ချင်းမိုင် အလှပြင်ဆိုင်တစ်ခုတွင် လုပ်ပိုင်ခွင့် ကျော်လွန်သည့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

ချင်းမိုင်မြို့ မြန်မာနိုင်ငံသားတစ်ဦး တရားမဝင် အလှပြင်ဆိုင်ဖွင့်လှစ်ကာ လုပ်ကိုင်နေကြောင်း ပြည်သူလူထု၏ သတင်းပေးချက်အရ သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး၊ ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် မြန်မာလုပ်သားတစ်ဦးနှင့် အလုပ်ရှင်ကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။

ယနေ့ (မေလ ၂၆ ရက်) နံနက် ၁၁ နာရီခန့်တွင် ချင်းမိုင်မြို့ အလုပ်အကိုင်ရှာဖွေရေးရုံးနှင့် ချင်းမိုင်လူဝင်မှုကြီးကြပ်ရေး၊ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ပူးပေါင်းကာ ပါဒက် တိုက်နယ်ရှိ အဆိုပါ စီးပွားရေးလုပ်ငန်းကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးမှုအတွင်း အလုပ်ရှင် ထိုင်းနိုင်ငံသား ၁ ဦးနှင့် နိုင်ငံခြားသား မြန်မာလုပ်သား ၁ ဦးတို့ကို ဖမ်းဆီးခဲ့သည်။

အာဏာပိုင်များ၏ စစ်ဆေးချက်အရ မြန်မာနိုင်ငံသား လုပ်သားမှာ ခွင့်ပြုထားသော အခွင့်အရေးအတိုင်းအတာထက် ကျော်လွန်၍ လုပ်ကိုင်ခြင်း၊ အလုပ်ရှင်ကို နိုင်ငံခြားသားတစ်ဦးအား ခွင့်ပြုထားသော အခွင့်အရေးအတိုင်းအတာထက် ကျော်လွန်၍ အလုပ်လုပ်ကိုင်ခွင့်ပြုခြင်း စသည့် ဥပဒေများဖြင့် အရေးယူထားကြောင်းသိရသည်။

ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေအရ ၎င်းဥပဒေချိုးဖောက်မှုများအတွက် ပြစ်ဒဏ်များမှာ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရနိုင်သည့်အပြင် မိမိနိုင်ငံသို့ ပြည်နှင်ဒဏ် (Deportation) ပေးခြင်း ခံရနိုင်သည်။

ထိုင်း အလုပ်ရှင်များအနေဖြင့် တရားမဝင်လုပ်သား ခန့်ထားလျှင် တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ငွေဆောင်ရမည် ဖြစ်သည်။

အကယ်၍ ထပ်မံပြစ်မှုကျူးလွန်ပါက ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခံရမည့်အပြင် နိုင်ငံခြားသားလုပ်သား ငှားရမ်းခွင့်ကိုပါ ယာယီပိတ်ပင်သွားမည် ဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ နှစ်ဦးစလုံးကို ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ထိရောက်စွာ အရေးယူနိုင်ရန် ချင်းမိုင်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းအပ်နှံထားပြီး ဖြစ်သည်။

ချင်းမိုင်ပြည်နယ် အလုပ်အကိုင်ရှာဖွေရေးရုံးကလည်း လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားသားလုပ်သား ငှားရမ်းခြင်းဆိုင်ရာ ဥပဒေများကို တိကျစွာလိုက်နာကြရန် အလေးအနက် သတိပေးထားပြီး၊ မိမိတို့ပတ်ဝန်းကျင်တွင် ဥပဒေချိုးဖောက်သည့် သဲလွန်စများတွေ့ရှိလျှင် သက်ဆိုင်ရာဌာနများထံ ချက်ချင်း သတင်းပေးပို့ကြရန် ပြည်သူလူထုကို တိုက်တွန်းထားသည်။

ကိုးကား – เสพข่าวเชียงใหม่ (Chiang Mai News)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်လဝကမှ ပျံကျဈေးများကို ပိတ်ဆို့စစ်ဆေး၊ မြန်မာဈေးသည် ၉ ဦးထပ်မံဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ချင်းမိုင်မြို့တွင်းရှိ Tha Sala နယ်မြေ ပျံကျဈေးဆိုင်ခန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ဈေးသည် ၉ ဦးအပါအဝင်၊ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း Chiang Mai Immigration မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...