အသက် ၁၆နှစ်အရွယ် မိန်းကလေးတစ်ဉီး Happy Water သောက်ပြီး သေဆုံး

သျှမ်းပြည် မိုင်းပန်မြို့နယ် လွိုင်နွဲ့ရွာရှိ KTV ဆိုင်တွင် အသက် ၁၆ အရွယ် မိန်းကလေးငယ်တစ်ဉီး Happy Water စိတ်ကြွဆေးရည် သောက်သုံးပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၁ ရက် ညပိုင်းတွင် အသက် ၁၆ နှစ်အရွယ် နန်းဟျိုးငင်းသည် ၎င်းသူငယ်ချင်းနှင့်အတူ မိုင်းပန်မြို့နယ် လွိုင်နွဲ့ရွာရှိ KTV ဆိုင်သို့ သွားရောက်လည်ပတ်ပြီး Happy Water စိတ်ကြွဆေးရည်ကို သောက်သုံးရာ ရုတ်တရက်သေဆုံးသွားခဲ့ကြောင်း မိုင်းပန်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူငယ်ချင်းတွေနဲ့စုပြီး KTV သွားလည်ကြတာ၊ Happy Water သောက်ပြီးတော့ အဲ့သလို ရုတ်တရက်ဆုံးသွားတာပဲ။ အစတုန်းက ဆေးရုံကိုပို့လိုက်သေးတယ်၊ ဆေးရုံကလက်မခံတော့ အိမ်ကိုပြန်ခေါ်လာတာ” ဟု ၎င်းကပြောသည်။

သေဆုံးသွားသူမှာ အသက် ၁၆ နှစ်အရွယ် နန်းဟျိုးငင်းဆိုသူ မိန်းကလေးငယ်တစ်ဦးဖြစ်ပြီး မိုင်းပန်မြို့၌ ကျောင်းတက်နေသည့် ကျောင်းသူတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

Happy Water ဆိုသည်မှာ MDMA (အက်တစီ)၊ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပင်နှင့် ကက်တမင်းတို့ အပါအဝင် ဓာတုဆေးဝါးများဖြင့် အမှုန့်ကြိတ် အရည်ဖျော်စပ်ထားသည့် စိတ်ကြွဆေးရည်ဖြစ်သည်။

ထိုစိတ်ကြွဆေးရည်ကို ကော့တေးလ်ခွက်ဖြင့် ရေ၊ အချိုရည်၊ အရက် စသည့်ဖြင့်ရောကာ သောက်သုံးပြီးလျှင် လူကိုမပင်ပန်းစေဘဲ ပျော်ရွှင်မြူးတူး ကခုန်စေနိုင်သည့်အပြင် လူကို တက်ကြွစေသည့် အရည်တမျိုးဖြစ်သည်။

သို့သော် ထိုစိတ်ကြွဆေးရည်ကိုသောက်ပြီး ကခုန်ခြင်းမပြုပါက အရိုးအဆစ်များ အေးခဲလာပြီး ကြွက်သား၊ အကြောများ တောင့်တင်းလာကာ နောက်ဆုံးတွင် အသက်ဆုံးရှုံးရသည့်အထိ ဖြစ်နိုင်သည်ဟု သုံးစွဲသူများထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းပန်မြို့နယ်တွင် KTV ဆိုင်များ ပေါများခြင်းကြောင့် လူငယ်များအကြား ရေပန်းစားလာသော မူးယစ်ဆေးပေါင်းစုံ ရောစပ်ထားသည့် စိတ်ကြွဆေးရည် ကော့တေးလ်နှင့် ပတ်သက်ပြီး စိုးရိမ်နေရသည်ဟု ဒေသခံများကပြောသည်။

“အရင်တုန်းက မိုင်းပန်မှာ KTV ဆိုလည်းမရှိဘူး၊ Happy Water ဆိုလည်း မကြားဖူးဘူး။ ဘိန်းဖြူတို့၊ ရာမ (မြင်းဆေး) တို့ပဲ ကြားဖူးတယ်။ အခုလို ခေတ်ကာလအခြေအနေ မကောင်းအချိန်မှာ ကျနော်တို့ လူငယ်တွေ ဘာမှမသိဘဲနဲ့ စမ်းသပ်တာမျိုး၊ လုပ်ကြည့်တာမျိုး စတာတွေကြောင့် လမ်းမှားရောက်သွားမှာကို အရမ်းစိုးရိမ်ရတယ်” ဟု မိုင်းပန်မြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ မိန်းကလေးငယ်တစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းမှ အရေးယူဆောင် ရွက်ပေးခြင်းမရှိသကဲ့သို့ KTV ဆိုင်များလည်း ဖွင့်လှစ်ဆဲရှိနေသေးကြောင်း ၎င်းကဆိုသည်။

မိုင်းပန်မြို့သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ထိန်းချုပ်နယ်မြေဒေသ တစ်ခုဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နှင့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ KTV ဆိုင်၊ ကလပ်ဆိုင်နှင့် ဘားဆိုင်များတွင် Happy Water စိတ်ကြွဆေးရည်၊ K (Ketamine) မူးယစ်ဆေးနှင့် E (Ecstasy) မူးယစ်ဆေးများမှာ လူငယ်များအကြား၌ ရေပန်းစားလာသလို မကြာခဏ သေဆုံးမှုများလည်း ရှိသည်။

ထိုမူးယစ်ဆေးကို အလွန်အကျွံသုံးစွဲမှုကြောင့် ပြီးခဲ့သော ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၇ တွင်လည်း မူဆယ်မြို့၌ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း သေဆုံးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

အီးစီးကရက် တင်သွင်းရောင်းဝယ် သုံးစွဲခွင့်ပိတ်သော်လည်း အွန်လိုင်းပေါ် ရောင်းဝယ်မှုရှိနေဆဲ

0
သျှမ်းပြည် အပါအဝင် မြန်မာနိုင်ငံတွင် အီးစီးကရက် တင်သွင်း၊ရောင်းဝယ် သုံးစွဲခွင့် ပိတ်လိုက် သော်လည်း အွန်လိုင်းပေါ်တွင် ဆက်လက်ရောင်းဝယ်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် အီးစီးကရက်၊ ရှီရှား နှင့် ဆက်စပ်ပစ္စည်းတွေကို တားမြစ် ကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီး ရောင်းဝယ် သုံးစွဲခြင်းပြုလုပ်လျှင် အရေးယူခံမည် ဖြစ်ကြောင်းကို...

ထိုင်းနိုင်ငံ မယ်အိုင်းမြို့နယ်တွင် စိတ်ကြွဆေးပြား၂.၅ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ်တွင် ထိုင်းတပ်မတော် ဒေသ ၃ လက်အောက်ခံ တပ်ဖွဲ့များက စိတ်ကြွးဆေးပြား ခန့်မှန်းအားဖြင့် ၂.၅ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အာဏာပိုင်များ၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၃...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...