လားရှိုး MNDAA အင်အားရာနှင့်ချီ လက်နက်အပြည့်အစုံဖြင့် သိန္နီဘက်သို့ တပ်ပြောင်းရွှေ့

သျှမ်းပြည် လားရှိုးမြို့မှ ကိုးကန့်တပ်သား အင်အားအများအပြားသည် စစ်လက်နက် အပြည့်အစုံ ကိုင်ဆောင်ပြီး ကား (၇) စီးဖြင့် သိန္နီမြို့ဘက်သို့ မျက်နှာမူ၍ ချီတက်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၁၀ ရက်) နံနက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့မှ ကိုးကန့်တပ်သားများသည် စစ်လက်နက် အပြည့်အစုံ ကိုင်ဆောင်ပြီး ကား (၇) စီးဖြင့် အင်အား ရာနှင့်ချီ၍ သိန္နီမြို့ဘက်သို့ ယာဉ်တန်းဖြင့် ချီတက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လားရှိုးဘက်က လာတာ၊ ကိုးကန့်စစ်သားတွေ ကားပေါ်အပြည့်ပဲ။ ၆ ဘီးကားနဲ့ (၇) စီးလောက် လာတယ်၊ ဘယ်ကို သွားမလဲတော့ မပြောတတ်ဘူး”ဟု သိန္နီမြို့နယ်အတွင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့အခြေစိုက် ကိုးကန့်တပ်သားများမှ လက်နက်အပြည့်အစုံဖြင့် ထွက်ခွာသွားခြင်းကြောင့် ယခင်လက သတင်းထွက်ပေါ်ခဲ့သည့်အတိုင်း ဇွန်လမတိုင်မီ လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်များ အသုတ်လိုက် ဆုတ်ခွာသွားမည်ကို ဒေသခံများက စိုးရိမ်နေပြီး စစ်ကောင်စီနှင့် တိုက်ပွဲထပ်မံ ဖြစ်ပွားလာနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

အလားတူ မတ်လဆန်းပိုင်းတွင်လည်း လားရှိုးမြို့မှ ထွက်ခွာသွားသည့် ကိုးကန့်တပ်သားများကို လားရှိုး-သိန္နီ လမ်းပိုင်းတွင် မြင်တွေ့ရပြီး ထိုမှတဆင့် ကွတ်ခိုင်မြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာသွားနိုင်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

“အရင်တစ်ပတ်က ကိုးကန့်စစ်သားတွေ သိန္နီဘက် တက်သွားတယ်။ လူကော လက်နက်ကော ပါတယ်ဆိုတော့ ထူးဆန်းတယ်။ သိန္နီကနေ ကွတ်ခိုင်ဘက်ကို ဆက်သွားမှာ၊ ဘယ်ကို ဦးတည်လဲ သေချာမပြောတတ်ဘူး”ဟု လားရှိုး-ကွတ်ခိုင် ကုန်ရောင်းဝယ်သည့် ဈေးသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ကူမင်းမြို့တွင် (၇) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်၍ တရားဝင် အပစ်ရပ် သဘောတူညီချက် အသက်ဝင်ကြောင်း ဇန်နဝါရီလ (၂၀) ရက်တွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် မစ္စ မော်နင်းက ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းအပစ်ရပ် သဘောတူညီမှုတွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ၂၀၂၅ ခုနှစ် ဇွန်လမတိုင်မီ တစ်သုတ်ပြီးတစ်သုတ် ပြန်လည်ဆုတ်ခွာ ပေးရမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း ကာယကံရှင်ဖြစ်သည့် စစ်ကောင်စီနှင့် MNDAA တို့မှ အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးပေ။

စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း တစ်ကြိမ်တွေ့ဆုံခဲ့ပြီး ယခု မတ်လအတွင်း ထပ်မံတွေ့ဆုံနိုင်သည့် သတင်းများလည်း ထွက်ပေါ်နေလျက်ရှိသည်။

ပုံစာ – လက်နက်အပြည့်အစုံဖြင့် ထွက်ခွာလာသည့် ကိုးကန့်တပ်သားများကို လားရှိုး-သိန္နီလမ်းပိုင်းတစ်နေရာတွင် တွေ့ရစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...