PM 2.5 ကြောင့် ပြင်းထန်အဆုတ်ရောဂါဖြစ်ပွားမှု မြှင့်တက်လာကြောင်း ချင်းမိုင်ဆရာဝန်သတိပေး

ထိုင်းနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသော လေထုညစ်ညမ်းမှု PM 2.5 နှင့် အဆိပ်ငွေ့၊ မီးခိုးငွေ့များကြောင့် ပြင်းထန်သည့် အဆုတ်ရောဂါအခြေအနေများဖြစ်ပေါ်လာကြောင်း ချင်းမိုင်တက္ကသိုလ်မှ ဆရာဝန်တစ်ဦးက သတိပေးကြောင်း ထိုင်းသတင်းဌာန The Thaiger တွင်ဖော်ပြသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်တွင် ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ၊ အရေးပေါ်ကုသမှုနှင့် ဓာတ်မတည့်မှုဆိုင်ရာ အထူးကုနှင့် တွဲဖက်ပါမောက္ခ ဒေါက်တာ Atikun Limsukon က လူမှုကွန်ရက်ပေါ်တွင် PM 2.5 နှင့် ဆက်စပ်သည့် ပြင်းထန်သော အဆုတ်ရောဂါဖြစ်စဉ် နှစ်ခုအားမျှဝေခဲ့သည်။

ပထမဖြစ်စဉ်တွင် ထိုင်းနိုင်ငံ မြောက်ပိုင်း ပိုင် (Pai) နှင့် ချင်းမိုင်သို့ လာရောက်လည်ပတ်ခဲ့သည့် အသက် ၁၉ နှစ်အရွယ် နိုင်ငံခြားသားခရီးသွားတစ်ဦးအကြောင်းဖြစ်သည်။

ထိုသူသည် နာတာရှည်ရောဂါမရှိ၊ ဆေးလိပ်သောက်လေ့မရှိဘဲ ပြင်းထန်သောအဆုတ်ရောင်ဝေဒနာ ခံစားခဲ့ရသဖြင့် အောက်ဆီဂျင်ပမာဏ (high-flow oxygen) မြင့်မားစွာပေးခဲ့ရပြီး၊ ပိုးသတ်ဆေးနှင့် စတီးရွိုက် (steroids) များဖြင့် ကုသခဲ့ရသည်။

လက်ရှိတွင် လူနာသည် ပြန်လည်သက်သာလာပြီဖြစ်သော်လည်း ဆက်လက်စစ်ဆေးချက်များအရ သွေးဖြူဥတစ်မျိုးဖြစ်သော eosinophils များ မြင့်တက်နေပြီး ၎င်းသည် ရုတ်တရက် အဆုတ်ရောင်ခြင်း (acute eosinophilic pneumonia) ဖြစ်ပြီး၊ အချိန်တိုအတွင်း အဆိပ်ငွေ့အမြောက်အမြား ရှူရှိုက်မိခြင်းကြောင့် ဖြစ်နိုင်ခြေအလွန်များကြောင်း၊ အထူးသဖြင့် ဆေးလိပ်ပုံမှန်မသောက်သူများတွင် ဖြစ်လေ့ရှိကြောင်း ဆရာဝန်က ရှင်းပြသည်။

အလားတူ လွန်ခဲ့သည့် ၅-၆ နှစ်ခန့်တည်းက တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အဆုတ်ဆေးခြင်းပြုလုပ်ရန် လိုအပ်သည့်လူနာတစ်ဦးမှာ နောက်ဆုံးအကြိမ်အဆုတ်ဆေးပြီး ၂ လမပြည့်မီအချိန်တွင်း အသက်ရှူလမ်းကြောင်း ပျက်စီးကာ အသက်ရှူပိုက်ထည့်ရန် လိုအပ်သည့်အခြေအနေဖြင့် ဆေးရုံသို့ ပြန်လည် ရောက်ရှိလာကြောင်း ဖော်ပြထားသည်။


၎င်းသည် နှစ်ကာလရှည်စွာ PM2.5 နှင့် လေထုညစ်ညမ်းမှုဒဏ် ခံခဲ့ရမှုကြောင့် အဆုတ်အတွင်း ပရိုတင်းဓာတ် ပုံမှန် မဟုတ်သည့် အခြေအနေရှိသည့် လူနာတစ်ဦးဖြစ်သည်။ ကုသမှုပြုလုပ်နေသည့်အချိန်အတွင်း ထွက်လာသော အရည်များမှာ သွေးများပါဝင်လာသည့်အတွက် ယခင်ထက်ပို၍ အဆုတ်ယောင်ရမ်းနေသည်ကို ဖော်ပြနေကြောင်း ဆရာဝန်က ဆိုသည်။

မြူခိုးရာသီမဟုတ်သည့် အချိန်များတွင် အဆိုပါလူနာသည် အသက်ရှူလမ်းကြောင်း မပျက်စီးဘဲ ကုသမှုတစ်ခုနှင့်တစ်ခုအကြား လပေါင်းများစွာ ခံနိုင်လေ့ရှိသည်ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။
ယခုဖြစ်စဉ်တွင် အဆုတ်အတွင်း သွေးယိုစီးမှုများပြားခြင်းနှင့် အသက်ရှူပြွန်အတွင်း ချွဲသလိပ်များ များပြားလာခြင်းက အဆုတ်ဒဏ်ရာရရှိမှု ပိုမိုပြင်းထန်ကြောင်း ပြသနေသည်။

လက်ရှိအချိန်အထိ ချင်းမိုင်မြို့နယ်အတွင်း PM2.5 ပမာဏမှာ စိုးရိမ်ရသည့်အခြေအနေတွင် ဆက်ရှိနေပြီး နေရာတော်တော်များများတွင် မီးခိုးငွေ့များဖုံးလွှမ်းကာ မြင်ကွင်းများ ဝေဝါးနေသည့်အခြေအနေရှိနေသေးသည်။

ထိုင်းနိုင်ငံ၏ လေထုအရည်အသွေးမှာ သိသိသာသာ ဆိုးရွားလာပြီး မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ခရိုင် ၄၂ ခုတွင် PM2.5 ပမာဏမှာ ဘေးကင်းလုံခြုံသည့် အဆင့်ကို ကျော်လွန်နေပြီဖြစ်ကြောင်း မိုးလေဝသခန့်မှန်းချက်များက သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်လဝကမှ ပျံကျဈေးများကို ပိတ်ဆို့စစ်ဆေး၊ မြန်မာဈေးသည် ၉ ဦးထပ်မံဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ချင်းမိုင်မြို့တွင်းရှိ Tha Sala နယ်မြေ ပျံကျဈေးဆိုင်ခန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ဈေးသည် ၉ ဦးအပါအဝင်၊ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း Chiang Mai Immigration မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...