မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုမရှိ၊ မဲတိုကင်ကတ်များကို အိမ်ထိ လိုက်ပေးနေ

သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လူထုစိတ်မဝင်စားဘဲ မဲတုံကင်ကတ်များကို အိမ်တိုင်ရာရောက် လိုက်ဝေပေးနေရကြောင်း စုံစမ်းသိရသည်။

လာမည့် (ဇန်နဝါရီလ ၂၅ ရက်)တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်လည်း ပါဝင်ပါသည်။

မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းကို လူထု စိတ်ဝင်စားမှု မရှိသည့်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာ‌ရောက် မဲနံပါတ် (တုံကင်ကတ်) များကို လိုက်ဝေပေးနေကြောင်း မိုင်းရှူးမြို့ဒေသခံ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့ထဲမှာတော့ ရွေးကောက်ပွဲအတွက် လူထုစိတ်ဝင်စားမှု နည်းကြတယ်။ မဲတုံကင်ကတ် ယူဖို့တောင် လူတွေကလည်း စိတ်မဝင်စားကြတော့ အုပ်ချုပ်ရေးမှူးက အိမ်ထိ မဲတုံကင်ကတ် လိုက်ပေးနေတယ်။ လာပေးရင်းနဲ့ ဇန်နဝါရီလ ၂၅ ရက်မှာ မဲသွားထည့်ဖို့အတွက် ပြောတာပေါ့”ဟု မိုင်းရှူးမြို့ဒေသခံ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

ပုံစာ – ဇန်နဝါရီလ ၂၁ ရက် မိုင်းရှူးမြို့နယ် စစ်ကော်မရှင် လက်အောက်ခံများက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အသိပညာပေး ဟောပြောပွဲလုပ်နေပုံ

ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၀ နာရီဝန်းကျင်တွင် မိုင်းရှူးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများက ရွေးကောက်ပွဲတွင် မဲထည့်ကြရန် ရပ်ကွက်ထဲ လိုက်လံဆော်ဩနေကြောင်း မိုင်းရှူးမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

“ခရိုင်ထွေအုပ်နှင့် မြို့နယ်ထွေအုပ်တွေက မနက် ၁၀ နာရီ အိမ်တိုင်းကို အစည်းအဝေး ခေါ်တာ။ ပါတီဝင်တွေကိုယ်စား လိုက်စည်းရုံးပေးတာတော့ မဟုတ်ဘူးတဲ့၊ ဒါပေမဲ့ သူတို့က အိမ်တိုင်း မဲလာထည့်ရမယ် လို့တော့ ပြောသွားတယ်။ အရင် ရွေးကောက်ပွဲတွေတုန်းက အဲ့လိုတွေ လိုက်စည်းရုံးတာမျိုး မရှိခဲ့ဖူးဘူး”ဟု ၎င်းဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

မိုင်းရှူးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် မဲရုံစောင့် တာဝန်ကျမည့် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများကို ဇန်နဝါရီလ ၁၈ ရက်မှ စပြီး ရွေးကောက်ပွဲအတွက် ကြိုတင်မဲများ ထည့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
“မြို့ထဲမှာလည်း အစိုးရဝန်ထမ်းတွေက စာသင်ကျောင်းတွေမှာ မဲသွားပေးနေကြတယ်။ ရွာမှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေကလည်း ရွာမှာပဲ ထည့်ရတယ်၊ ဝန်ထမ်းတွေကို အကုန် မဲပေးခိုင်းနေတာပေါ့”ဟု မိုင်းရှူးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) နှစ်ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ၃ တွင် သျှမ်းပြည်အတွင်း မြို့နယ် ၉ မြို့နယ် ပါဝင်ပြီး မက်မန်း၊ ပင်လောင်း၊ ညောင်ရွှေ၊ ဖယ်ခုံ၊ မိုးနဲ၊ ကျေးသီး၊ မိုင်းရှူး၊ သီပေါနှင့် ကျောက်မဲမြို့နယ်တို့ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

သျှမ်းပြည် အချို့မြို့နယ် စက်သုံးဆီ စတင်ပြတ်လပ်

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့တွင် စက်သုံးဆီ စတင်ပြတ်လပ်လာပြီး အချို့ဆိုင်များအကန့်သတ်ဖြင့်ရောင်းကာ ဓာတ်ဆီတစ်လီတာလျှင် ၅၀၀၀ ကျပ် အထိရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၄ ရက်) မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...