တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် အငှားနေအိမ် တိုက်ခန်းတစ်ခုတွင် ငွေကျပ်သိန်း နှစ်ထောင်ရှစ်ရာ (၂၈၀၀) တန်ဖိုးရှိ မူးယစ်ဆေးဝါးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဧပြီ ၈ရက် ညနေ ၆နာရီတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် အငှားနေအိမ်တိုက်ခန်းကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့များက သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ ကျပ်သိန်း (၂၈၀၀)တန်ဖိုးရှိ စိတ်ကြွဆေးများကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးနှင့် အတူ အသက် ၃၂နှစ်အရွယ် ညီလောက်စီ နှင့် အသက် ၂၂နှစ်အရွယ် စည်သူဖြိုးတို့ကိုလည်း ဖမ်းဆီးရမိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်နေကြောင်း မြန်မာရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

တာချီလိတ်ဆိုင်းဘုတ်

တာချီလိတ်မြို့သည် မြန်မာ-ထိုင်းနယ်စပ်ဖြစ်ပြီး ဒုစရိုက်သမားများ၊ မူးယစ်ဆေးရောင်းဝယ်မှုများ စစ်အာဏာသိမ်းပြီးနောက် ပိုများလာသည့်မြို့ဖြစ်ကြောင်း တာချီလိတ်ဒေသခံ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မူးယစ်ဆေးကတော့ အစုံပါပဲ။ အရင်ကလို စိတ်ကြွဆေး WY မျိုးတောင်မဟုတ်တော့ဘူး။ အခုခေတ်ထနေတာ Happy Waterတို့ K ဆိုတာမျိုးတွေပိုများလာတယ်။ ကလပ်သွားတဲ့ လူငယ်တွေအားလုံးနီးပါးသုံးနေကြတာ။” ဟု တာချီလိတ်တွင်နေထိုင်သည့် လူငယ်တစ်ဉီးက ဆိုသည်။

ထိုစိတ်ကြွဆေးများသည် နိုက်ကလပ်၊ KTV နှင့် ဘားများတွင် အလွယ်တကူဝယ်ယူနိုင်ကြောင်းလည်း တာချီလိတ်လူငယ်များ က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...

ထိုင်းမြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါး စီးဝင်မှု မြှင့်တက် ၊ ၂ ရက်အတွင်း စိတ်ကြွဆေး ၅ သန်းကျော် ဆက်တိုက် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်၊ ချင်းရိုင်မြို့လယ်ခေါင်နှင့် လန်ဖွန်မြို့နယ် တို့တွင် စိတ်ကြွဆေးပြား (ယာဘ) (၅ သန်းကျော်) ကို လမ်းဘေးစွန့်ပစ်ထားမှု၊ မီးပွိုင့်မိစဉ် စီးနင်းဖမ်းဆီးမှုနှင့် ကားဖြင့်တိုက်ပြေးမှု ဖြစ်စဉ်များမှ ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းများတွင် ဖော်ပြသည်။ ထိုင်းမြောက်ပိုင်း ကျေးရွာများမှတဆင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးများ အဆက်မပြတ်...