည်းအဝေးပြီးနောက်ပိုင်း လုပ်ငန်းစဉ်များပြန်လည်ဆွေးနွေး သုံးသပ်ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုင်းနိုင်ငံချင်းမိုင်မြို့ ခုမ့်ဖူးခမ်းဟိုတယ် တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကရင် KNU အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးက – “ပြောချင်တာက ဒီနေ့ ကျနော်တို့  NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေက ယူဆချက်တွေဟာ ကွာဟနေတဲ့ အခြေအနေ တချို့ရှိနေတဲ့အပေါ် ဒီကွာဟမှုတွေကို ကျနော်တို့ တိုင်တိုင်ပင်ပင် ညှိနှိုင်းသွားကြဖို့ လိုပါတယ်။ အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ရည်မှန်းချက်ဆိုတာ ကျနော်တို့အားလုုံးရဲ့ ဘုံရည်မှန်းချက် ဘုံစံနှုန်းတွေကို ရအောင် ညှိနှိုင်းသွားကြရမှာ။ “– ဟု အစည်းအဝေးအဖွင့်မိန့်ခွန်းတွင်ပြောကြားသည်။

စက်တင်ဘာလ ၆ ရက်နှင့် ရ ရက်နေ့တို့တွင် ၂ ရက်ကြာကျင်းပသည့် အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အကြိမ် အစည်းအဝေး၏ ဆွေးနွေးမှုမှ ရရှိလာသည့် အချက်များအား ပြန်လည်တင်ပြသုံးသပ်၍ လုပ်ငန်းအဖွဲ့အလိုက် ဆောင်ရွက်မှုများ၊ JMC ဆိုင်ရာ ကိစ္စများကို ဆွေးနွေး သုံးသပ်သည့်အပြင် EAOs ညီလာခံ ကြီးလည်းဆက်လက်ကျင်းပသွားမည့်အကြောင်း သဘောတူကြသည်ဟုသိရသည်။

အဆိုပါအစည်းအဝေးသို့ ကရင်မျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျံုး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော် သံခဲ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဒုဥက္ကဌ ခွန်မြင့်ထွန်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ ၁ ဦးခိုင်စိုးနိုင်အောင်၊ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူချေး၊ ကရင် ငြိမ်းချမ်းရေးကောင်စီ KNLA/PC အထွေထွေအတွင်းရေးမှူး ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဒုဥက္ကဌ ကြာဟား တို့ အပါအဝင် ခေါင်းဆောင်ကိုယ်စားလှယ် ၃၀ နီးပါး တက်ရောက်ခဲ့ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

0
ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ

0
စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ

0
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ...