ဆီဆိုင်မြို့နယ် ထပ်မံစစ်ဘေးရှောင်ရမည့် ပြည်သူ (၈၀၀) ကျော်ကို PNO ကခရီးသွားလာခွင့် ပိတ်ပင်

စစ်ကောင်စီတပ်၊ PNO ပအိုဝ်းပြည်သူ့စစ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ်ထဲ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၈၀၀ ကျော်ကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ခရီးသွားလာခွင့် ပိတ်ပင်ထားကြောင်း သတင်းသိရသည်။

အဆိုပါ စစ်ဘေးရှောင် ၈၀၀ ကျော်သည် ပြီးခဲ့သော မေလဆန်းပိုင်းကတည်းက ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

သို့သော်လည်း ဇွန်လ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က အင်အား ၁၀၀၀ ခန့်ဖြင့် ကျေးရွာအတွင်း စစ်ကြောင်းထိုးလာသဖြင့် အဆိုပါစစ်ဘေးရှောင်များသည် ဆီဆိုင်မြို့နယ်အတွင်းသို့ ထပ်မံထွက်ပြေတိမ်းရှောင်သွားခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များသည် ဆီဆိုင်မြို့နယ် နောင်ပါရင်ရွာနှင့် လွယ်စဲရွာ၌ ရောက်ရှိနေပြီး တခြားဒေသရှိ ဆွေမျိုးမိတ်ဆွေထံသို့ စစ်ဘေးရှောင်ရမည်ဖြစ်သော်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ကျေးရွာအတွင်းမှ ထွက်ခွင့်ပြုဘဲတားမြစ်ထားသဖြင့် ပိတ်မိနေကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆီဆိုင်ဘက်ကို ရောက်နေတာ ၁၂ ရက်ကတည်း ရောက်တာပါ။ ဆီဆိုင်မြို့နယ်ထဲမှာရှိတဲ့ အမျိုးတွေဆီရော တောင်ကြီးဖက်က အမျိုးတွေဆီပါ ရှောင်မို့လို့၊ ထွက်ခွင့်မရပဲ ပိတ်မိနေတယ်။ တချို့က ဆီဆိုင်ဖက်မရှောင်တော့ပဲ ပြန်လှည့်လာပြီး တောတွင်းထဲရှောင်နေရတယ်ဗျ” ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်များသည့် ဆီဆိုင်မြို့နယ်ထဲတွင် ရောက်ရှိနေသည်မှာ တစ်ပတ်ကျော်ကြာပြီ ဖြစ်ပြီး အများစုမှာ ပင်လောင်းမြို့နယ် လင်ခန်ရွာ၊ ဟိုဝိုးရွာ၊ ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာနှင့် ဖယ်ခုံမြို့နယ် လွယ်ပေါရွာ စသည့်ကျေးရွာ စုစုပေါင်း ၁၃ ရွာကျော်မှ ဒေသခံများဖြစ်ကြသည်။

အဆိုပါ စစ်ဘေးရှောင်များကို တခြားနေရာသို့ ပြောင်ရွှေ့ခွင့်မပြုဘဲ ခရီးသွားလာခွင့် ပိတ်ပင်ထားသည့်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဆီဆိုင်မြို့နယ် ထပ်မံစစ်ဘေးရှောင်ရမည့် ပြည်သူ (၈၀၀) ကျော်ကို PNO ကခရီးသွားလာခွင့် ပိတ်ပင်

“စစ်ဘေးရှောင်တွေ တစ်ခြားနေရာ ပြောင်းခွင့်မရပဲ အကြပ်ကိုင်တားမြစ်ခံနေရတယ်ဗျ။ သူတို့အထင်က ဆီဆိုင်မြို့နယ်အတွင်း စစ်ပွဲဆက်ဖြစ်မှာကို စိုးလို့ထင်တယ်၊ ပြီးတော့ စစ်ဘေးရှောင်တွေထဲ PDF တွေပါလာမှာ ကြောက်တာထင်တယ်။ ဒါပေမယ့် စစ်ဘေးရှောင်တွေဟာ PDF တွေမဟုတ်ပါဘူး၊ သာမန်ပြည်သူတွေပါဗျာ” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ထပ်လောင်းပြောသည်။

ထိုကဲ့သို့ ခရီးသွားလာခွင့် ပိတ်ပင်ထားသောကြောင့် လက်ရှိစစ်ဘေးရှောင်များမှာ စားရိက္ခာနှင့် ရေအတွက် အခက်ခဲကြုံတွေ့နေရကြောင်း သိရသည်။

“အဲ့ဒေသမှာ ဘာမှကူညီခွင့်မရဘူး၊ အသုံးပြုဖို့ရေလည်း ခက်တယ်။ ရွာက ရေချောင်းနဲ့ဝေးတယ်၊ ပြီးတော့ အပြင်ထွက်ခွင့်လည်း မရတော့ ရေတွင်းပဲသုံးနေရတယ်ဗျ။ လူများတာ တစ်ဖက်နဲ့လုပြီး သုံးနေရတာ ခက်ခဲတာပေါ့” ဟု ဆိုသည်။

ဆီဆိုင်မြို့နယ် ထပ်မံစစ်ဘေးရှောင်ရမည့် ပြည်သူ (၈၀၀) ကျော်ကို PNO ကခရီးသွားလာခွင့် ပိတ်ပင်

ပြီးခဲ့သည့် ဇွန်လ ၆ ရက်မှစ၍ ဇွန်လ ၁၅ ရက်အတွင်း ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ ဒေသခံ ၆၀၀၀ ကျော်ကိုလည်း PNO ပြည်သူ့စစ်က ကျေးရွာအတွင်းမှ မောင်းထုတ်ခဲ့သည်။

ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် ယခုရက်ပိုင်း၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...