မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း ၎င်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတဆင့် ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်) တွင် ပုံနှင့်တကွ ပြန်လည်မျှဝေထားသည်။

အလားတူ ဖြစ်စဉ် အစအဆုံး ရေးသားထားပြီး စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ထံ အမှုဖွင့် တိုင်ကြားထားသည့် တိုင်ကြားစာကိုလည်း ၎င်းဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ အဆိုတော် ရှင်မင်းမြတ် သည် မိတ်ဆွေတစ်ဦးထံမှ မင်္ဂလာပွဲကိစ္စဖြင့် ဖိတ်ကြားခံခဲ့ရပြီး ဇန်နဝါရီလ (၄) ရက်တွင် ရန်ကုန်၊ မန္တလေးမှတဆင့် မူဆယ်မြို့သို့ ၎င်းတို့စီစဉ်ပေးသည့် လေယာဉ်နှင့် ကားခရီးစဉ်ဖြင့် လိုက်ပါခဲ့ကြောင်း အဆိုပါ တိုင်ကြားစာအရ သိရသည်။

ဇန်နဝါရီလ (၅) ရက်နေ့တွင် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်ရှိ ဟော်ရှင်းဟိုတယ်သို့ ရောက်ရှိပြီးနောက် မင်္ဂလာပွဲ ကျင်းပမည့်နေရာ သွားရောက်ကြည့်ရှုလိုကြောင်း ပြောကြားခဲ့ရာ ပြည်သူ့စစ်တစ်ဦး အပါအဝင် အမျိုးသား (၄) ဦးမှ လာရောက်ခေါ်ယူခဲ့ပြီး လူရှင်းသည့် လမ်းကြားသို့ ကားတင်ခေါ်ဆောင်သွားခံရကြောင်း ရေးသားထားသည်။

ထို့နောက်တွင် ကားတင်ခေါ်ဆောင်လာသည့် အမျိုးသားများမှ အဆိုတော် ရှင်မင်းမြတ် နှင့် ၎င်းမိတ်ဆွေတစ်ဦးတို့ကို အနက်ရောင်အိတ်ဖြင့် ခေါင်းစွပ်ကာ လက်ထိပ်ခတ် ချည်နှောင်၍ ကျားဖြန့်ဂိုဏ်းတစ်နေရာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

အဆိုပါနေရာတွင် ၎င်းတို့နှစ်ဦး အကြမ်းဖက် ရိုက်နှက်ပြီး ခြေထောက်ဖြင့် ကန်ခြင်း၊ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခံခဲ့ရပြီးနောက် ကျပ်ငွေ သိန်း ၇၀၀၀ အတင်းအကြပ် တောင်းဆိုခံခဲ့ရပြီး နောက်ဆုံးတွင် ကျပ်ငွေ သိန်း ၃၀၀၀ ကျော် ပေးအပ်ပြီးမှသာ ဇန်နဝါရီလ (၉) ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

“မူဆယ်မှာက ဘားဆိုင်တို့ စင်တင်တေးဂီတ စတိတ်ရှိုးရှိတဲ့ အရက်ဘီယာဆိုင် အဲ့လိုများတယ်။ အဲ့လိုဆိုင်တွေက အဆိုတော်တွေကို အပြိုင်အဆိုင် ခေါ်ကြတော့ တချို့လည်း ယုံပြီး လာကြတာပေါ့။ အခုလည်း အဲ့လိုယုံပြီး လာလို့ ကျားဖြန့်နဲ့ လာတိုးတာလို့ ပြောလို့ရတယ်။ အခုခေတ် ငွေလိမ်တဲ့နည်းက မျိုးစုံတိုးလာလို့ သူများအလုပ်ခေါ်ရင် သတိမထားရင်တော့ ကိုယ်ပါ ဓားစာခံဖြစ်မယ်” ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

ထိုသို့ မလွတ်မြောက်မီ ညတွင်လည်း ၎င်းတို့အား အတွင်းခံ မဝတ်ဘဲ ပြောခိုင်းသည့် စကားများအတိုင်း ဗီဒီယိုရိုက်ကူးခိုင်းကာ ရဲတပ်ဖွဲ့ထံ တိုင်ကြားပါက အဆိုပါ ဗီဒီယိုများကို အွန်လိုင်းပေါ်တွင် ဖြန့်မည်ဟု ထပ်မံခြိမ်းခြောက်ခဲ့ကြောင်း တိုင်ကြားစာတွင် ပါရှိသည်။

အဆိုတော် ရှင်မင်းမြတ်နှင့် မိတ်ဆွေတစ်ဦးတို့ကို ကျားဖြန့်ဂိုဏ်းများမှ မူဆယ်မြို့ရှိ လူမရှိသော် လမ်းကြားတစ်ခုတွင် ပစ်ချခဲ့ပြီး မှတ်ပုံတင်ကတ်နှင့် ငွေကျပ် ၁၀ သိန်း ပြန်ပေးခဲ့သော်လည်း ပက်စ်ပို့နှင့် ကိုယ်ပိုင်ပစ္စည်းအားလုံးကို သိမ်းယူထားကြောင်း ဆိုသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အလျောက် လက်နက်ကိုင် အဖွဲ့များနှင့် တရားမဝင် လုပ်ငန်းများ စုံလင်ပေါများသည့် ဒေသဖြစ်သည့်အပြင် ခြိမ်းခြောက်ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယခင်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများတွင် ကျူးလွန်သူများကို ပြည်သူများမှ ပြန်လည်ဖမ်းဆီးမိလျှင် စစ်ကော်မရှင်လက်အောက်ခံ လက်နက်ကိုင်ဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသာ ဖြစ်ကြောင်း မူဆယ်‌ဒေသခံများထံမှ သိရသည်။

အလားတူ ယမန်နှစ် ဒီဇင်ဘာလတွင်လည်း မိုင်းလားမြို့ဘက် အလုပ်လုပ်ရန် ရောက်ရှိနေသည့် အသက် (၁၈) နှစ်အရွယ် မိုင်းရှူးဒေသခံ မိန်းကလေးတစ်ဦးသည် တစ်တော့ Tik Tok ပေါ် အလုပ်ရှာသည့် ပိုစ့်တင်ပြီးနောက် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများမှ တန့်ယန်းမြို့၌ အလုပ်ရှိသည်ဟု လိမ်လည်ဖြားယောင်း၍ ပြန်ပေးဆွဲ ဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

ထို့အပြင် အလုပ်အကိုင် ရှားပါးမှုကြောင့် ဆိုရှယ်မီဒီယာပေါ်တွင် တွေ့ရသည့် အလုပ်ခေါ်စာ ကြော်ငြာများကို သေချာ စိစစ်ခြင်း မရှိဘဲ လုပ်ငန်းခွင်ရောက်မှ လူကုန်ကူးခံရမှန်း မသိဘဲ နှိပ်စက်ခိုင်းစေခံရသည့် အနေအထားဖြင့် အလုပ်လုပ်နေရသူ အများအပြား ရှိနိုင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...