မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA ကြားတိုက်ပွဲများကြောင့် နမ္မတူနှင့်သီပေါသို့ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲများဆက်တိုက် ဖြစ်ပွါးခဲ့ရာ နမ္မတူမြို့နယ် နှင့် သီပေါမြို့နယ်သို့ စစ်ဘေးရှောင် ၂၀၀၀ ကျော်ရောက်ရှိနေကြောင်းသိရသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA ကြားတိုက်ပွဲများကြောင့် နမ္မတူနှင့်သီပေါသို့ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်

ပန်လုံအုပ်စု နမ့်ဆီလင်းနှင့် မန်မိုင်နောင်ငင်းရွာ၊ လွယ်ပန်ပြည့်ရွာဘက်တွင် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ရာ ပန်လုံအုပ်စုမှဒေသခံများ မန်စံမိုင်းမုအုပ်စုတွင် ၆ နေရာအပြင် သီပေါမြို့နယ် ပန်ဆပေ ၊မန်လီ ၊ အောင်မင်္ဂလာဘိုးတော် ဘုန်းကြီးကျောင်းတို့တွင် ရောက်ရှိစစ်ဘေးခိုလှုံနေကြခြင်းဖြစ်သည်။

“စစ်ဘေးရှောင်တွေက စက်တင်ဘာလ ၁ ရက်နေ့ကတည်းက တဖွဲဖွဲရောက်နေတာ ။ မနေ့ကလည်း တရက်လုံး ဒီနေ့လည်းထပ်ရောက်လာတယ်။ စုစုပေါင်း ၁၀၀၀ ကျော်ပြီ မန်စံနဲ့မိုင်းမု မှာ။ ” – ဟု စစ်ဘေးရှောင်များအား ကျန်းမာရေးအတွက်ကူညီမှုပေးနေသော နမ္မတူဒေသခံ နန်းဆိုင် ကပြောသည်။

မန်စံနှင့်မိုင်းမု တို့တွင် နမ့်ဆီလင်းရွာ၊ မန်မိုင်ရွာ၊ နားပုံရွာ၊ ဆန်ခါရွာ၊ ကောင်းဟုန်းရွာ၊ နားဟုတ်နောင်ငင်းရွာ၊ ပန်လုံ၊ ပန်ဟတ်၊ လုံမိတ်ရွာ၊ မန်စံရွာ မိုင်းမုရွာ တို့မှ ရွာသားများဖြစ်ကြကြောင်း၊ မန်စံ မြောက်ကျောင်းတွင် အိမ်ထောင်စုပေါင်း ၁၃၀၊ မန်စံဘုရားကျောင်းတွင် ၃၉ စု၊ မန်စံကမ္မဌာန်းကျောင်းတွင် ၄၈ စု၊ မန်စံ TEC ဘော်ဒါဆောင်တွင်၃၁ စု၊ မိုင်းမုဘုန်းကြီးကျောင်းတွင် မန်စံ-မိုင်းမုမှ အိမ်ထောင်စု ၃၀၀ ကျော် စုစုပေါင်းလူဦးရေ ၁၀၇၁ ဦးရှိကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့များထံမှ သိရဘည်။

“မန်စံနဲ့ မိုင်းမုကိုရောက်လာတဲ့သူတွေ ဘယ်မှ ဆက်မသွားနိုင်ဘူး။ သီပေါဘက်သွားမယ်ဆိုရင်လည်း လမ်းမှာ လက်နက်ကိုင်အဖွဲ့တွေရှိနေသေးတယ်။ လားရှိုးဖက်သွားမယ်ဆိုရင်လည်း အီနိုင်းဘက်မှာရေကြီးနေတယ်။အဲဒါကြောင့်ဘယ်မှမသွားရဲဘဲ ဒီမှာဘဲရှိနေသေးတယ်။ တိုက်ပွဲကလည်းမန်စံနဲ့သိပ်မဝေးတော့ တကယ်လို့တိုက်ပွဲပြင်းထန်လာမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲမသိတော့ဘူး။ ”- ဟု စစ်ဘေးရှောင်များကူညီရေးကော်မတီ စိုင်းဘဉာဏ်က သျှမ်းသံတော်ဆင့်အားပြောသည်။

မန်စံ-မိုင်းမုတွင်အပြင် သီပေါမြို့ ပန်ဆပေဘုန်းကြီးကျောင်းတွင် ၄၅၆ ဦး၊ မန်လီဘုန်းကြီးကျောင်းတွင် ၄၂၂ ဦးနှင့် အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းတွင် ၂၄၉ ဦး ရောက်ရှိနေကြောင်း သိရသည်။

သီပေါမြို့နယ် SNLD ကျားခေါင်းပါတီမြို့နယ် အတွင်းရေးမှူး စိုင်းလောဝ်ဆိုင်က- “အခု သီပေါ ဘိုးတော်ကျောင်း တိုက်မှာတော့ နေရာမရှိတော့ဘူး။ ပြည့်ပြီ။ ထပ်ရောက်လာရင်တော့ တာတေ ဘုန်းကြီးကျောင်းမှာ စီစဉ်ပေးရပါလိမ့်မယ်။ ဒီရောက်လာတဲ့အထဲမှာလည်း တီဘီရောဂါသည်တဦးပါလာတယ်။ အခုသူ့ကိုသီပေါဆေးရုံကိုပို့လိုက်ပြီ။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

တိုက်ပွဲကြောင့် စစ်ရှောင်သူများတွင် မန်စံကျောင်းတိုက်တွင် မျက်မမြင်တဦးနှင့် မသန်စွမ်းသူတဦး၊ မန်စံ ကမ္မဌာန်းကျောင်းတွင်မသန်စွမ်း ၃ ဦး ပါရှိကြောင်းလည်း သိရပါသည်။

နမ္မတူမြို့နယ်တွင် အစိုးရတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်တို့အကြားတိုက်ပွဲများဖြစ်ပွါးခဲ့ရာဒေသခံပြည်သူလူထုမှာတနှစ်ပတ်လုံးစစ်ဘေးရှောင်နေရသည်။ နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့်ဖြစ်ပွါးသောတိုက်ပွဲများတွင် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်း ပြည်တပ်မတော် SSPP/SSA ပါ၀င်သည်ဟု တအာင်း TNLA ပြန်ကြားရေးဌာနမှ ကြေငြာချက်များ ထုတ်ပြန် ခဲ့သော်လည်း သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်ကမူ ငြင်းချက်ထုတ်ခြင်း၊ အတည်ပြု ပြောဆိုခြင်း မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...