ကချင်ပြည်နယ် သျှမ်းများ စုပေါင်းနှစ်သစ်ကူးပွဲနှင့် စာပေဟောပြောပွဲ ဟိုပင်မြို့နယ်အတွင်း ပထမဆုံးအကြိမ်ကျင်းပ

ကချင်ပြည်နယ်အတွင်းရှိ သျှမ်းများစုပေါင်းကာ ၂၁၁၂ ခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော်ကို ဟိုပင်မြို့နယ် ၀မ့်ဆတ်ကွန်းရွာတွင် ကျင်းပရာ စာပေဟောပြောပွဲကိုပါ ပထမဆုံးအကြိမ်ကျင်းပ ခဲ့ကြောင်းသိရသည်။

ပွဲတော်ကို နို၀င်ဘာလ ၁၇ ရက်မှ ၁၉ ရက်အထိကျင်းပခဲ့ခြင်းဖြစ်ပြီး စာပေဟောပြောပွဲပါကျင်းပခဲ့ရာ သျှမ်းစာပေယဉ်ကျေးမှုအသင်းများ၊ အုပ်ချုပ်ရေးအာဏာပိုင်များအပြင် သျှမ်းစာရေးဆရာ ခူးဟင်း ကာဟန်း ကလည်း သျှမ်းနှစ်သစ်ကူးသမိုင်းနှင့် စာပေအကြောင်းခေါင်းစဉ်ပါ ၀င်ရောက်ဟောပြောခဲ့သည်။

“ကချင်ပြည်နယ်ထဲက ၉ မြို့နယ်မှာ သျှမ်းစာပေယဉ်ကျေးမှုအသင်းတွေကနေ စုပေါင်းပြီတော့ တနှစ် တနေရာစီ လည့်ပတ်ပြီး ပွဲစုပေါင်းကျင်းပဖို့ သဘောတူထားတဲ့အလျောက်ကျနော်တို့ဒီနှစ် ဟိုပင်မှာကျင်းပဖို့ အလှည့်ကျတာဖြစ်ပါတယ်။ ရထားသံရိုးပိုင်း အနေနဲ့ ပထမ ဆုံးအကြိမ်ဘဲ။ အဲဒီ့ပွဲမှာ ကျနော့်အနေနဲ့က သျှမ်းနှစ်သစ်ကူးသမိုင်းဆိုတဲ့ခေါင်းစဉ်နဲ့အတူ ပညာရေးပိုင်းဆိုင်ရာခေါင်းစဉ် ကိုဟောပြောပါတယ်။ မိမိ စာပေနဲ့ဘာသာစကားကိုအသုံးပြုပြီးတော့ ဘဝအတွက် ဗဟုသုတဆိုင်ရာ ပညာရပ်တွေကိုလေ့လာ သင်ယူ သွားနိုင်ဖို့က လူမျိုးတမျိုးအတွက်အရေးကြီးဆုံး အချက်တချက်ဖြစ်တယ်ဆိုတဲ့အကြောင်း ကျနော် ပြောကြားသွားခဲ့ပါတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

လက်ရှိတွင် သျှမ်းနှစ်သစ်ကူးပွဲတော်အား ပျော်ပွဲရွှင်ပွဲများဖြင့်ကျင်းပလျှက်ရှိကြပြီး စာပေအပိုင်းတွင် မေ့ကျန် နေကြကြောင်း ထို့အတွက် ပျော်ပွဲနှင့်အတူ သမိုင်း ဘာသာ စာပေအကြောင်းဟောပြောပွဲများ ပါတွဲလျက် ကျင်းပစေလိုကြောင်း ခူဟင်း ကာယန်းကတိုက်တွန်းခဲ့သည်။

“သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ အနုပညာ ၊ စာပေ ၊ ယဉ်ကျေးမှု ထိန်းသိမ်း ဖို့အတွက် ။ သို့ပေမယ့် အဲလိုလုပ်ရင်းလုပ်ရင်း စာပေအပိုင်းမေ့သွားကြတယ်။ နှစ်သစ်ကူးရင် ပျော်ပွဲ ရွှင်ပွဲအတွက်သက်သက်မဟုတ်ဘဲနဲ့ ဒီကနေ့ကျနော်တို့အားနည်းချက်ကဘာလဲ။ ကျနော်တိို့ နောက်ကျ နေသေးတာကဘာလဲ ဆွေးနွေးသုံးသပ်ပြီးတော့ ဥပမာ သမိုင်း၊ နိုင်ငံရေး ၊ ကျန်းမာရေး ဆေးပညာ စတဲ့ ခေါင်းစဉ်အသီးသီး တွေကို သက်ဆိုင်ရာကျွမ်း ကျင်ပညာရှင်ကြီး တွေကိုဖိတ်ပြီး ပြောခိုင်းမယ်။ နားထောင် တဲ့သူက မိမိကြိုက်တဲ့ ဘာသာရပ် ကိုရွေးပြီး သွားနားထောင်မယ်။သျှမ်းစာပေ ယဉ်ကျေး မှုအဖွဲ့ကနေပြီး အဲဒီဟောပြောခဲ့တဲ့ စာတမ်းတွေကိုစုပြီး စာအုပ်အဖြစ်ထုတ်ဝေပေးမယ်။ လူတိုင်းလက်ထဲရောက် အောင်ဖြန့် ဝေကြမယ်ဆိုရင် စာပေယဉ်ကျေးမှု ထိန်းသိမ်းရာကိုရောက်သလို သျှမ်းပြည်သားတွေလည်း ဗဟုသုတကြွယ်ဝ မယ်။ အဘက်ဘက်ကအကျိုးရှိတယ်လေနော်”- ဟု ပြောဆိုသည် ။

၂၁၁၂ ခု သျှမ်းနှစ်သစ်ကူးပွဲတော်ကို သျှမ်းပြည်တွင်းမြို့နယ်အသီးသီးတို့တွင်အပြင် စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တော၊ မုံရွာ၊ ဖောင်းပြင်၊ ရန်ကုန်၊ မန္တလေး အပါအဝင် ဂျပန်၊ ကိုးရီးယား၊ စင်္ကာပူ၊ အင်္ဂလန်၊ အမေရိကန်ရောက် သျှမ်းလူမျိုးများက အသီးသီးကျင်းပခဲ့ကြသည်။ စစ်ကိုင်းတိုင်း တမူးမြို့တွင် ကျင်းပသည့် သျှမ်းနှစ်သစ်ကူးပွဲတော်မှာ အိန္ဒိယနိုင်ငံ အာဟုံ အာသံပြည်နယ်ဘက်မှ သျှမ်းလူမျိုးများလည်း လာရောက်ပါ၀င်ပူးပေါင်းခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ...

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...