ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ကန်ချနပူရီခရိုင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။
ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက် ၉ နာရီခွဲတွင် ကန်ချနပူရီခရိုင် ဘန်ဟင်လမ် ကျေးရွာအုပ်စု အမှတ် ၅ အတွင်းရှိ တောထဲတွင် တရားမဝင် ဝင်ရောက်လာသူများ ပုန်းအောင်းနေကြောင်း သတင်းပေးပို့သဖြင့် တာဝန်ရှိသူများက ရွာအတွင်းတောအုပ်များကို ရှာဖွေခဲ့ရာ တရားမဝင် ဝင်ရောက်သူအားလုံးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ၁၆၂ ဦးထဲတွင် အသက်မပြည့်သေးသူ အပါအဝင် အမျိုးသား ၁၀၂ ဦး၊ အမျိုးသမီး ၆၀ ဦး ပါဝင်သည်။
ကနဦးမေးမြန်းချက်အရ တရားမဝင် ဝင်ရောက်လာသူများသည် ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်စခွန်၊ ချွန်ပူရီနှင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် တောလမ်း၊ ရေလမ်းအတိုင်း ဝင်ရောက်လာခြင်းဖြစ်ပြီး ခရီးစရိတ်အတွက် တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ မှ ၂၄,၀၀၀ အထိ ပေးရကြောင်း ထွက်ဆိုခဲ့သည်။
လက်ရှိ ၎င်းတို့ကို ကန်ချနပူရီခရိုင် ထောင်ဖာဖူမ်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေအတိုင်း လုပ်ဆောင်သွားမည်ဟု သိရသည်။












Leave a Comments