လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများကို ၂၀၂၆ ခုနှစ်အတွင်း တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA လက်အောက်ခံ အခွန်ဌာန တာဝန်ရှိသူများမှ လာရောက်ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။

MNDAA အခွန်ကောက်ခံမည့် လားရှိုး-မိုင်းရယ်ကြားရှိ ကျေးရွာများသည့် စစ်ကော်မရှင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁) နှင့် အပိုင်း(၂)တွင်လည်း မဲထည့်ပေးခဲ့ရသည်။

“တစ်ဆိုင်ကို တရုတ်ယွမ်နဲ့ ၅၀ ကောက်တယ်၊ မြန်မာငွေနဲ့ဆိုရင် ၃ သောင်းကျတယ်။ တစ်လချင်းစီ အဲ့လိုကောက်ပြီး လတိုင်းကောက်သွားမယ်လို့ ပြောတယ်။ မနေ့ကစပြီး ၁ လပိုင်းအတွက် ကောက်တယ်၊ နောက်လလည်း အခွန်သွားထည့်ဖို့ ထပ်ခေါ်မယ်လို့ ပြောထားတယ်။ ဒီနယ်မြေက လူတွေက စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲမှာလည်း မဲထည့်ပေးခဲ့ရတယ်” ဟု နမ့်ပေါင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုနှစ် ၂၀၂၆ ဇန်နဝါရီလမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့မှ ဈေးသည်များထံ အခွန်ကောက်ခံမည့် ပုံစံမှာ ဆိုင်ခန်းနေရာ အကျယ်အဝန်းနှင့် ရောင်းချသည့် ကုန်အမျိုးအစားအလိုက် တစ်လလျှင် တရုတ်ယွမ်ငွေ ၅၀ မှ ၁၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သုံးသောင်းမှ ခြောက်သောင်းခန့်) ဖြစ်ပြီး အခွန်ဆောင်လက်မှတ် စာအုပ်များလည်း ထုတ်ပေးထားကြောင်း သိရသည်။

ထိုသို့ MNDAA ဘက်မှ တစ်လချင်းစီ ကောက်ခံမည့် အခွန်နှုန်းထားမှာ များပြားနေခြင်းကြောင့် လားရှိုး-မိုင်းရယ်ကြားရှိ တပိုင်တနိုင် ဈေးဆိုင်ပိုင်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များမှာ အခက်အခဲများ ကြုံတွေ့နေရပြီး အချို့မှာ ဆိုင်ပိတ်သိမ်းရမည့် အခြေအနေ ရောက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“အဲ့လိုသွားထည့်ရတာ မကြည်ဖြူပေမယ့် မလွန်ဆန်နိုင်ဘူးလေ။ ကိုးကန့်ကောက်တဲ့ နှုန်းထားက တော်တော်များတယ်၊ နောက်ပြီး တစ်ခါတည်း မဟုတ်ဘူး။ အခုက လတိုင်း ထည့်ရမှာဆိုတော့ တော်တော်နာတယ်။ သူတို့သေနတ်ကိုင်ထားတော့လည်း ကြောက်ကြောက်နဲ့ ထည့်ရတာပဲ။ ဒီအလုပ်မှ မလုပ်ရင်လည်း တခြားလုပ်စရာ မရှိဘူးလေ” ဟု နမ့်ပေါင်ဒေသမှ ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နှစ် ၂၀၂၅ ဒီဇင်ဘာအတွင်း MNDAA လက်အောက်ခံ ဘဏ္ဍာရေးဌာန အခွန်ရုံးမှ အခွန်ဆောင်လက်မှတ် စာအုပ်များ ထုတ်ပေးခဲ့ပြီး ၎င်းအခွန်စာအုပ်အတွက် ဈေးသည်များမှ ကျပ်ငွေ ၅ သောင်းခန့် ပေးဆောင်ရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁) ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားတွင် ကိုးကန့်တပ်များ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များကို ပိတ်သိမ်းခဲ့သော်လည်း တပ်ပြောင်းရွှေ့ ဆုတ်ခွာခြင်း မရှိသည့်ဘဲ MNDAA တပ်သားများ မူလအတိုင်း သွားလာလှုပ်ရှားနေကြောင်း ဒေသခံများက ပြောဆိုသည်။

အလားတူ တန့်ယန်း-မိုင်းရယ်လမ်းခွဲ ဟိုယကျေးရွာအုပ်စုအနီး စစ်ကော်မရှင်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-၆၇ တပ်ရှိ စစ်ဆေးရေးဂိတ်လည်း ပိတ်သိမ်းသွားခဲ့ကြောင်း မိုင်းရယ်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...