တောင်ကြီးမြို့သို့ တင်ပို့မည့် ငွေကျပ် (၁၂၀၀) သိန်းကျော် တန်းဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

သျှမ်းပြည် လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် တောင်ကြီးမြို့သို့ တင်ပို့မည့် ငွေကျပ် (၁၂၀၀) သိန်းကျော်တန်းဖိုးရှိ မူးယစ်ဆေး သယ်ဆောင်လာသည့် ယာဉ်များအားဖမ်းဆီးရမိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဦးကျော်လွန်ဦး မောင်းနှင်ပြီး မနန်းယုမ့်ခမ်း လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိကြောင်း CCDAC Myanmar က မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါကားထဲတွင် Happy Water မူးယစ်ဆေး အလေးချိန် ၁.၁ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၂၁၀)၊ ကက်တမင်း အလေးချိန် ၁၀ ရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၀၀,၀၀၀)နှင့် လက်ကိုင်ဖုန်း ၂ တို့အား တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးကို လက်ခံရမည့် စွမ်းထက်ကို တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း၌ လက်ကိုင်ဖုန်း ၁ လုံးနှင့် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ဖော်ပြထားသည်။

လက်ရှိတွင် အသက် (၂၇) နှစ် စိုင်းကျော်လွင်၊ အသက် (၁၉) နှစ် မနန်းယုမ့်ခမ်း နှင့် အသက် (၂၆) နှစ် စွမ်းထက်တို့အား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမူဖွင့်အရေးယူထားကြောင်း CCDAC Myanmar ကဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...