နမ့်လန်-မိုင်းကိုင်ကြား စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များ ဆန်နှင့် ဆေးဝါးစစ်‌ဆေးမှုတင်းကြပ်

သျှမ်းပြည် နမ့်လန်မြို့နှင့် မိုင်းကိုင်မြို့ကြားရှိ စစ်ကော်မရှင် လက်အောက်ခံ စစ်ဆေးရေးဂိတ်များတွင် စစ်‌ဆေးမှု တင်းကြပ်နေကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ပထမပတ်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့နှင့် မိုင်းကိုင်မြို့ ကြားရှိ စစ်ကော်မရှင်၏ ခြေမြန်တပ်ရင်း (ခမရ – ၅၀၆) စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသော လိုင်းကား၊ ကုန်တင်ယာဉ်များကို စစ်ဆေးမှု တင်းကြပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နမ့်လန်မြို့က အဝင်အထွက် ဂိတ်တွေမှာလည်း သူတို့ ပေးဖြတ်ချင်ရင် ပေးဖြတ်တယ်၊ မပေးဖြတ်ချင်ရင် ရစ်တယ်။ ဆန်အိတ်နဲ့ ဆေးပါတာတောင် သူတို့က ဂိတ်ကနေ ပေးတောင် မဖြတ်ဘူး။ လိုင်းကားတွေ အိမ်စီးကားတွေလည်း ပေးမဖြတ်ဘူး”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ခရီးသွား အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ မိုင်းကိုင်မြို့နှင့် လဲချားမြို့ ကြားတွင်လည်း စစ်ကော်မရှင် လက်အောက်ခံ စစ်ဆေးရေး ဂိတ်များတွင် စစ်ဆေးမှုတင်းကြပ်နေပြီး သျှမ်းပြည်မြောက်ပိုင်းမှ တင်ဆောင်လာသည့် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများကို ဖြတ်သန်းသွားလာခွင့် မပြုခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နေရကြောင်း မိုင်းကိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“တရုတ်ဘက်ကနေ တင်လာတဲ့ အာလူးကားတွေ တောင်ကြီးကို သွားမလို့၊ ဂိတ်က ပေးမဖြတ်လို့ မိုင်းကိုင်ထဲမှာပဲ လာပိတ်မိနေတာ ၃ ရက်လောက် ရှိပြီ။ လားရှိုးဘက်ကနေ တရုတ်ကုန် တင်လာတဲ့ ကားတော်တော်များများ မိုင်းကိုင်မှာ လာပြီး သောင်တင်နေကြတယ်။ တချို့က အာလူးတွေတောင် ပုပ်နေပြီ” ဟု မိုင်းကိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုင်းကိုင်မြို့အဝင်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင်လည်း ကုန်တင်ကားများကို စစ်ဆေးတင်းကြပ်ပြီး ဆန်၊ ဆီ၊ ဆား နှင့် တရုတ်စားသောက်ကုန်ပစ္စည်းများကို တားမြစ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ဇွန်လဆန်းပိုင်းမှ စတင်ပြီး သျှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့မှ သျှမ်းပြည် တောင်ပိုင်းသို့ တင်ပို့သည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများကို အဓိကထားပြီး စစ်ကော်မရှင်ဘက်က တင်သွင်းခွင့် ပိတ်ပင်ထားခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကော်မရှင်ဘက်မှ ကုန်သွယ်ရေး လမ်းကြောင်းများကို ပိတ်ပင်လိုက်ခြင်းကြောင့် ဒေသထွက်ကုန် ဖြစ်သည့် ဆန်စပါး များပါ အခြားမြို့သို့ သွားရောက် ရောင်းချရန် ခက်ခဲလာကြောင်း မိုင်းကိုင်မြို့ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ နိုဝင်ဘာလတွင်လည်း မိုင်းကိုင်မြို့ မွေတော်ဘုရား မြောက်ဘက် လွယ်မော်ကျေးရွာအနီး တည်ရှိသည့် စစ်ကော်မရှင် စစ်ဆေးရေးဂိတ်သည် သျှမ်းပြည်မြောက်ပိုင်း နမ့်လန်၊ မိုင်းရယ်ဘက်သို့ ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာ သယ်ယူမည့် ကုန်တင်ကားများကို ဖြတ်သန်းခွင့် တားမြစ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...