Tuesday, January 27, 2026

တောင်ကြီးမြို့သို့ တင်ပို့မည့် ငွေကျပ် (၁၂၀၀) သိန်းကျော် တန်းဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

သျှမ်းပြည် လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် တောင်ကြီးမြို့သို့ တင်ပို့မည့် ငွေကျပ် (၁၂၀၀) သိန်းကျော်တန်းဖိုးရှိ မူးယစ်ဆေး သယ်ဆောင်လာသည့် ယာဉ်များအားဖမ်းဆီးရမိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဦးကျော်လွန်ဦး မောင်းနှင်ပြီး မနန်းယုမ့်ခမ်း လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိကြောင်း CCDAC Myanmar က မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါကားထဲတွင် Happy Water မူးယစ်ဆေး အလေးချိန် ၁.၁ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၂၁၀)၊ ကက်တမင်း အလေးချိန် ၁၀ ရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၀၀,၀၀၀)နှင့် လက်ကိုင်ဖုန်း ၂ တို့အား တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးကို လက်ခံရမည့် စွမ်းထက်ကို တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း၌ လက်ကိုင်ဖုန်း ၁ လုံးနှင့် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ဖော်ပြထားသည်။

လက်ရှိတွင် အသက် (၂၇) နှစ် စိုင်းကျော်လွင်၊ အသက် (၁၉) နှစ် မနန်းယုမ့်ခမ်း နှင့် အသက် (၂၆) နှစ် စွမ်းထက်တို့အား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမူဖွင့်အရေးယူထားကြောင်း CCDAC Myanmar ကဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံကို ဆိုင်ခန်းဆောက်လုပ်မည့်ကိစ္စ မြို့ခံများကန့်ကွက်

0
သျှမ်းပြည် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းကာ “ပန်းခြံစည်ကားသာယာလှပေစရန်” အမည်တပ်ပြီး ဆိုင်ခန်းဆောက်လုပ်ရောင်းစားရန် စီစဉ်နေကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ တောင်ကြီးမြို့တွင် အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို လူနေဆိုင်ခန်းတွဲများ ဆောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...