Tuesday, January 27, 2026

အာဆီယံဥက္ကဋ္ဌနှင့် NUG ဝန်ကြီးချုပ် အွန်လိုင်းမှတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီကိစ္စ ဆွေးနွေး

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်တို့ အွန်လိုင်းမှတဆင့် မိနစ် (၄၀) ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ (ဧပြီလ ၁၈ ရက်) နံနက်ပိုင်းတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် နှင့် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ Teleconference မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ဖြန့်ဝေနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ပုံစာ – မလေးရှားဝန်ကြီးချုပ်နှင့် NUG ဝန်ကြီးချုပ်တို့ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့စဉ်

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်အတွင်း မလေးရှားနိုင်ငံ၌ လူကိုယ်တိုင်တွေ့ဆုံနိုင်မည့် သင့်လျော်သည့် အချိန် အလားအလာကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ်က ၎င်း၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ကောင်စီတို့ကို ထိတွေ့ဆက်ဆံနေသည့်အပေါ် နှစ်ဘက်စလုံးမှ ကန့်ကွက်ခြင်း မရှိဘဲ ယုံကြည်မှုတည်ဆောက်ရေးအတွက် အာဆီယံ ဦးဆောင်သည့် ကြိုးပမ်းမှုအဖြစ် ဆက်လက်တည်ရှိရန် အရေးကြီးကြောင်းလည်း ဆိုထားသည်။

ပုံစာ – မလေးရှားဝန်ကြီးချုပ်နှင့် NUG ဝန်ကြီးချုပ်တို့ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့စဉ်

အလားတူ ယမန်နေ့ (ဧပြီလ ၁၇ ရက်)တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် စစ်ခေါင်းဆောင်တို့ ဘန်ကောက်မြို့၌ လူကိုယ်တိုင် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့စဉ် မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးကို အာဆီယံမှ ကူညီဆောင်ရွက်ရေး၊ မြန်မာ – အာဆီယံ အသိုက်အဝန်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

0
ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...

PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

0
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်ဆိုပြီးစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး ပြန့်နှံ့မှုတွေ များနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...

ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ရန် ထိုင်းရောက်မြန်မာများကို NUG သတိပေး

0
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ သတိပေးစာ ထုတ်ပြန်လိုက်သည်။ ယနေ့ (ဇူလိုင် ၂ ရက်) တွင် ထုတ်ပြန်ခဲ့သည့် NUG ၏ အသိပေးမေတ္တာရပ်ခံချက်ထဲတွင် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံသားများ...

“ကျနော်တို့ပြည်သူတွေ ဒီတော်လှန်ရေးမှာ နိုင်ရာဝန်ကို ထမ်းပြီး တော်လှန်ဖို့ လိုတယ်”

0
“၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မဟာမိတ်များ ဦးဆောင်၍ စစ်ကောင်စီအား ဖယ်ရှားနိုင်ခဲ့သည့် နယ်မြေများကို အခြေခံပြီး တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို သင့်လျော်သည့် ပြည်သူလူထု ကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဖွဲ့စည်းနိုင်ရန် အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီမှ...

အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးနေ၊ ထိုင်းအစိုးရ လုံခြုံရေးတင်းကြပ်ထား

0
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၁၇ ရက်) နေ့လယ် ၂ နာရီအချိန်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် သည် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်...