ဘော်လခဲတွင် စစ်ရေးပြင်းထန်လာနိုင် ဒေသခံများပြောင်းရွှေ့ရန် သတိပေး

ကရင်နီပြည်နယ်(ကယား)၊ ဘော်လခဲမြို့နယ်တွင် စစ်ရေးပြင်းထန်လာနိုင်သောကြောင့် ဒေသခံများကို ပြောင်းရွှေ့ရန် ဘော်လခဲ တော်လှန်ရေး တပ်ပေါင်းစုမှဖေဖော်ဝါရီလ (၂)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ဘော်လခဲမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၃၃၇)၊ ခမရ(၄၂၉) ၊ခမရ( ၄၃၀) နှင့် ဘော်လခဲမြို့မ ရဲစခန်းကို စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့်တင်းခြင်း ၊ရိက္ခာ ဆေးဝါးများ ဖြည့်တင်းခြင်းများ နေ့စဉ်လုပ်ဆောင်နေပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်သဖြင့် ဒေသခံများကို ပြောင်းရွှေ့ရန် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ ယန္တရားထောက်တိုင်များနှင့် မပတ်သက်ရန်နှင့် စစ်ကောင်စီတပ်စခန်း အနီးသွားလာနေထိုင်ခြင်းမပြုရန် အသိပေးထားပြီး Non CDM များကိုလည်း ဘော်လခဲမြို့အတွင်း ယန္တရားလည်ပတ်မှုကို မလုပ်ကြရန် ဖော်ပြထားသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၁၁ ရက်နေ့အထိ ဆယ်ရက်အတွင်း ပြောင်းရွှေ့ကြရန်နှင့် မပြောင်းရွှေ့ပါက နောက်ဆက်တွဲကိစ္စရပ်များကို ထာဝန်ယူမည်မ ဟုတ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ဘော်လခဲဒေသခံများကို အချိန်ရသည်နှင့် အမြန်ဆုံးခွာသင့်ကြောင်းနှင့် တိုက်ပွဲဖြစ်မှ ထွက်လျှင် မလွယ်ကူကြောင်း ထွက်ပြေးတိမ်းရှောင်လာသူ တစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အချိန်ရတုန်း အမြန်ထွက်စေချင်တယ်။ တကယ်လို့ ထိတွေ့တိုက်ပွဲဖြစ်မှ ဆိုရင် သူတို့အတွက်လည်း အဆင်မပြေသလို တော်လှန်ရေးတပ်ပေါင်းစုအတွက်လည်း အဆင်ပြေမှာ မဟုတ်ဘူး။ တချို့ဆိုရင်တော့ အပြီး ထွက်ခွာလာသူတွေ ရှိနေပြီ။ အားလုံးဘေးကင်းဖို့ မျှော်လင့်ပါတယ်။” ဟု အဆိုပါ ထွက်ပြေးလာသူ အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁ )ရက်တွင်လည်း ဘော်လခဲမြို့နယ်၊ ချိကွဲကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက်(၅၀) ကျော်ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး နေအိမ်(၁၀)လုံး ထက်မနည်းထိခိုက်ဆုံးရှုံးသွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

ကြောင်တွေဆီကနေ လေ့လာသင်ယူရမယ့် ဘဝနေထိုင်နည်း (၅) ချက်

0
စိတ်ဖိစီးမှုများပြားတဲ့ ခေတ်သစ်မြို့ပြလူနေမှုစနစ်ထဲမှာ ကျနော်တို့အားလုံးဟာ ပျော်ရွှင်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေကြရပါတယ်။ တခါတလေမှာ အဲဒီနည်းလမ်းတွေဟာ ဝေးဝေးလံလံမှာ ရှိနေတာမဟုတ်ဘဲ ကျနော်တို့အနားမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဆီမှာ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ကြောင်တွေဟာ သူတို့ရဲ့ သဘာဝအတိုင်း နေထိုင်ရင်းနဲ့ လူသားတွေအတွက် အရမ်းတန်ဖိုးရှိတဲ့ ဘဝသင်ခန်းစာတွေကို ပေးလေ့ရှိပါတယ်။ ကြောင်တွေဆီကနေ ကျနော်တို့ ဘယ်လို...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...