အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးနေ၊ ထိုင်းအစိုးရ လုံခြုံရေးတင်းကြပ်ထား

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းသိရသည်။

ယနေ့ (ဧပြီလ ၁၇ ရက်) နေ့လယ် ၂ နာရီအချိန်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် သည် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်နှင့် တွေ့ဆုံခဲ့စဉ် မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်၏ လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထို့နောက် ၂၀၂၅ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် မလေးရှားဝန်ကြီးချုပ်သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးကို အကြောင်းပြု၍ ကူညီကယ်ဆယ်ရေးအပြင် အပစ်အခတ် ရပ်စဲရေး ကိစ္စများကို တွန်းအားပေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဘန်ကောက်မြို့ Roosewood Hotel တွင် စတင်တွေ့ဆုံ ဆွေးနွေးနေပြီဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

မလေးရှားဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးနေသည့် ဟိုတယ်အနီးတဝိုက်ကို ထိုင်းအစိုးရမှ လုံခြုံရေး အထူးတင်းကြပ်ထားပြီး မီဒီယာများအား ဝင်ရောက်သတင်းယူခွင့် မပြုကြောင်းလည်း သိရသည်။

ယနေ့ညပိုင်းတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်လည်း စစ်ခေါင်းဆောင်နှင့်အတူ ညစာစားပွဲ တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ရေးသားထားသည်။

အခြားတစ်ဘက်တွင် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့် စစ်ခေါင်းဆောင်ကို အာဆီယံဥက္ကဋ္ဌမှ ငလျင်ဘေး အကြောင်းပြု၍ တွေ့ဆုံဆွေးနွေးပြီး တဘက်သက် ဆက်ဆံဆောင်ရွက်မှုများအပေါ် NUG နှင့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်များက အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း ယမန်နေ့ (ဧပြီလ ၁၆ ရက်)တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာကလေးငယ်အပါ ကလေးငယ် ၁,၃၀၀ ကျော် ပန်းရောင်ကတ် တရားမဝင် မှတ်ပုံတင်ပေးမှု ထိုင်းတနိုင်ငံလုံးစစ်ဆေးမှုစတင်

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်ဒိန်း (Din Daeng) ခရိုင်ရှိ ပြည်သူ့အိမ်ရာတိုက်ခန်း၊ အိမ်ရာများတွင် မြန်မာနိုင်ငံသား ကလေးငယ် အများစုပါဝင်သည့် ရွှေ့ပြောင်းကလေး ၁,၃၀၀ ကျော်အား တရားမဝင် ပန်းရောင်ကတ် (Pink Card) မှတ်ပုံတင်ပေးခဲ့သည့် အမှုအား ထိုင်းအာဏာပိုင်များမှ စစ်ဆေးတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံး စုံစမ်းစစ်ဆေးမှုများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

ဘန်ကောက်တွင် MOU များ လက်မှတ်ထိုးနေစဉ် ကုလရုံးရှေ့၌ မင်းအောင်လှိုင်ကို ကန့်ကွက်ရှုတ်ချ

0
ထိုင်းနိုင်ငံအစိုးရနှင့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ သို့သော် အဆိုပါခရီးစဉ်သည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိုင်းရောက်မြန်မာနိုင်ငံသားများ၏ ကန့်ကွက်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရသည်။ ယနေ့ (ဩဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ဘန်ကောက်မြို့ အစိုးရအိမ်တော်၌...

အာဏာသိမ်းသမ္မတအား ကြိုဆိုရန် ထိုင်းဝန်ကြီးချုပ်ပြင်ဆင်နေ

0
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်မှ ထိုင်းအစိုးရအဖွဲ့ရုံးတွင် ကြိုဆိုရေးပြင်ဆင်မှုများကို ကိုယ်တိုင်စစ်ဆေးဆောင်ရွက်နေကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။ လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်ထိ လာရောက်မည့်ခရီးစဉ်သည် အာဏာသိမ်း...