မူဆယ်တွင် မြို့ပေါ်ရပ်ကွက်သာ စစ်အုပ်စုရွေးကောက်ပွဲ ကျင်းပနိုင်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များသာ ကွက်၍ စစ်အုပ်စု ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး မြို့ပြင်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ချေ မရှိကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် မူဆယ်မြို့ပေါ် ရပ်ကွက်များကိုသာ စစ်အုပ်စုက ထိန်းချုပ်ထားနိုင်ပြီး မြို့ပတ်ပတ်လည်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်ကြသည့် အာရက္ခတပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့က ထိန်းချုပ်ထားသည်။

“မူဆယ် အနေအထားအရ ဆိုရင် မြို့အပြင်ဘက်ဆိုရင် ရွေးကောက်ပွဲ လုံးဝ လုပ်လို့မရပါဘူး။ ဟိုဘက်တစ်ခြမ်းဆို TNLA တွေ ရှိပါတယ်။ ဒီဘက်တစ်ခြမ်းဆိုရင် ညီနောင်မဟာမိတ် သုံးဖွဲ့စလုံး ရှိပါတယ်။ ဒါကြောင့်မို့လို့ မြို့ပေါ်မှာပဲ လုပ်လို့ရတဲ့ အနေအထား ဖြစ်တဲ့အတွက်ကြောင့် မြို့ပေါ်မှာပဲ လုပ်နိုင်မယ်ပေါ့နော်” ဟု ၎င်းမူဆယ် မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့နယ်သည် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း – ၁ တွင် ပါဝင်ပြီး အဆိုပါ ရွေးကောက်ပွဲ အပိုင်း -၁ နှင့် အပိုင်း – ၂ တို့တွင် သျှမ်းပြည်အတွင်းရှိ မြို့နယ် ၁၁ ခုမှ ရပ်ကွက် ၁၇ ခုနှင့် ကျေးရွာအုပ်စု ၁၉၅ စု၊ စုစုပေါင်း နေရာ ၂၁၂ ခုတို့တွင် ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိကြောင်း ထုတ်ပြန်ထားသည်။

စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲကို မူဆယ်ဒေသခံများက စိတ်ဝင်စားမှု မရှိဘဲ မဲစာရင်း သွားမကြည့်ခြင်းကြောင့် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူစာရင်းကို အိမ်တိုင်ရာရောက် အကြောင်းကြား ပေးပို့နေကြောင်း သိရသည်။

မူဆယ်မြို့ပေါ်တွင် မဲဆွယ်စည်းရုံးရေးကာလ တစ်လကျော်လာပြီ ဖြစ်သော်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှ စည်းရုံးရေးဆင်းခြင်း မတွေ့ရသေးကြောင်း၊ လမ်းထောင့်များတွင် ဆိုင်းဘုတ်ထောင်ခြင်းသာ တွေ့ရကြောင်း အဆိုပါ မူဆယ်မြို့ခံက ဆက်ပြောသည်။

“စည်းရုံးရေးကာလပဲ တစ်လကျော်လာပြီ၊ ဘယ်လို စည်းရုံးနေသလဲဆိုတာတော့ မတွေ့ရဘူး။ ကျားဖြူဘက်ကတော့ လမ်းမပေါ်မှာ လမ်းထောင့်တိုင်းမှာ သူတို့ ပိုစတာတွေ ချိတ်ပြီး ကြော်ငြာနေတာ တွေ့တယ်။ ကြံ့ခိုင်ရေးပါတီကလည်း မြို့ထိပ်မှာ သူတို့ရဲ့ ဆိုင်းဘုတ်ကို တင်ထားတာ တွေ့တယ်၊ ကျန်တဲ့ လှုပ်ရှားမှုတွေတော့ မတွေ့ရဘူး။ သူတို့ ရွေးကောက်ပွဲကို ဘယ်သူမှ စိတ်မဝင်စားကြဘူး” ဟု မူဆယ်မြို့ခံ ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

စစ်အုပ်စုသည် မူဆယ်မြို့ပေါ် ရပ်ကွက်များ၌သာ ကွက်၍ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်ပြီး မူဆယ်မြို့နယ်အတွင်း ပါရှိသော မန့်ဟျိုး(မန့်ဟီးရိုး)မြို့၊ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုန်းကိုးမြို့မှ ရပ်ကွက် ၁၅ ခု၊ ကျေးရွာအုပ်စု ၆၂ အုပ်စုတို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ဒီဇင်ဘာလ ၅ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

မူဆယ်မြို့နယ်တွင် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP ကျားဖြူပါတီ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှစ်ခုသာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ အမျိုးသမီးတဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ် တစ်အိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကာ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ စွန်စော်ရပ်ကွက်တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...