သျှမ်းမြောက်တကြော ၂၀၂၅ နှစ်အစပိုင်း မိုင်းနင်းမိရာ ၄ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ၂၀၂၅ နှစ်စအတွင်းတွင် မိုင်းနင်းမိပြီး ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးမိတ်မြို့ ၊ ကွတ်ခိုင်မြို့နှင့် သီပေါမြို့ စသည့် တိုက်ပွဲဖြစ်ပွားသည့် ဒေသအသီးသီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကိုင်တွယ်မိရာနှင့် မိုင်းနင်းမိရာတွင် သေဆုံးသူ များပြားလာကြောင်း သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခု ၂၀၂၅ ခုနှစ် (ဇန်နဝါရီလ) မှ ( ဖေဖော်ဝါရီလ ၄ ရက်)နေ့အထိ TNLA ထိန်းချုပ်ထားသည့် သျှမ်းမြောက်ဒေသတွင် မိုင်းနင်းမိရာနေ ၄ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

“အခုမိုင်းနင်းမိပြီး သေဆုံးတဲ့သူတွေ ခြေထောက် ၂ဘက်စလုံးပြတ်သွားတဲ့နေရာတွေက တိုက်ပွဲတွေ ဖြစ်ပြီးသွားတဲ့ နေရာတွေဖြစ်တယ်။ ဖြစ်နိုင်ရင် နယ်မြေကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းပဲဖြစ်ဖြစ် တာဝန်ရှိသူတွေပဲ ဖြစ်ဖြစ် လာရောက်ရှင်းလင်းတာမျိုး ရှိစေချင်တယ်။ အခုက တခုခုဆို ကျနော်တို့ ပြည်သူတွေပဲ ခံနေရတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ သေဆုံးသွားသည့် ၄ ဦးထဲတွင် ကလေးငယ် ၂ အပါအဝင် သေဆုံးပြီး ထို့ ကလေးငယ်သည် ပြီးခဲ့သော (ဖေဖော်ဝါရီ ၁ ရက်)နေ့ ကွတ်ခိုင်မြို့ နမ့်ဆိုင်းကျေးရွာရှိ ဒေသခံ ကလေးငယ် ၄ ဦးသည် ငါးဖမ်းရန်သွားရာနေ မိုင်းနင်းမိပြီး ၂ သေဆုံးပြီး ၂ ဦ ဒဏ်ရာရရှိသွားကြောင်း ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် TNLA ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် ပြီးခဲ့သည့် (ဇန်နဝါရီ ၂၈ ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦး ခြံသွားရှင်းရာ၌ လက်နက်ကြီးပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာပြင်းထန်နေကြောင်း၊ သီပေါမြို့တွင်လည်း (ဇန်နဝါရီ ၂၅ ရက်)တွင်လည်း မိုင်းနင်းမိပြီး ၂ဦးသေဆုံးသွားသည်ဟု သိရသည်။

“ဒီနှစ် လအစပိုင်းလေးပဲ မိုင်းနင်းမိပြီး သေဆုံးတာတွေ ဒဏ်ရာရတာတွေ များနေပြီ။ ပြီးခဲ့တဲ့ ၁ ရက်နေ့ဆိုလည်း ကွတ်ခိုင်မြို့က ကျေးရွာက ကလေးငယ် ၄ ဦး ငါးသွားဖမ်းမယ်သွားရင် မိုင်းနင်းမိပြီး ၂ ဦးသေဆုံးသွားတယ်။ကျန် ၂ ဦးတော့ ဒဏ်ရာရသွားတယ်။ ကလေးငယ်တွေလည်း အသက်ငယ်ငယ်နဲ့ သေဆုံးရတာတွေ မိုင်းရှင်းလင်းမှု မရှိလို့” ဟု ၎င်းက ပြောသည်။

မူဆယ်မြို့တွင်လည်း ပြီးခဲ့သည့် (ဇန်နဝါရီ ၃၀ )ရက်နေ့တွင် မိုင်းယု(၁၀၅)မိုင်အုပ်စု အောက်နမ့်ဟွယ်ကျေးရွာတွင် အမျိုးသားတစ်ဦး ကြံခင်းသွားခုတ်ရာတွင် မိုင်းနင်းမိပြီး ခြေထောက် ၂ ဖက်ပြတ်တောက်သွားခဲ့သည်ဟု မူဆယ်ဒေသခံ တစ်ဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇” စစ်ဆင်ရေး ဖြစ်ပွားပြီးနောက် မြေမြှုပ်မိုင်းရှင်းလင်းမှုကို ညီနောင်မဟာမိတ်တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့က တာဝန်ယူဖြေရှင်းမှုနည်းသေးကြောင်း ပြည်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...