မူဆယ်တွင် မဲမပေးလျှင် ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ် မလုပ်ပေးဟု ခြိမ်းခြောက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမထည့်ပါက စာအုပ် (အနီ) မလုပ်ပေးဟု ခြိမ်း‌ခြောက်ခံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလလယ်မှ စ၍ မူဆယ်မြို့‌ပေါ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များက တစ်အိမ်ဝင် တစ်အိမ်ထွက်၍ မဲပေးခွင့်ရှိသူစာရင်းများကို ကောက်ခံထားပြီး ဖြစ်ကြောင်း လိုက်လံပြောဆိုခဲ့သည်ဟု မူဆယ်ဒေသခံများထံမှ သိရသည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင် ဆန္ဒမဲမထည့်လျှင် ၎င်းတို့၏ စာရင်းရှိထားသည့်အတွက် ပက်စ်ပို့စာအုပ် Passport သို့မဟုတ် ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် စာအုပ်အနီတို့ သက်တမ်းကုန်ခြင်း၊ ပျောက်ဆုံးခြင်း ဖြစ်ပေါ်လာပါက အသစ်လုပ်မပေးတော့ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေသည်ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ မူဆယ်က လူတွေတောင်မှ သူတို့ ချမှတ်ထားတဲ့ မဲကို ကျနော်တို့က သတ်မှတ်ရက်အတွင်း မဲသွားမပေးဘူးဆိုရင် သူတို့က စာရင်းပြန်ကြည့်မှာပေါ့နော်။ စာရင်းကြည့်လို့ တကယ်လို့ ကိုယ့် Passport သက်တမ်းကုန်ခဲ့ရင် မဲစာရင်း လာမပေးတဲ့သူဆိုရင် သူတို့က စာအုပ်အနီ ထပ်မလုပ်ပေးတော့ဘူးပေါ့၊ အဲဒီလိုမျိုးပေါ့”ဟု မူဆယ်ဒေသခံ ၎င်းအမျိုးသားက ပြောသည်။

မြို့ခံပြည်သူများအနေဖြင့် တရုတ်နိုင်ငံကို မှီခို၍ အလုပ်လုပ်ကြရသည့်အတွက် ဆန္ဒမဲသွားပေးကြရမည်ဖြစ်ကြောင်း၊ ၎င်းတို့က အာဏာပိုင်အဖွဲ့အစည်းဖြစ်သောကြောင့် ဘာမဆို လုပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မူဆယ်မြို့ခံပြည်သူအပါအဝင် ဒေသအသီးသီးမှ လာရောက်ကြသော အလုပ်သမားတို့သည် နယ်စပ်တွင် စာအုပ်အနီနှင့် တစ်ပတ်ကဒ်တို့ဖြင့် သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြရကြောင်း ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်စာအုပ်သွားလုပ်သည့်သူများကို မဲစာရင်းနံပါတ်စဉ်မေးကြောင်း၊ မိမိ မဲစာရင်းနံပါတ် မသိပါက စာအုပ်အနီ မလုပ်ပေးကြောင်း မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း ပြောဆိုသည်။

“ခုရက်ပိုင်း နယ်စပ်ဖြတ်ကျော်စာအုပ် ဘိုကင်သွားလုပ်တဲ့သူတွေကို မဲစာရင်းနံပါတ် မေးတယ်။ မရှိ မသိရင် မလုပ်ပေးဘူး၊ ဒါကြောင့် မဲမထည့်ရင် စာအုပ်အနီ မလုပ်ပေးမှာ စိုးရိမ်နေကြတယ်။ စမတ်ကဒ်သွားမလုပ်ရင် စာအုပ်အနီ မလုပ်ပေးသလို အခုလဲ မဲမထည့်ရင် စာအုပ်အနီ မရမှာ စိုးရိမ်နေကြတယ်။ အားလုံးက တရုတ်ပြည်ထဲ ဝင်ထွက်သွားလာရှာဖွေစားသောက်နေကြရလို့လေ” ဟု အဆိုပါ ဒေသခံ အမျိုးသမီးက ပြောသည်။

တရုတ်နယ်စပ်အနီးရှိ ဒေသခံပြည်သူများကို သက်တမ်း ၁ နှစ်ရှိသော ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (စာအုပ်အနီ) ထုတ်ပေးထားပြီး၊ ပြည်မဒေသမှ ပြည်သူများကို တရုတ်ပြည်သို့ တစ်ပတ်လည်ပတ်ခွင့် တစ်ပတ်ကဒ်များ ထုတ်ပေးလျက်ရှိနေသည်။

လက်ရှိ မူဆယ်မြို့နယ်တွင် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှစ်ခုသာ စစ်အုပ်စု ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...