ကလောမြို့ ချောင်းရေတက်ရေကြီးမှုဖြစ်

သျှမ်းတောင်၊ ကလောမြို့ရှိ ကလောချောင်း ယနေ့ (ဇွန်လ ၁၂ ရက်) ညနေပိုင်းက ရေပြန်တက်လာသဖြင့် ရေကြီးမှုများ ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံပြည်သူများက ယနေ့နေ့ညပိုင်းတွင် ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အဆက်မပြတ် ရွာသွန်းနေသည့် မိုးကြောင့် ချောင်းရေ မြင့်တက်လာရာ မြို့လယ်ပိုင်း ရပ်ကွက် (၄) ရှိ ခရီးသွားများကြား ကျော်ကြားသည့် ပလောင်းဈေး နေရာ ရေဝင်ရောက်နေပြီး၊ ရပ်ကွက် (၂) စခန်းသာ နှင့် ရပ်ကွက် (၃) ချောင်းဘေး နေအိမ်များ စောင့်ကြည့်နေရသည်ဟု မြို့ခံ တဦးက ဆိုသည်။

“နာမည် ထည့်မရေးပါနဲ့။ မနေ့က စည်ပင်ခန်းမမှာ ချောင်းဘေး နေတဲ့သူတွေ အစည်းအဝေးခေါ်တယ်။ ချောင်းထဲ အမှိုက်မပစ်ဖို့ပြောတယ်ပါ့။ အဓိက ပြောတာက CB ခင်မောင်အေး နဲ့ သောင်းရွှေ (CB BANK ပိုင်ရှင်နှင့် တပည့် အိမ်ယာဖော်ဆောင်သူ) တို့က သိန်းထောင်ပေါင်းများစွာ အကုန်ခံ ချောင်းချဲ့ထားပေးတယ်။ ရေလုံးဝမတက်တော့ဘူးပေါ့။ အဲတော့ ချောင်းထဲ အမှိုက် အပြစ်ပါနဲ့” အဲဒါ” ဟု မြို့ခံ တဦးက ဆိုသည်။

ယမန်နေ့က ယင်းသို့ ခေါ်ပြောပြီးနောက် ယခု ချောင်းရေတက်လာသဖြင့် အထုတ် ပြင်ထားရသည်ဟု ၎င်းကဆိုသည်။
နောက်ဆုံး မေးမြန်းမှုများအရ ချောင်းရေ ဆက်တက်မည်ကို စိုးရိမ်၍ ပစ္စည်း ရွှေ့ပြောင်းသများ ရှီနေပြီး စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း ဆိုသည်။
“ခုက ရေပြန်တက်လာတာ၊ ရပ်ကွက် ၄ ထဲရေလျှံလာပြီ။ ရေတက်တာက မြန်တယ်။ အရင်လို ထပ်ဖြစ်ရင် မလွယ်ဘူး” ဟု ရပ်ကွက် (၄) ချောင်းဘေးနေ အမျိုးသမီးတစ်ဦးက ပြောသည်။

ကလောချောင်း တိုးချဲ့မှု၊ ချောင်းအထက်ပိုင်း သစ်ပင်ခုတ်မှုများကြောင့် မြေပြိုမှု စသည်ဖြင့် ပြသနာများစွာ ရှိနေသည်ဖြစ်ရာ ယင်းအချက်အလက်များကို သျှမ်းသံတော်ဆင့် အနေဖြင့် မေးမြန်းစုဆောင်းနေဆဲ ဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၂၈၀ တွင် တည်ရှိသော ကလောမြို့ရှိ ကလောချောင်း ပြီးခဲ့သည့်နှစ်က ရေကြီး ရေလျှံမှု ဖြစ်ပွားရာ ရာနှင့်ချီသည့် နေအိမ်များ လုံးဝ ပျက်စီးမျှောပါသွားပြီး ပြည်သူ ၂၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း၊ ရေဘေးကြောင့် ကလောမြို့ပေါ်တွင် သေဆုံးသူ ၁၃ ဦးရှိခဲ့ကြောင်း ဒသခံ လူမှုကူညီရေးအသင်း ပြောဆို ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး

0
သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင်ကား တစ်စီး ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နေ့လယ်ပိုင်းတွင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး...

ကလောမြို့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဉီး သုံးရက်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ကလောမြို့ ရပ်ကွက် (၁)တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မယွန်းအိထွေးသည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက် နေ့လယ် ၂ နာရီခန့်တွင်...

ကလောမြို့ စစ်ဆေးရေးဂိတ်တွင် PDF အား အလှူငွေကောက်ခံပေးသည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် ကလောမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး မှတ်ပုံတင်စစ်ဆေးပြီးနောက် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၂) ရက်တွင် သျှမ်း-မန္တလေးနယ်စပ် ကလောမြို့နယ်အဝင် စစ်ကောင်စီ၏ နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ရန်ကုန်မှ ထွက်ခွာလာသည့် Elite ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူများ၏ မှတ်ပုံတင်ကို...