RCSS နှင့် TNLA တိုက်ပွဲ ကြားညပ်သည့်ဒေသခံနှစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် ပန်လုံကျေးရွာ တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွား မှုကြောင့် ပန်လုံကျေးရွာ ဒေသခံ ၂ ဦး ကျည်ဆံထိမှန်ကာ သီပေါမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

သေနတ်ထိမှန်ဒဏ်ရာရသူ စိုင်းစံထွန်းနှင့်စိုင်းမို တို့အား သီပေါမြို့ နယ်စည်း မခြား ပရဟိတအဖွဲ့မှ ဆေးရုံသို့ ကယ်ဆယ်သယ်ဆောင်စဉ်

၂၀၁၈ ခု စက်တင်ဘာ ၃ ရက်နေ့က RCSS နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် သေနတ်ထိမှန်သည့် ပန်လုံကျေးရွာ ဒေသခံ ၂ ဦးသည် နေအိမ်မှထွက်ပြေးရန် ပြင်နေစဉ်တွင် သေနတ်ကျည်ထိမှန်သွားကြောင်း၊ အသက် ၅၀ ကျော် အမျိုးသားတဦးသည် ရင်ဘတ် ဒဏ်ရာ ရရှိပြီး၊ အသက် ၂၅ နှစ်ကျော် အမျိုးသားတဦးမှာ လက်မောင်း ဒဏ်ရာရရှိကြောင်း သီပေါမြို့ နယ်စည်း မခြား ပရဟိတအဖွဲ့ ဥက္ကဌမှ ကိုမျိုးက ပြောသည်။

“ရွာအနီးမှာ တိုက်ပွဲဖြစ်တော့ နေအိမ်ခြံဝန်းထဲကနေ ထွက်မယ့်အချိန် သေနတ်ထိမှန်တာ။ လက်မောင်း ထိမှန် တဲ့သူကိုတော့ကျည်ထုတ်ပြီးပြီ၊ ရင်ဘတ် ထိတဲ့သူက ဒီနေ့ထိ ကျည်မထုတ်ရသေးဘူး” – ဟု ကိုမျိုးက ပြောသည်။

ရင်ဘတ် ဒဏ်ရာ ထိမှန်ထားသည့် အမျိုးသား တဦးကို ယနေ့အချိန်ထိ ကျည်မထုတ်ပေးနိုင်သေးကြောင်း၊ မန္တ လေး ဆေးရုံသို့ လွှဲပေးရန် ဆောင်ရွက်ပေးနေကြောင်း၊ အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်းလည်း ကိုမျိုး က ထပ်လောင်းပြောပြသည်။

အဆိုပါ တိုက်ပွဲကြောင့် ပန်လုံကျေးရွာ သားများ အားလုံး သီပေါမြို့ပေါ်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေကြကြောင်းသိရသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း ယခုရက်ပိုင်း မြောက်ပိုင်း မဟာမိတ် တပ်မတော် နှင့် RCSS/SSA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည်။ အဆိုပါ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွင် သျှမ်းပြည် တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင်များ ပါ၀င်တိုက်ခိုက်နေသည်ဟု PSLF/TNLA တို့၏ ပြန်ကြားရေးဌာန နေ့စဉ်နှင့်အမျှ သတင်းထုတ်ပြန်နေသော်လည်း SSPP တပ်ဘက်မှ သီးခြားအတည်ပြုချက်မပေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

နမ္မတူသတ္တုတွင်း ဝန်ထမ်းအိမ်ရာများကို TNLA ကဖယ်ရှားခိုင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်ရှိ သတ္တုတွင်း ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖယ်ရှားရန် ညွှန်ကြားထားသောကြောင့် နှစ်ရှည်လများ အခြေချနေထိုင်လာသည့် အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄) ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများကို TNLA အုပ်ချုပ်ရေးအဖွဲ့က...
Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။