ထိုင်း-မြန်မာနယ်စပ်ဒေသတလျှောက်တွင် မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းမိ

ထိုင်းနိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းလာသည့် သန်းနှင့်ချီရှိသော မူးယစ်ဆေးဝါးအများအပြားကို ယခုရက်ပိုင်း၌ နယ်စပ်ဒေသတလျှောက်တွင် ဆက်တိုက်ဖမ်းဆီးရမိကြောင်း သတင်းသိရှိရသည်။

အောက်တိုဘာလ ၆ ရက် နေ့လယ် ၁၂ နာရီအချိန်က မယ်ဆိုင်-မယ်ချန်း လမ်းမပေါ်တွင် မောင်းနှင်လာသည့် မသင်္ကာဖွယ် ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို ထိုင်းရဲတပ်ဖွဲ့များက ကြားဖြတ်ဖမ်းဆီးခဲ့ရာ ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသော စိတ်ကြွဆေးပြား ကိုးသိန်း (၉၀၀,၀၀၀) ခန့်ကို အမျိုးသား ၂ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

ထိုဖမ်းဆီးရမိသော အမျိုးသား ၂ ဦးသည် မြန်မာနိုင်ငံသား ဖြစ်ကြပြီး၊ ၎င်းတို့ ၂ ဦးအနက် ၁ ဦးသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်နေထိုင်ပြီး အလုပ်သမားကတ် ကိုင်ဆောင်ထားသူ အသက် ၂၁ နှစ်အရွယ် လီမူဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေး

အလားတူ အောက်တိုဘာလ ၄ ရက် ည ၈ နာရီခန့်တွင်လည်း ချင်းတောင်းခရိုင်အတွင်းရှိ တောလမ်းမှတဆင့် မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းလာသည့် မူးယစ်မှောင်ခိုသမားများနှင့် ထိုင်းအာဏာပိုင်တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း မူးယစ်မှောင်ခိုသမား ၁ ဦးသေဆုံးပြီး စိတ်ကြွဆေးပြား စုစုပေါင်း လေးသိန်း (၄၀၀,၀၀၀) ခန့်ကို သိမ်းဆည်းရမိကြောင်း ထိုင်းသတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

အဆိုပါသေဆုံးသွားသည့် မူးယစ်မှောင်ခိုသမား ၁ ဦးသည် ထိုင်းနိုင်ငံ ချင်းတောင်းခရိုင်ရှိ ရွာတစ်ရွာတွင် နေထိုင်သည့် ထိုင်းလူမျိုးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက် နံနက် ၄ နာရီကျော်တွင်လည်း ချင်းမိုင်ခရိုင်သို့ မှောင်ခိုတင်သွင်းမည့် စိတ်ကြွဆေးပြား ခြောက်သန်းကျော် (၆,၄၉၈,၀၀၀) ပြားကို Phrae ခရိုင်၊ Den Chai မြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးရမိကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက်မှ ၆ ရက်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းလာသည့် မူးယစ်ဆေးဝါးများကို အာဏာပိုင်များက လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာတွင် သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား ၁၅ ဒသမ ၇၈ သန်း၊ မက်သာဖက်တမင်း ၂၃၅ ကီလိုဂရမ်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများကို သိမ်းဆည်းရမိကြောင်း ယနေ့ အောက်တိုဘာလ ၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...

မယ်ဆိုင်တွင် စိတ်ကြွဆေးပြားအမြောက်အမြား သယ်ဆောင်လာသူ မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ ပထမမြောက် မယ်ဆိုင်နယ်စပ် အကောက်ခွန်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦး သယ်ဆောင်လာသည့် သစ်သီးခြင်းများအောက်၌ သိုဝှက်သယ်ဆောင်လာသည့် ကီတမင်း ၁၁၁ ကီလိုဂရမ်ကျော်နှင့် ယာဘ (စိတ်ကြွဆေးပြား) ၆ သိန်းပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇူလိုင်လ ၅ ရက်) နံနက်ပိုင်းတွင်...

ချင်းရိုင်တွင် အသက် ၁၄ မှ ၁၆ အရွယ် မူးယစ်ဆေးသယ်ဆောင်သူ လူငယ် ၄ ဦးထပ်မံဖမ်းမိ

0
ချင်းရိုင်ခရိုင်၊ မယ်ချန် (Mae Chan) နယ်မြေအတွင်း ဆယ်ကျော်သက်လူငယ်များကို ဘတ်ငွေ ၁၂,၀၀၀ ဖြင့် ငှားရမ်းကာ မူးယစ်ဆေးဝါးသယ်ဆောင်ခိုင်းသည့် သံသယရှိသူ ၄ ဦးနှင့်အတူ ဘတ်သန်းနှင့်ချီတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သိန်းကျော်နှင့် ကီတမင်း ၁၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ဇွန်လ ၈...