စစ်ကော်မရှင် ဌာနဆိုင်ရာဝန်ထမ်းများ ပြန်ဝင်မည်ဟု သတင်းထွက်ပေါ်နေသည့် သိန္နီမြို့တွင် လောင်းကစားဝိုင်းများ ပြန်ဖွင့်နေ

ကိုးကန့် တပ် (MNDAA) ထိန်းချုပ်သည့် သိန္နီမြို့တွင် လောင်းကစားဝိုင်းများ ပြန်လည် ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။

ယခု စက်တင်ဘာလဆန်းပိုင်းတွင် စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများသည် သိန္နီမြို့သို့ ပြန်ဝင်လာမည်ဟု သတင်းထွက်ပေါ်လာသေးသည်။

ထိုသတင်းထွက်ပေါ်လာပြီးသည့်နောက်ပိုင်း စက်တင်ဘာလ ၁၄ ရက်မှ စတင်ပြီး သိန္နီမြို့ ရပ်ကွက် (၃) အတွင်းရှိ တပေါင်းပွဲခင်းထဲတွင် လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ခြောက်ကောက်ဂျင် လောင်းကစားဝိုင်းများ ထည့်သွင်းထားကြောင်း သိန္နီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သိန္နီမြို့အခြေအနေက ကောင်းတယ်လို့ဆိုရမလား၊ ဆိုးတယ်လို့ပြောရမလား။ လောင်းကစားရုံတွေ ပြန်ဖွင့်ပြီ။ ပွဲကတော့မရှိဘူး၊ လောင်းကစားဝိုင်းပဲဖွင့်တာ။ စစ်သားတွေလည်း သွားဆော့နေတာတွေ့တယ်။ အခုလောလောဆယ်တော့ ခြောက်ကောင်ဂျင် ၂ ခုံ ဖွင့်ထားတာ တွေ့တယ်။ ဒီလကုန်ရင် အများကြီး ထပ်ဝင်လာမယ်လို့ ပြောတယ်” ဟု သိန္နီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါလောင်းကစားဝိုင်းကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ဖွင့်လှစ်နေကြောင်း သိရပြီး လောင်းကစားလုပ်ငန်း လုပ်ကိုင်သူအတွက် တစ်ဦး နှစ်သောင်း (၂၀,၀၀၀) ကျပ်ပေးကာ လူခေါ်ယူနေကြောင်းလည်း ၎င်းကပြောသည်။

သို့သော် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များကိုတော့ အသေးစိတ် မသိရပေ။

“အရင်တုန်းကတော့ တပေါင်းပွဲခင်းထဲမှာ ကိုးကန့်စစ်သားတွေဆီ တရုတ်သူဌေးတွေက လာပြီးကန်ထရိုက်ဆွဲပြီး လောင်းကစားဖွင့်တာ။ အခုလည်း ကိုးကန့်စစ်သားနဲ့ တရုတ်သူဌေးပေါင်းပြီး တပေါင်းပွဲခင်းထဲမှာ လောင်းကစားဝိုင်း ပြန်ဖွင့်နေတယ်လို့ ပြောတယ်” ဟု သိန္နီမြို့ဒေသခံ အသက် (၃၀) ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

သိန္နီမြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ပြီး ကိုးကန့်အထူးဒေသ (၁) အတွင်း ထည့်သွင်းထားပြီးနောက် လောင်းကစားဝိုင်းများကို စီးပွားရေးလုပ်ငန်းရှင်နှင့် ပူးပေါင်းကာ ယခုနှစ် ဧပြီလအထိ ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ယခုကဲ့သို့ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လာခြင်းကြောင့် နောက်အကျိုးဆက်အနေဖြင့် ခိုးဆိုးလုယက်များ၊ ဓားပြတိုက်မှုများ တိုးမြှင့်လာမည်ကို စိုးရိမ်နေကြောင်း ပြောသည်။

သိန္နိ လောင်းကစားဝိုင်း

“သိန္နီမှာက ဘာအလုပ်မှမရှိဘူး၊ အလုပ်အကိုင်တွေရှားတော့ ရရာအလုပ်ကို လုပ်နေကြရတာ။ လုပ်ကိုင်စားသောက်ရတာလည်း အရမ်းခက်တယ်၊ လုံခြုံမှုလည်း မရှိ။ အခုလို လောင်းကစားဝိုင်းတွေ ပြန်ဖွင့်လာတော့ ပိုဆိုးတာပေါ့၊ လမ်းသွားလမ်းလာရင်း လုယက်ခံရမှာကို ကြောက်နေရတယ်” ဟု သိန္နီမြို့ခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

ထို့ပြင် ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်)တွင်လည်း သိန္နီမြို့ ရပ်ကွက် (၂) အတွင်း နေထိုင်သူ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်အငှားလိုက်ရင်း ကွတ်ခိုင်မြို့နယ် မန်ပိန်းရွာအနီးတွင် လုယက်ခံရပြီး ဖုန်းနှင့် ဆိုင်ကယ်ဦးထုပ် ပါသွားကြောင်း ၎င်းကပြောသည်။

ကိုးကန့်တပ် MNDAA အခိုင်အမာ ပြင်ဆင်တည်ဆောက်ထားသည့် သိန္နီမြို့ကို ပြန်ပေးရန် စစ်ကော်မရှင်ဘက်u တောင်းဆိုနေလျက်ရှိရာ ယခုစက်တင်ဘာလ ၁၉ ရက်နေ့မှ စ၍ သိန္နီမြို့ထဲ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်ဝင်လာတော့မည်ဟုလည်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...