Tuesday, January 27, 2026

ဘန်ကောက် တရားမဝင် ကာရာအိုကေဆိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် မြန်မာနိုင်ငံသား ၄၁ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Srivara လမ်းရှိ Town in Town Hotel ဘေးတွင် ဖွင့်လှစ်ထားသော တရားမဝင် ကာရာအိုကေ ဘားတစ်ခုအတွင်း မူးယစ်ဆေးသုံးစွဲထားသည့် မြန်မာနိုင်ငံသား ၄၁ ဦးဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းဌာနကဖော်ပြသည်။

ယမန်နေ့ (ဩဂုတ်လ ၁၅ )ရက် ညပိုင်းတွင် ဘန်ကောက်မြို့၊ ဝမ်သွန်လန်းရဲတပ်ဖွဲ့မှ Srivara လမ်းရှိ Town in Town Hotel ဘေးလမ်းသွယ်အတွင်းရှိ အမည်မဖော်ထားသော ကရာယိုကလပ်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာသည် တစ်ထပ်ဈေးရောင်းခန်းတစ်ခုဖြစ်ပြီး ကာရာအိုကေအခန်း ၃ ခန်း ပါဝင်ကာ စစ်ဆေးမှုအချိန်တွင် မြန်မာနိုင်ငံသား ၆၀ ခန့် ရှိနေပြီး ၄၁ ဦးမှာ မူးယစ်ဆေးဝါး အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မေးမြန်းစစ်ဆေးချိန်တွင် ၎င်းတို့သည် မွေးနေ့ပွဲတစ်ခုအတွက် စုရုံးနေကြောင်း၊ ရှာဖွေမှုအတွင်း ထိုင်းနိုင်ငံအတွင်းတားမြစ်ထားသော ဆေးရည်ဖြင့်အသုံးပြုသောအီးစီးကရက်ဟုလူသိများသည့် (Vape liquid cartridges) များနှင့် အခြားတရားမဝင်ပစ္စည်းများလည်း တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါကလပ်သည် လိုင်စင်မရှိဘဲ လုပ်ကိုင်နေပြီး ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသား Paphangkorn (၄၈ နှစ်) ကိုလည်း ဖမ်းဆီးခဲ့သည်။
သံသယရှိသူအားလုံးကို ဝမ်သွန်လန်းရဲစခန်းတွင် ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်အတွက် ဒရုန်းသယ်သူ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းမိ

0
မြန်မာစစ်တပ်အတွက် သွင်းလာသော တရုတ်နိုင်ငံလုပ် ဒရုန်း ၁၀ စီးနှင့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်အနီးရှိ ဟိုတယ်အခန်းတွင် သိမ်းဆည်းရမိကြောင်း ဘန်ကောက်ပို့စ်သတင်းက ဒီဇင်ဘာလ ၂၃ ရက်တွင် ဖော်ပြသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၁ ရက်က လေဆိပ်အနီးတွင် ဒရုန်းများ ပျံသန်းနေသည်ဟူသော...

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၆၂ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ကန်ချနပူရီခရိုင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက် ၉ နာရီခွဲတွင် ကန်ချနပူရီခရိုင် ဘန်ဟင်လမ် ကျေးရွာအုပ်စု အမှတ် ၅ အတွင်းရှိ တောထဲတွင် တရားမဝင်...

ဘတ်ငွေ သန်း ၅၀၀ ကျော်ဖြင့် လည်ပတ်နေသော အွန်လိုင်းလောင်းကစားကွန်ရက်ကို ဒွန်မောင်းတွင် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းဧရိယာအတွင်း တစ်လလျှင် ဘတ်ငွေ သန်း ၅၀၀ ကျော်ဖြင့်လည်ပတ်နေသော တရားမဝင် အွန်လိုင်းလောင်းကစားရုံတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီးလောင်းကစားကွန်ရက်အတွင်း ပါဝင်နေသူ ၂၀၀ ဦးခန့် ဖမ်းဆီးရမိကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ သြဂုတ် ၂၇ ရက် ညအချိန်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖွမ်ထမ်း...

ဘန်ကောက်တွင် မြန်မာနိုင်ငံသားလင်မယားရန်ဖြစ်သည်ကို ဝင်တားပေးသည့် ထိုင်းအလုပ်ရှင် သေဆုံး

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခေ့ (Bang Khae ) နယ်မြေတွင် မြန်မာနိုင်ငံသားလင်မယားနှစ်ဦး စကားများရန်ဖြစ်သည်ကို သေနတ်ဖြင့် ဝင်ရောက်ဟန့်တားပေးရန်ကြိုးစားခဲ့သည့်ထိုင်းအလုပ်ရှင်တစ်ဦး သေနတ်ထိမှန်သေဆုံးသွားကြောင်း ထိုင်းသတင်းဌာတစ်ခုဖြစ်သည့် Khaosod-English တွင်ဖော်ပြထားသည်။ အသက် ၂၃ နှစ်အရွယ် စိုင်းဟန်ဆိုသည့် မြန်မာနိုင်ငံသားမှ ၎င်း၏အမျိုးသမီးဖြစ်သူအား နာကျင်အောင်ပြုလုပ်ရန်ကြိုးစားသည့်အချိန် အလုပ်ရှင်ဖြစ်သူအသက် ၇၀...

အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးနေ၊ ထိုင်းအစိုးရ လုံခြုံရေးတင်းကြပ်ထား

0
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၁၇ ရက်) နေ့လယ် ၂ နာရီအချိန်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် သည် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်...