သီပေါမြို့တွင် ပထမဆုံးအကြိမ် သျှမ်းစာပေ ဆရာမွမ်းမံသင်တန်းဆင်းပွဲ သျှမ်းဘာသာ စာပေဟောပြောပွဲပူးတွဲ ကျင်းပ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် သျှမ်းစာပေ ဆရာမွမ်းမံသင်တန်းအပြီး ပထမဆုံးအကြိမ်အဖြစ် သျှမ်းဘာသာ စာပေဟာပြောပွဲတရပ်ကို နို၀င်ဘာလ ၂၁ ရက် က ကျင်းပသည်ဟုသိရသည်။

သျှမ်းစာပေသင်ကြားရေးဆရာကြီးလုံးစိုင်းဖှ၊ စာရေးဆရာနှင့်အယ်ဒီတာ ခွန်ယုံးချို၊ ကော်တိုင်းပညာရေးအဖွဲ့မှ အကြီးအကဲ ဆရာစိုင်းဘုန်းခေါင်နှင့် သျှမ်းစာပေပုရပိုက်ပညာရှင် ဆရာ မောက်သျှိုခေါ၀် တို့မှ သင်တန်းသား ဆရာ ဆရာမများ၊ တက်ရောက်သူပရိသတ်များအား စာပေဟောပြောခဲ့ခြင်းဖြစ်သည်။

စာရေးဆရာ ခွန်ယုံးချိုက – “ကျနော်က စာဖတ်ခြင်းအကျိုး ကို ပြောတယ်။ စာဖတ်ခြင်းအကျိုး ၁၀ ပါး။ စာများများဖတ်ရင် ဗဟုသုတတွေရမယ်ဆိုတဲ့အကြောင်းလေးပြောဖြစ်တယ်”- ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

အဆိုပါ ဟောပြောပွဲကို သီပေါမြို့ဘိုးတော်ကျောင်းတွင်ပြုလုပ်ခဲ့ပြီး သင်တန်းသူသင်တန်းသားများအပြင် ဒေသခံလူထုစုစုပေါင်းအင်အား ၄၀၀ ထက်မနည်းတက်ရောက်ခဲ့ကြောင်းသိရသည်။

ဆရာကြီးလုံးစိုင်းဖက သျှမ်းနှစ်သစ်ကူးဖြစ်ပေါ်လာပုံ ဆရာမောက်သျှိုခေါ၀် က လူနေမှုစရိုက်တို့နှင့် ပတ်သက်ပြီးဟောပြောသွားခဲ့ကြောင်းသိရသည်။

သီပေါမြို့နယ်အတွင်းရှိ သျှမ်းစာပေသင်ကြားရေးဆရာ ဆရာမ များအား မွမ်းမံသင်တန်းကို နို၀င်ဘာလ ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပရာ သင်တန်းသား ၁၃၈ ဦးရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

ကြောင်တွေဆီကနေ လေ့လာသင်ယူရမယ့် ဘဝနေထိုင်နည်း (၅) ချက်

0
စိတ်ဖိစီးမှုများပြားတဲ့ ခေတ်သစ်မြို့ပြလူနေမှုစနစ်ထဲမှာ ကျနော်တို့အားလုံးဟာ ပျော်ရွှင်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေကြရပါတယ်။ တခါတလေမှာ အဲဒီနည်းလမ်းတွေဟာ ဝေးဝေးလံလံမှာ ရှိနေတာမဟုတ်ဘဲ ကျနော်တို့အနားမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဆီမှာ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ကြောင်တွေဟာ သူတို့ရဲ့ သဘာဝအတိုင်း နေထိုင်ရင်းနဲ့ လူသားတွေအတွက် အရမ်းတန်ဖိုးရှိတဲ့ ဘဝသင်ခန်းစာတွေကို ပေးလေ့ရှိပါတယ်။ ကြောင်တွေဆီကနေ ကျနော်တို့ ဘယ်လို...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...

သျှမ်းပြည်တွင် ကျောင်းတက်သူ ၅ သောင်းကျော် လျော့နည်းလာ

0
သျှမ်းပြည်အတွင်း စစ်ရေးပဋိက္ခနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းတက်ရောက်သူဦးရေ ၅ သောင်းကျော်အထိ သိသိသာသာ လျော့နည်းသွားကြောင်း သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...