မိုင်းရယ် ဟိုယမှာ ဒေသခံစိစစ်ရေးကတ်လုပ်ရန် MNDAA စာရင်းကောက်၊ မလုပ်ပါလျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟုပြော

သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာ (၁၆) ရွာတွင် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ရန် စာရင်းကောက်ခံနေပြီး မလုပ်လျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟု ပြောဆိုကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ဟိုယကျေးရွာအုပ်စု၊ ကောင်းမောင် ကျေးရွာအုပ်စု နှင့် နောင်မိုကျေးရွာအုပ်စုရှိ ကျေးရွာ(၁၆) ရွာတွင် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ရန် MNDAA တာဝန်ရှိသူများက ရွာလူကြီးများကို အစည်းအဝေး ခေါ်ယူခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်ကို မလုပ်လျှင် ဧည့်သည်အဖြစ် သတ်မှတ်သွားမည်ဟု ရွာလူကြီးများကို ကိုးကန့်တပ်ဖွဲ့ တာဝန်ရှိသူများက ပြောဆိုခဲ့ပြီး စက်တင်ဘာလ (၂၀) ရက်တွင် ဟိုယကျေးရွာအုပ်စု၌ MNDAA လက်အောက်ခံ အုပ်ချုပ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ ရောက်လာပြီး အဆိုပါ (၁၆) ရွာရှိ ဒေသခံများကို စာရင်းကောက်ယူခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၂၀ ရက်က တစ်ရက်ထဲပဲ လုပ်ပေးတာ၊ သွားလုပ်တဲ့လူလည်း ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်။ တချို့လူလည်း မလာရဲဘူး၊ ဟိုယနဲ့ ကောင်းမောင်အုပ်စုထဲ ၁၆ ရွာ စာရင်းကောက်တာ လူဦးရေ ငါးရာကျော် ရှိတယ်။ အခု လာလုပ်ပေးတာက အိမ်ထောင်စုစာရင်းပဲ၊ နောက်ထပ် ၄ လနေမှ ရမယ်။ ဒီဟာလုပ်ပြီးရင် မှတ်ပုံတင်က နောက်မှ လုပ်ပေးမယ်လို့ ပြောတာ”ဟု ဟိုယဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုင်းရယ်မြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနှင့် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ပေးရန် MNDAA စာရင်းကောက်ယူခဲ့သည့် ကျေးရွာများမှာ နမ့်တုန်း၊ ကောင်းမောင်၊ နားဟုတ်၊ လတ်စန့်၊ ဝမ်လုံ၊ မန်အွယ်၊ ပန်ညောင်၊ ပန်ကိုး၊ နောင်မို၊ နမ့်လိုင်၊ ဟိုလောင်း၊ နားမွန်း စသည့် (၁၆) ရွာဖြစ်ကြောင်း သိရသည်။

MNDAA ပြုလုပ်ပေးသည့် အိမ်ထောင်စုစာရင်းအတွက် မိသားစုတစ်စုလျှင် မြန်မာငွေ ၆၀၀၀ ကျပ်၊ ဒေသခံစိစစ်ရေးကတ်ပြားအတွက် တစ်ဦးလျှင် မြန်မာငွေ ၁၈၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မလုပ်ရင် ဧည့်သည်လို့ သတ်မှတ်မယ်လို့ ပြောတဲ့စကားက ရင်လေးစရာပဲ၊ သဘောကတော့ သွယ်ဝိုက်ပြီးတော့ ဖိနှိပ်တဲ့ပုံစံပဲ။ ကိုယ့်နယ်မြေ ကိုယ့်ဒေသ ဖြစ်နေတာတောင် အဲ့လိုပြောခံရတာ ဝမ်းနည်းတယ်။ နိုင်ငံရေးကလည်း ဒီတိုင်းပဲ ဆက်ဖြစ်နေရင် ဒေသခံတွေရဲ့ လူ့အခွင့်အရေး အစစ အရာရာ ဆုံးရှုံးသွားနိုင်တယ်။ အိမ်ထောင်စုက ဗမာဘက်နဲ့ ကိုးကန့်ဘက် နှစ်ခု ဖြစ်သွားမှာ” ဟု ဟိုယဒေသခံ အဆိုပါအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အိမ်ထောင်စုစာရင်းနှင့် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ပေးရန် စာရင်းကောက်ယူနေသည့် ဟိုယကျေးရွာအုပ်စုသည် လားရှိုး-မိုင်းရယ် လမ်းမကြီးပေါ်ရှိ တန့်ယန်းလမ်းခွဲတွင် တည်ရှိပြီး မိုင်းရယ်မြို့နှင့် ၅ မိုင်ခန့်သာ ကွာဝေးသည်။

ယမန်နှစ် ၂၀၂၄ ဇူလိုင်လအတွင်း “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း စတင်စဉ်က မိုင်းရယ်မြို့ပေါ်သို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်အင်အား ထောင်နှင့်ချီ ဝင်ရောက်လာပြီး မြို့ပေါ်တွင် နေရာယူထားခဲ့သော်လည်း ဘေးပတ်ပတ်လည်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ‘ဝ’တပ်ဖွဲ့ UWSA တပ်များလည်း သွားလာလှုပ်ရှားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“သွားလုပ်ဖို့ အချင်းချင်း တိုက်တွန်းတာမျိုး မလုပ်ချင်ကြဘူး၊ လုပ်သင့် မလုပ်သင့် ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးတော့ ကိုယ်လည်း မလွန်ဆန်နိုင်ဘူး။ အခြေအနေ ထပ်ပြောင်းရင်တောင် လုပ်ထားတာက ဘာမှ မလုပ်ထားတာထက်စာရင် နည်းနည်းသက်သာမယ်။ သူတို့စကားအရ ဆိုရင် ကိုယ်က ဒေသခံဖြစ်ကြောင်း သက်သေမရှိထားရင် ကိုယ့်ကို အပြစ်ရှာချင်ရင် လွယ်လွယ်လေး ဖြစ်သွားမှာ၊ ကိုယ်က တရားမဝင် ဖြစ်သွားမှာ အဲ့လိုသဘောပေါ့” ဟု ဟိုယဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

အလားတူ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ်အတွင်းရှိ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ဘက်တွင်လည်း MNDAA ထုတ်ပေးသည့် အိမ်ထောင်စုစာရင်းနှင့် ဒေသခံစိစစ်ရေးကတ်ကို မလုပ်ပါက ဒေသခံအဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း ဖိအားပေးနေခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...