တောင်ကြီးတွင် လိုင်စင်မဲ့ ယာဉ်များဆက်လက်ဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ယာဉ်များဆက်လက် ဖမ်းဆီးနေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇူလိုင်လ (၁၃)ရက်တွင် စစ်ကောင်စီ၊ ရဲနှင့် ယာဉ်ထိန်းရဲများက တောင်ကြီးမြို့ ပန်းလှိုင်မြောက်ဘက် အထက (၁) မီးပွိုင့်လမ်းဆုံနားတွင် ဖမ်းဆီးခဲ့ပြီး ကားနှင့် ဆိုင်ကယ် (၅၀)စီး ဝန်းကျင် ဖမ်းဆီးခံရသည်။

ယခင်က လိုင်စင်မဲ့ ယာဉ်များဖမ်းဆီးရာတွင် ဆိုင်ကယ်ဦးထုတ်မပါလျှင် ငွေကျပ် (၃၀၀၀၀)သာ ပေးခဲ့ရသော်လည်း ယခုတွင် ငွေကျပ်(၁သိန်း)အထိ ပေးနေရပြီး အများအားဖြင့် ပိတ်ရက်ဖြစ်သည့် တနဂ်နွေနှင့် လပြည့်၊လကွယ် ရက်တွင် ပိုမိုဖမ်းဆီးလာကြောင်း မြို့ခံများထံများက ပြောသည်။

“လပြည့်လကွယ် နဲ့ တနဂ်နွေ ပိတ်ရက်တွေ့မှာ ပိုဖမ်းနေတယ်။ အရင်ရက်တွေက သွားလို့တော့ ရတယ် သူတို့မိရင် သုံးလေးသောင်း ပေးခဲ့ရုံပဲ။ ခုတော့မရတော့ဘူး ဆိုင်ကယ် ဦးထုပ်မပါရင် တစ်သိန်း၊ လိုင်စင် မပါရင် သုံးသိန်းလောက်ပေးရတာ။ ပိုက်ဆံလည်း မပါဘူး ဆိုရင်တော့ ရုံးအထိလိုက်ဖြေရှင်းပေါ့။” ဟု မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှု လုပ်နေသောကြောင့် အသွားလာ ဂရုစိုက်ကြရန်နှင့် အနောက်မြို့ပတ်လမ်း၊ အရှေ့မြို့ပတ်လမ်းနှင့် ဘုရားဖြူ ဘက်တွင်လည်း ဂရုစိုက်သွားလာကြရန် ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီမှ ဖမ်းဆီးရမိသည့် ဆိုင်ကယ်နှင့် ကားများကို စစ်တပ်လက်အောက်ခံ အစိုးရဝန်ထမ်းများကို စီးခွင့်ပေးထားကြောင်းနှင့် တချို့သော ကားများကို စစ်တပ်အတွက် အသုံးပြုနေကြောင်း ယာဉ်ထိန်းရဲနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အရင်က ဖမ်းမိတဲ့ ဆိုင်ကယ်တို့ ကားတို့ကို အစိုးရဝန်ထမ်းတွေကို ပေးစီးထားတယ် လို့သိရတယ်။ ပြီးရင် စစ်တပ်အတွက် လည်း အသုံးပြုတယ်တဲ့။ တချို့ကားတွေကျတော့ ပိုက်ဆံပေးပြီး လာရွေးလို့ရတယ်။ လိုင်စင်လုပ်မယ်ဆိုလည်း ကားတစ်စီးရဲ့ နှစ်ဆလောက် ဈေးကြီးတာ။ ပြည်သူတွေတော့ အသွားလာ ခက်ခဲတာပေါ့။မိုးရွာနေလည်း မိုးကာဝတ်ပြီးဖမ်းနေကြတာ။” ဟု အဆိုပါ အမျိုးသားကပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အတွင်း လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးခံခဲ့ရသည်မှာ ကားအစီးရေ ၄၀၀ ကျော်နှင့် ဆိုင်ကယ်အစီးရေ ၄၀၀ နီးပါးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ (၂)ရက်တွင် စစ်ခေါင်းဆောင်မှ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူရန် ညွှန်ကြားခဲ့ပြီး သျှမ်းပြည်တောင်ပိုင်းရှိ ဟဲဟိုး၊ ညောင်ရွှေ၊ အောင်ပန်း၊ ရပ်စောက်၊ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့ဘက်တွင်လည်း ဈေးလာသုံးသည့် ပြည်သူများ၏ ဆိုင်ကယ်၊ ကားများ သိမ်းဆည်းခံခဲ့ရသည်။

ဆိုင်ကယ်များသည် လိုင်စင်မပါလျှင် ကျပ်(သုံးသောင်း)၊ လိုင်စင်မရှိလျှင် ကျပ်(တစ်သိန်း)နှင့် ထောင်တစ်လ ချခံရမည် ဖြစ်ပြီး နံပါတ်ပြား မထင်ရှားပါက ပုဒ်မ ၈၄(က)၊ ၉၄ တို့ဖြင့် ထောင်ဒဏ် (၃)လမှ ငွေကျပ်(သုံးသိန်း) ကျခံရမည်ဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

ပိုက်ဆံပေးပြီး လာရွေးလို့ရတယ်။ လိုင်စင်လုပ်မယ်ဆိုလည်း ကားတစ်စီးရဲ့ နှစ်ဆလောက် ဈေးကြီးတာ။ ပြည်သူတွေတော့ အသွားလာ ခက်ခဲတာပေါ့။မိုးရွာနေလည်း မိုးကာဝတ်ပြီးဖမ်းနေကြတာ။” ဟု အဆိုပါ အမျိုးသားကပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁)ရက်မှ ဇွန်လ(၅)ရက်အတွင်း လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးခံခဲ့ရသည်မှာ ကားအစီးရေ ၄၀၀ ကျော်နှင့် ဆိုင်ကယ်အစီးရေ ၄၀၀ နီးပါးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ (၂)ရက်တွင် စစ်ခေါင်းဆောင်မှ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူရန် ညွှန်ကြားခဲ့ပြီး သျှမ်းပြည်တောင်ပိုင်းရှိ ဟဲဟိုး၊ ညောင်ရွှေ၊ အောင်ပန်း၊ ရပ်စောက်၊ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့ဘက်တွင်လည်း ဈေးလာသုံးသည့် ပြည်သူများ၏ ဆိုင်ကယ်၊ ကားများ သိမ်းဆည်းခံခဲ့ရသည်ဟု သိရသည်။

ဆိုင်ကယ်များသည် လိုင်စင်မပါလျှင် ကျပ်(သုံးသောင်း)၊ လိုင်စင်မရှိလျှင် ကျပ်(တစ်သိန်း)နှင့် ထောင်တစ်လ ချခံရမည် ဖြစ်ပြီး နံပါတ်ပြား မထင်ရှားပါက ပုဒ်မ ၈၄(က)၊ ၉၄ တို့ဖြင့် ထောင်ဒဏ် (၃)လမှ ငွေကျပ်(သုံးသိန်း) ကျခံရမည်ဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...