ချင်းမိုင်တွင် ဆေးခြောက်ပါ တရားမဝင်ကုန်ပစ္စည်းများကို လိုက်လံသိမ်းဆည်း

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကလေးငယ်တစ်ဦး ဆေးခြောက်ပါသော ဂျယ်လီစားသုံးပြီး သတိလစ်မေ့မျောခဲ့ပြီးနောက် သက်ဆိုင်ရာဝာာဝန်ရှိသူများက ဆေးခြောက်ပါဝင်သည့် ကုန်ပစ္စည်းများကို လိုက်လံသိမ်းဆည်းနေကြောင်း Chiang Mai News သတင်းတွင် ဖော်ပြသည်။

ချင်းမိုင်ခရိုင် ပြည်သူ့ကျန်းမားရေးဌာန၊ ဒေသန္တရာကျန်းမာရေးဌာန၊ ဆေးသိပ္ပံဌာန ဝာာဝန်ရှိသူနှင့် နယ်မြေခံ ရဲများက ပူးပေါင်းကာ ဇူလိုင် ၇ ရက်နေ့တွင် ချင်းမိုင်မြို့ရှိ ဆေးခြောက်အရောင်းဆိုင်များနှင့် ဆေးခြောက်ပါဝင်သော ကုန်ပစ္စည်းအရောင်းဆိုင်များကို သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။

စစ်ဆေးချက်အရ ထိုဆိုင်များသည် သက်ဆိုင်ရာနှင့် တရားဝင်ခွင့်ပြုချက်ရထားပြီး အစာနှင့် ဆေးဝါးဌာန ထောက်ခံချက်လည်း ပါရှိသောကြောင့် အရေးယူခံရခြင်း မရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံဥပဒေအရ ဆေးခြောက်ပါဝင်သော ထုတ်ကုန်ပစ္စည်းများမှာ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိ၊ ပါဝင်ပစ္စည်း ရာခိုင်နှုန်းဖော်ပြထားခြင်း မရှိပါက ဘတ် ၃၀,၀၀၀ ထက်မပိုသော ငွေဒဏ် သို့မဟုတ် ၃ နှစ်ထက်မပိုသော ထောက်ဒဏ်များ ရမှတ်ခံရနိုင်သည်။

ထို့ပြင် ဆေးခြောက်ပါဝင်သော ကုန်ပစ္စည်းမှာ THC အာနိသင် 0.2 ရာခိုင်နှုန်းထက်များနေပါက ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ် ၂၀,၀၀၀ အထိ ပေးဆောင်ရမည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့တွင် ချင်းမိုင်ခရိုင် ဟန်တုန်းမြို့နယ်၌ အသက် ၂ နှစ်အရွယ်ရှိ သမီးငယ်တစ်ဦးသည် မူကြိုကျောင်းတွင် ပုံမှန်မဟုတ်ဘဲ မျက်လုံးတွေေ လေးလံထိုင်းမှိုင်းနေသည့်အတွက် အုပ်ထိန်းသူ ဦးလေးကို ဆရာများက အသိပေးခေါ်ယူခဲ့သည်။

ပုံမှန်မဟုတ်သည့် အခြေအနေကြောင့် ဦးလေးက ချက်ချင်း ဆေးရုံတင်ခဲ့သော်လည်း သတိလစ်မေ့မျောသွားခဲ့ရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁ ရက်နေ့က ၎င်းတို့အိမ်တွင် ပြုလုပ်သည့် မွေးနေ့ပွဲကို လာသည့် ဧသည့်သည်တစ်ယောက်က ဆေးခြောက်ပါဝင်သော ဂျယ်လီမေ့ကျန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ထိုကလေးငယ်သည် အဆိုပါဂျယ်လီကို ၁၀ လုံးတိတိစားခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကလေးမိဘများက ယခုကဲ့သို့ဖြစ်စေခဲ့သည့်သူကို ဆေးကုသစရိတ် တောင်းခံရာ ဆေးကုသခ သီးသန့် ဘတ် ငါးသောင်းကုန်ခဲ့သည့်အပြင် ဆေးခြောက်ပါဝင်သော ဂျယ်လီမေ့ကျန်ခဲ့သူကို အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်လဝကမှ ပျံကျဈေးများကို ပိတ်ဆို့စစ်ဆေး၊ မြန်မာဈေးသည် ၉ ဦးထပ်မံဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ချင်းမိုင်မြို့တွင်းရှိ Tha Sala နယ်မြေ ပျံကျဈေးဆိုင်ခန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ဈေးသည် ၉ ဦးအပါအဝင်၊ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း Chiang Mai Immigration မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...