ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် စစ်ဆေးတင်းကြပ်နေပြီး မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း လားရှိုး-လောက်ကိုင် ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ သိရသည်။

“ကွမ်းလုံတံတားမှာတော့ ကိုးကန့်မှတ်ပုံတင် မရှိရင် ပေးမဖြတ်ဘူး ပြောကြတယ်။ ဗမာလူမျိုး ခရီးသည် တင်မယ်ဆိုရင် သိန္နီမှာ ထောက်ခံစာ ယူလာရတယ်၊ အဲ့လိုမဟုတ်ရင် ကွမ်းလုံတံတားမှာ ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းတယ်။ SR-1 နံပါတ်ပြား မရှိရင် ပေးမဖြတ်တာ၊ မရှိရင် အဲ့လိုင်စင် လုပ်ရဖို့ ယွမ်ငွေ တစ်ထောင်ကျော် ပေးရတယ်။ အဲ့ကတ်ရမှ ပေးသွားတယ်၊ စစ်လို့ မရှိရင် လှည့်ပြန်ရတယ်” ဟု အဆိုပါယာဉ်မောင်း အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ လောက်ကိုင်မြို့ဘက် ပြေးဆွဲနေသည့် ခရီးသည်ယာဉ်လိုင်းများလည်း MNDAA ထုတ်ပေးသည့် SR-1 ယာဉ်လိုင်စင် ရရှိရန် ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်းများ ပြုလုပ်ရပြီး လိုင်စင်ကြေး အပါအဝင် ယွမ်ငွေ ၁၂၀၀ မှ ၁၅၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၇ သိန်းမှ ၈ သိန်းခွဲကျော်) ပေးဆောင်ရကြောင်း သိရသည်။

ထို့အပြင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ် ဟိုပန်မြို့၊ ပန်ဆန်းမြို့ဘက်သို့ သွားရောက်လိုပါက MNDAA ထုတ်ပေးသည့် SR-1 ယာဉ်လိုင်စင် သို့မဟုတ် UWSA ထုတ်ပေးသည့် ယာဉ်လိုင်စင် တစ်မျိုးမျိုး ရှိမှသာ ဖြတ်သန်း သွားလာခွင့်ပြုကြောင်း ယာဉ်မောင်းများက ပြောသည်။

“ဟိုပန်မှာကတော့ ‘ဝ’လိုင်စင်နဲ့ SR-1 လိုင်စင်မရှိရင် အုံနာဘုတ်နဲ့ ပေးဝင်တယ်။ ‘ဝ’နံပါတ်ပြား လုပ်ရင်တော့ တရုတ်ယွမ် ၈၀၀ ကနေ စပေးရတယ်။ ကိုးကန့် ဒါမှမဟုတ်ရင် ‘ဝ’ဘက်က ထုတ်ပေးတာ တစ်ခုခု ရှိရမယ် အဲ့လိုပေါ့။ အခုကတော့ သူတို့နံပါတ်ပြားကို မတပ်ရဲလို့ အရင်လိုင်စင် နံပါတ်ပြားပဲ တပ်ထားတယ်” ဟု လားရှိုး-ပန်ဆန်း-ကျိုင်းတုံ ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ထပ်လောင်းပြောသည်။

လတ်တလောတွင် ခရီးသည်တင် ယာဉ်လိုင်းများကို MNDAA ဘက်မှ ကားသေးတစ်စီးလျှင် ခရီးသည် (၄) ဦးထက် ပို၍ တင်ဆောင်ခွင့်မပြုဘဲ ကားအမိုးပေါ်တွင် ပစ္စည်းအများအပြား တင်ဆောင်ခြင်းကိုလည်း ကန့်သတ်ထားခြင်းကြောင့် ယာဉ်မောင်းများမှာ တွက်ချေမကိုက်၍ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

MNDAA ထုတ်ပေးသည့် အထူးဒေသ(၁) ဒေသခံစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းဖြင့် မြန်မာ-တရုတ်နယ်စပ်ရှိ မုံးကိုးနှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များတွင် MNDAA ၏ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်များ ထပ်မံပြုလုပ်နိုင်ပြီး တရုတ်အစိုးရ ခွင့်ပြုချက်ဖြင့် တရုတ်နိုင်ငံ မံစီမြို့နယ်အထိ ဝင်ထွက်သွားလာနိုင်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် TNLA နှင့် MNDAA ပြုလုပ်ပေးသည့် ယာဉ်လိုင်စင်များ၊ မှတ်ပုံတင်များနှင့် အိမ်ထောင်စုစာရင်းများမှာ ၎င်းတို့ ထိန်းချုပ်နယ်မြေ၌သာ အကျုံးဝင်ပြီး၊ အခြားမြို့များသို့ သွားလာလျှင် စစ်ကော်မရှင် လက်အောက်ခံများ၏ စစ်ဆေးမေးမြန်းမှုကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...