ပင်လောင်းတွင် တောင်ကျရေကြောင့် နေအိမ်အတွင်း ကျောက်တုံးကြီးများ လှိမ့်ဝင်လာ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စုတွင် တောင်ကျရေနှင့်အတူ ကျောက်တုံးကြီးများ လှိမ့်ကျလာပြီး နေအိမ်များထဲ ဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ပထမပတ်မှ စပြီး ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု လွယ်မောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေနှင့်အတူ လှိမ့်ဆင်းလာသည့် ကျောက်တုံးကြီးများသည် အရှေ့လွယ်မောင်းကျေးရွာ အနောက်ဘက်ခြမ်းရှိ နေအိမ်များထဲသို့ ဝင်ရောက်လာသဖြင့် မြေပြန့်သို့ ပြောင်းရွှေ့ရကြောင်း ဒေသခံများက ပြောသည်။

“ရွာက တောင်စောင်းမှာရှိတော့ မိုးရွာရင် တောင်ပေါ်က ကျလာတဲ့ ကျောက်တုံးတွေက အိမ်ထဲဝင်လာတယ်။ လူတွေကိုလည်း ထိခိုက်စေတယ်၊ အိမ်ထဲကို ရေတွေလည်း ဝင်လာတယ်။ ရွာထဲက ရေမရောက်တဲ့ နေရာတွေမှာ နေကြတာ။ တချို့ကျတော့ ပင်လောင်းမြို့ထဲ သွားနေကြတာ” ဟု ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နှစ် ၂၀၂၄ တွင်လည်း အဆိုပါ လွယ်မောင်းရွာ၌ တောင်ကျရေနှင့်အတူ မြေပြိုမှု၊ ရေကြီးမှုများ ကြုံတွေ့ခဲ့ရသောကြောင့် စိုးရိမ်စိတ်ဖြင့် ရွှေ့ပြောင်းနေသူများလည်း ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ပုံစာ-ပင်လောင်းမြို့နယ် လွယ်မောင်းကျေးရွာ တောင်းစောင်းတွင်ရှိသည့်နေအိမ်အတွင်းသို့ တောင်ကျရေနှင့်အတူ ကျောင်တုံးနှငိ့ မြေစာများ ဝင်ရောက်လာသည့်ပုံ

အဆိုပါ ရွှေ့ပြောင်းနေထိုင်ကြသူများသည် (၃၀) ဦးနီးပါးရှိပြီး ဆွေမျိုးရှိရာ ပင်လောင်းမြို့ထဲနှင့် တောင်ကျရေ မရောက်သည့် လွယ်မောင်းကျေးရွာရှိ ဆွေမျိုးနေအိမ်များတွင် ယာယီရွှေ့ပြောင်း အိပ်စက်နေရကြောင်း သိရသည်။

“အရင်က အရှေ့လွယ်မောင်းမှာ မြေတွေပြိုတယ်၊ ရေတွေကြီးလို့ လမ်းတွေလည်း ပျက်တယ်။ တော်တော်ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာ။ မဲနယ်တောင်ထက် အခြေအနေ မဆိုးပေမယ့် အဲ့လိုနီးနီး ပျက်စီးခဲ့ရတာ။ ဒီနှစ်လည်း အဲ့ဒီလို ထပ်ဖြစ်မှာစိုးလို့ ပြောင်းနေကြတာ၊ အဓိကတော့ တောင်စောင်းမှာ နေကြသူတွေ ပြောင်းကြတာ” ဟု အသက် ၂၆ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွယ်မောင်းတောင်သည် ပင်လောင်းမြို့နယ်ထဲတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး ကျေးရွာသည်လည်း တောင်စောင်းတွင် တည်ရှိကာ မိုးရာသီရောက်လျှင် တောင်ကျရေများကြောင့် မြေပြိုမှုဖြစ်ကာ ယာယီရွှေ့ပြောင်း နေထိုင်ရသည်ဟု သိရသည်။

အလားတူ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာအုပ်စုတွင်လည်း ယမန်နှစ် ၂၀၂၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှု၊ ရေကြီးမှုများကဲ့သို့ ထပ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် တောင်စောင်းရှိ အိမ်များတွင် မနေဘဲ မြေပြန့်များတွင် ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။

“အရင်က လမ်းတွေ ခြံတွေ ပျက်သွားတာ ပြုပြင်ထားတာ။ ခုတော့ မိုးတွေရွာပြီး ပြန်ပျက်သွားပြီး။ ထန်းအယ်ရွာဘက်ကနေ ဟိုပုံးတို့ တောင်ကြီးတို့ကို သွားရတာ။ ထန်းအယ်လမ်းက ကျောက်ကြမ်းဆိုတော့ လမ်းက ကြမ်းတယ်။ လမ်းကောင်းတဲ့ စငေါလမ်းက ရေတိုက်စားလို့ လမ်းပျက်သွားပြီ သွားမရတော့ဘူး။ အရင်နှစ်လို ဖြစ်မှာကြောက်လို့ တောင်စောင်းမှာ မအိပ်ဘူး၊ မြေပြန့်က အိမ်တွေမှာ သွားအိပ်ရတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် မိုးရွာသွန်းမှု များပြီး တောင်ကျရေများ စီးဆင်းကာ မဲနယ်တောင်တကြောရှိ ကျေးရွာများ၊ နေအိမ်များ၊ လမ်းများ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူ (၂၁) ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...