သိန္နီတွင် စစ်ရှောင်သွားသည့် နေအိမ်နှင့် ဆိုင်ခန်းကို တရုတ်က လိုက်လံငှားရမ်းနေ

သျှမ်းပြည် သိန္နီမြို့ကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်လာပြီးနောက် တရုတ်နိုင်ငံသား အများအပြား ဝင်ရောက်လာပြီး စစ်ဘေးရှောင်သွားသည့် နေအိမ်များနှင့် ဆိုင်ခန်းများအား လိုက်လံငှားရမ်းနေ ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်သည့် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြောင့် သိန္နီမြို့ပေါ်ရှိ ဒေသခံများသည် မိမိနေအိမ်နှင့် အိုးအိမ်ကိုစွန့်ပစ်၍ ထွက်ပြေတိမ်းရှောင်နေရခြင်း ဖြစ်သည်။

“အခု တရုတ်ပြည်က တရုတ်တွေအများကြီး ဆင်းလာတယ်။ လူမနေတဲ့ အိမ်တွေ၊ ဆိုင်ခန်းတွေ လိုက်ငှားနေတ။ ကျမတို့တွေ မငှားနိုင်တဲ့ဈေးနဲ့ ငှားနေကြတာပေါ့”ဟု သိန္နီမြို့ဒေသခံတစ်ဦးက ပြောသည်။

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် အိမ်ခြံမြေနှင့် အဆောက်အဦများ ရောင်းဝယ်ခြင်း မပြုရန် ဧပြီလဆန်းမှစ၍ ကိုးကန့်တပ် MNDAA လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက စာထုတ်ညွှန်ကြား ထားကြောင်း သိရသည်။

သို့သော် လူသူနေအိမ်သည့် အိမ်နှင့် ဆိုင်ခန်းများကို တရုတ်နိုင်ငံသား စီးပွားရေးသမားများက ဈေးကြီးပေးကာ ငှားရမ်းနေလျက်ရှိကြောင်း သိန္နီမြို့ဒေသခံတစ်ဦးက ပြောသည်။

သိန္နီမြို့တွင် ၁၀ ပေ ပတ်လည် ဆိုင်ခန်းတစ်ခန်းကို တစ်လလျှင် ၅၀,၀၀၀ ကျပ် (ငါးသောင်းကျပ်) ငှားရမ်းခ ပေးသွင်းရသော်လည်း တရုတ်နိုင်ငံသား စီးပွားရေးသမားများမှ ထိုဆိုင်ခန်းကို တစ်လလျှင် ၃၀၀,၀၀၀ (သုံးသိန်းကျပ်) ဖြင့် ငှားရမ်းထားကြောင်း သိရသည်။

ထိုဆိုင်ခန်းများကို စားသောက်ဆိုင်များ၊ တရုတ် ကုန်စုံဆိုင်များ ဖွင့်လှစ်ထားပြီး တရုတ်ယွမ်ငွေများဖြင့် ပေးချမှုများရှိကြောင်း သိန္နီမြို့ ဈေးသည်တစ်ဦးကလည်း ပြောသည်။

သိန္နီမြို့ ဆီဆိုင် တန်းစီ စောင့်ဆိုင်းနေကြသည့်ပုံ

“မြို့ထဲတော့ စားသောက်ဆိုင်တွေ ဖွင့်ထားတာတော့များတယ်။ ပြီးတော့ သူတို့ဈေးဝယ်ရင်လည်း တရုတ်တွေပဲ သုံးကြတယ်။ အဓိက တရုတ်ကုန်စုံဆိုင်၊ ဆေးဆိုင်၊ စားသောက်ဆိုင်တွေမှာ တရုတ်ငွေနဲ့ ပေးချေတယ်။ ဒါပေမဲ့ ကျမတို့ဆီ ဈေးလာဝယ်ရင်တော့ တရုတ်ငွေမသုံးဘူး။ ကျပ်ငွေလဲပြီး လာသုံးကြတယ်။ ဒီကဒေသခံတွေလည်း တရုတ်ငွေ သိပ်မသုံးသေးဘူး” ဟု ဈေးသည်တစ်ဦးက ပြောသည်။

လက်ရှိ သိန္နီမြို့နယ် ဟိုတာရွာကျေးရွာတွင်လည်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ဖွင့်လှစ်ရန် စီစဉ်နေလျက်ရှိပြီး ဆောက်လုပ်ရေးသမားများက (အိုင်ပင်း) တိုင်များစိုက်ထူထားကြောင်း ဒေသခံများကပြောသည်။

ထို့ပြင် သိန္နီမြို့ အနီးအနားတဝိုက်တွင် တရုတ်ပြည် ဆက်သွယ်ရေး ဖုန်းလိုင်များ ရရှိနေကြောင်း သတင်းသိရသည်။ အဆိုပါ ဖုန်းလိုင်းနှင့် ပတ်သက်၍ ဒေသခံများကို ဆက်သွယ်မေးမြန်းရာတွင် တချို့နေရာတွင်သာ ရရှိပြီး၊ တချို့နေရာတွင် မရရှိသေးကြောင်း ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း သိန္နီမြို့ ရပ်ကွက် (၁) ဈေးတန်းရပ်ရှိ ပျက်စီးသွားသည့် သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ် ရောင်းချနေသည့် ဈေးသည်များကိုလည်း ကိုးကန့်တပ် MNDAA က လာရောက်နှင်ထုတ်ခဲ့ပြီး ဈေးသည်များနှင့် ကိုးကန့်တပ် MNDAA ကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...