သိန္နီမြို့ တပိုင်တနိုင်စျေးသည်များထံ MNDAA က အခွန်ကောက်မည်

“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စီးပွားရေး ကြပ်တည်းမှုနှင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာကို ရင်ဆိုင်ရသော သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ တစ်ပိုင်တစ်နိုင် ဈေးရောင်းချပြည်သူများကို ကိုးကန့်တပ် (MDNAA) ထံ အခွန်ဆောင်ရမည်ဟု သတင်းရရှိသည်။

သိန္နိမြို့ကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်လာသည့် တစ်နှစ်ကျော်ကာလအတွင်း မြို့တွင်း ပြန်လည်စည်းကား လာသော်လည်း ဒေသခံများသည် စီးပွားကြပ်တည်းမှုနှင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာများ ရင်ဆိုင်ရကြောင်း ဒေသခံများကပြောသည်။

ယခုဧပြီလကုန်ပိုင်းမှစ၍ သိန္နီမြို့အတွင်းရှိ လမ်းဘေးတစ်လျှောက်၌ ဈေးရောင်းချနေသော ဈေးသည်များသည် ပန်လော့ရွာတွင် ဖွင့်လှစ်မည့်ဈေးသစ်၌ ရောင်းချသွားရမည်ဖြစ်ကြောင်း သိရသည်။

ထိုဈေးသစ်တွင် ဆေးဆိုင်ဖွင့်လှစ်ပါက တစ်လလျှင် ၅၀၀,၀၀၀ (ငါးသိန်း) ကျပ်၊ သစ်သီးဝလံ ရောင်းသည့် ဆိုင်ဖြစ်ပါက တစ်လလျှင် ၅၀,၀၀၀ (ငါးသောင်း) ကျပ်၊ ပျံကျဈေးသည် တစ်လလျှင် ၂၀,၀၀၀ (နှစ်သောင်း)ကျပ်နှင့် အမှိုက်ခွန် ၁၅,၀၀၀ (တစ်သောင်းခွဲ) ကျပ် စသဖြင့် အခွန်အသီးသီးကို MNDAA ထံ ပေးဆောင်ရမည်ဖြစ်ကြောင်း သိန္နီမြို့ဈေးသည်တစ်ဦးက ပြောသည်။

“ကျမတို့အတွက်တော့ ခက်ခဲတာပေါ့ရှင်။ ကျမတို့လို သစ်သီးဝလံ ရောင်းတဲ့သူတွေက တခါတလေ သစ်သီး ပုတ်တာရှိသလို ဈေးရောင်းထွက်တဲ့ရက်လည်း ရှိတယ်၊ ဈေးရောင်းမထွက်တဲ့ရက်လည်း ရှိတယ်။ ပြီးတော့ ဒီရက်ပိုင်း လောင်းကစားဝိုင်းတွေလည်းရှိတော့ ဈေးပါးသေးတယ်။ လူတွေက ဈေးလာမဝယ်ဘူး လောင်းကစားရုံပဲ သွားကြတာ” ဟု ၎င်းကပြောသည်။

အလားတူ ဆိုင်ကယ်ဖြင့် နယ်လှည့်ဈေးရောင်းနေသည့် ဈေးသည်များသည်လည်း ကိုးကန့်တပ် MNDAA မှ ဈေးရောင်းလက်မှတ် ထုတ်ပေးပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း ဆိုသည်။

သိန္နီမြို့ တပိုင်တနိုင် စျေးခင်းရောင်းနေသူများ

လက်ရှိ သိန္နီမြို့တွင် နေ့စားအလုပ်သမားခေါ်ယူလျှင် လုပ်အားခ တစ်ရက်ကို ၁၅,၀၀၀ (တသောင်းခွဲ) ကျပ်သာ ရရှိပြီး စားသောက်ကုန် ပစ္စည်းများကိုမှု ဈေးအဆမတန် ဝယ်ယူနေရကြောင်း၊ နေ့စားအလုပ်များကလည်း နေ့တိုင်းမရှိသဖြင့် နေ့စားအလုပ်ကိုသာ မှီခိုအားထားရနေသည့် ပြည်သူများသည် အခက်ခဲကြုံနေကြောင်း သိန္နီမြို့ခံအမျိုးသမီးတစ်ဦးက ဆိုပြန်သည်။

“အခုသိန္နီမှာက စီးပွားရေးကလည်းမဖြစ် အလုပ်ကလည်းရှားတော့ တစ်ရက်မှ နေ့စားလိုက်ရရင် တသောင်းခွဲပဲရတယ်။ အလုပ်ကပြန်လာရင် ဆိုင်ကယ်ဆီကလည်း ထည့်ရသေးတယ်။ အခုဆီဈေးကလည်း တက်၊ ကုန်ပစ္စည်းတွေကတက်တော့ အလုပ်ကနေ့တိုင်းမသွားရတော့ ခက်တာပေါ့” ဟု မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ စစ်ကောင်စီပိုင် မီဒီယာများမှ ကြေညာသော လားရှိုးမြို့ စက်ဆုံးဆီ 92 တစ်လီတာမှာ ၃,၁၆၀ ကျပ်သာ ရှိသော်လည်း သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင်မှု 92 တစ်လီတာမှာ ၈,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ဈေးပေါက်နေကြောင်း ဒေသခံများကပြောသည်။

ထို့ပြင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့မှုကြောင့်သိန္နီမြို့၌ စားသုံးဆီ ၁ ပိဿမှာ ၈,၀၀၀ ကျပ်မှ ၁၉,၀၀၀ အထိ မြင့်တက်လာကြောင်း၊ ဆန် ၃၀ ပိဿ တစ်အိတ်မှာ ၁၄၀,၀၀၀ (တသိန်းလေးသောင်း) ကျပ်မှ ၁၇၀,၀၀၀ (တသိန်းခုနှစ်သောင်း) အထိ မြင့်တက်လာကြောင်း ဒေသခံများ ပြောသည်။

“ကျမတို့ ဈေးသည်တွေကတော့ နေ့စားအလုပ်သမားတွေထက်တော့ နည်းနည်းခံသာတယ်။ အရင်းအနှီး များများစိုက်တာတစ်ခုပဲ။ ဒါပေမယ့် အမြတ်လည်း မရပါဘူး။ တစ်နေ့ရောင်းရမှ နှစ်သောင်း၊ သုံးသောင်း လောက်ပဲမြတ်တယ်။ ကုန်ဈေးနှုန်းတွေနဲ့ ပြန်တွက်ကြည့်တော့လည်း ဘာမှမကျန်တော့ဘူး။ ကျမတို့ မငတ်ရုံလောက်ပဲ ဈေးရောင်းနေရတာပါ” ဟု သိန္နီမြို့က ဈေးသည်တစ်ဦးက ထပ်လောင်းပြောသည်။

သိန္နီမြို့တွင်းနှင့် ကျေးရွာများသို့ ဆိုင်ကယ်ဖြင့် လိုက်လံရောင်းသည့် စျေးသည်

ထိုကြောင့် စီးပွားကြပ်တည်းမှုနှင့် အလုပ်ရှားပါးမှုကြား ပြည်သူများကို အခွန်ကောက်ယူမှုအပေါ် ရပ်ဆိုင်းပေးရန် (သို့) လျှော့ပေးရန် ပြည်သူများကတောင်းဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့က ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသော သိန္နီမြို့ရှိ မြို့မဈေးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပြည်သူများသည် ကြောက်လန့်၍ ယနေ့အချိန်ထိ ထိုဈေးအတွင်း ဈေးရောင်းခြင်းမပြုတော့ကာ လမ်းဘေးတစ်လျှောက်၌ ဈေးရောင်းချနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...