ချင်းမိုင်တွင် မူကထ စားရင်း တန်ဖိုးကြီး “ပုလဲ” ဟု ယူဆရသောအရာကို ပင်လယ်ခရုအတွင်းမှ တွေ့ရှိ

ချင်းမိုင်မြို့ရှိ ဈေးသည်ဇနီးမောင်နှံနှစ်ဦးသည် မိသားစုနှင့်အတူ မူကထ အကင် သွားရောက်စားသုံးစဉ် “ဟွိုင်ဝမ်” ဟုခေါ်သော ပင်လယ်ခရုအတွင်းမှ ကမ္ဘာ့အရှားပါးဆုံးနှင့် တန်ဖိုးအကြီးဆုံးစာရင်းဝင် “မီလိုပုလဲ” ဟု ယူဆရသည့် လိမ္မော်ရောင်ပုလဲတစ်လုံးကို ထူးထူးခြားခြား တွေ့ရှိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။

ချင်းမိုင်မြို့ Siriwattana ဈေး မှ ဈေးသည်အမျိုးသမီး ချာလီတာ (Ms. Chalita Phueakcharoen) ၏ ပြောပြချက်အရ ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က ၎င်းတို့ဇနီးမောင်နှံနှင့် ကလေးငယ်သည် မယ်ရင် (Mae Rim) ရှိ မူကထ ဘူဖေးဆိုင်တစ်ဆိုင်သို့ သွားရောက်စားသုံးခဲ့ကြသည်။

ခရုကင်နေစဉ်အတွင်း ချာလီတာက ၎င်း၏ခင်ပွန်းအား “ကံကောင်းလို့ ပုလဲလေးဘာလေး အထဲကတွေ့ရင် အကြွေးတွေအကုန် ဆပ်လို့ရမှာပဲ” ဟု နောက်ပြောင်ပြောဆိုခဲ့ရာ၊ ပြောပြီးပြီးချင်းမှာပင် ခင်ပွန်းဖြစ်သူက ခရုကင်ကို ဝါးမိရာမှ မာကျောသောအရာတစ်ခုကို ကိုက်မိပြီး ပြန်ထွေးထုတ်ခဲ့သည်။

ထိုအရာမှာ ခဲလုံးမဟုတ်ဘဲ လုံးဝန်းပြောင်လက်နေသည့် ပဲစေ့ခန့်အရွယ်အစားရှိ ထူးခြားသော လိမ္မော်ရောင် အရာဝတ္ထုတစ်ခု ဖြစ်နေသဖြင့် မီလိုပုလဲဖြစ်နိုင်ကြောင်း ချက်ချင်း သံသယဝင်ခဲ့ကြသည်။

၎င်းဈေးသည်အမျိုးသမီးသည် ပြည်တွင်းပြည်ပသတင်းများကို စဉ်ဆက်မပြတ် ဖတ်ရှုလေ့ရှိသူဖြစ်သဖြင့် ၎င်းပုလဲ၏ ထူးခြားသော ပုံသဏ္ဍာန်နှင့် တောက်ပမှုကို ကြည့်ကာ မီလိုပုလဲအစစ်အမှန်ဖြစ်မည်ဟု ယုံကြည်နေသည်။

လက်ရှိတွင် ၎င်းပုလဲအား တရားဝင်ကျောက်မျက်ရတနာ အသိအမှတ်ပြုချက်ရယူနိုင်ရန် ထိုင်းနိုင်ငံ ကျောက်မျက်နှင့် ရတနာကုမ္ပဏီအဖွဲ့ (GIT) သို့မဟုတ် အခြားသော ကျွမ်းကျင်သူများထံ ပေးပို့စစ်ဆေးရန် ပြင်ဆင်လျက်ရှိသည်။

မီလိုပုလဲအစစ်အမှန်အဖြစ် စစ်ဆေးတွေ့ရှိပါက မိသားစု၏ အကြွေးများကို ဆပ်နိုင်ရန်အတွက် စိတ်ဝင်စားသည့် စုဆောင်းသူများထံ ချက်ချင်း ပြန်လည်ရောင်းချသွားရန် အသင့်ရှိကြောင်း သိရသည်။

မီလိုပုလဲများသည် လူသားများက မွေးမြူဖန်တီး၍မရဘဲ ပင်လယ်ခရုများမှ သဘာဝအတိုင်းသာ ဖြစ်တည်လာသည့် ကမ္ဘာပေါ်တွင် အရှားပါးဆုံးနှင့် စျေးအကြီးဆုံး ကျောက်မျက်ရတနာများ ဖြစ်ကြသည်။

၎င်းတို့၏ ထူးခြားချက်မှာ ကြွေထည်ကဲ့သို့ ပြောင်လက်ချောမွေ့ပြီး မျက်နှာပြင်ပေါ်တွင် “မီးတောက်ကဲ့သို့” အရောင်အဆင်းများ ရှိနေတတ်ခြင်း ဖြစ်သည်။

အရောင်အသွေးအားဖြင့် အဝါဖျော့၊ အညိုရောင်မှသည် လိမ္မော်ရောင်အထိ ရှိတတ်ပြီး၊ ကမ္ဘာတစ်ဝန်းရှိ ကျောက်မျက်စုဆောင်းသူများ အလိုချင်ဆုံးနှင့် တန်ဖိုးအမြင့်မားဆုံးအရောင်မှာ မှည့်နေသော သင်္ဘောသီးအရောင်ကဲ့သို့ စူးရှတောက်ပသည့် လိမ္မော်ရောင် ဖြစ်ကြောင်း သိရသည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်လဝကမှ ပျံကျဈေးများကို ပိတ်ဆို့စစ်ဆေး၊ မြန်မာဈေးသည် ၉ ဦးထပ်မံဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ချင်းမိုင်မြို့တွင်းရှိ Tha Sala နယ်မြေ ပျံကျဈေးဆိုင်ခန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ဈေးသည် ၉ ဦးအပါအဝင်၊ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း Chiang Mai Immigration မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...