ထိုင်းနိုင်ငံအတွင်း ကာစီနိုလုပ်ငန်း၊ လောင်းကစားလုပ်ငန်းများအား တရားဝင်လုပ်ကိုင်ခွင့်ပြုရန် ထိုင်းအစိုးရမှ ဥပဒေမူကြမ်းအတည်ပြု

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် အလုပ်အကိုင်အခွင်အလမ်းများပိုမိုမြင့်တက်လာစေရန် ထိုင်းအစိုးရမှ လောင်းကစားလုပ်ငန်းများ၊ ကာစီနိုလုပ်ငန်းများအား တရားဝင်ခွင့်ပြုမည့် ဥပဒေမူကြမ်းအား အတည်ပြုကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်က ပြောကြားသည်။

ယမန့်နေ့ (ဇန်နဝါရီလ ၁၃) ရက်တွင် ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနမှအဆိုပြုထားသည့် ဖျော်ဖြေရေး အဆောက်အအုံများ ဆောက်လုပ်ခွင့်နှင့် လောင်းကစားလုပ်ငန်းများကို တရားဝင်ခွင့်ပြုပေးမည့် ဥပဒေမူကြမ်းအား အတည်ပြုကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်က ပြောကြားခဲ့သည်။

“ကျမတို့ ဒီလုပ်ငန်းတွေအတွက် ပွင့်လင်းမြင်သာမှုကို အာမခံနိုင်မယ်ဆိုရင် ဒီလုပ်ငန်းတွေက ထိုင်းနိုင်ငံကို အကျိုးရှိစေမှာ ဖြစ်ပါတယ်၊ ဒီကိစ္စဟာ သေချာကိုင်တွယ်ရှင်းပြရမယ့် လုပ်ငန်းစဉ်အသစ်တစ်ခုဖြစ်တယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ အားလုံးပေါင်းစည်းပြီး သေချာကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။

အဆိုပါဥပဒေမူကြမ်းသည် ခရီးသွားလုပ်ငန်းမူဝါဒများနှင့်ကိုက်ညီပြီး ထိုအထဲတွင် ကုန်တိုက်များ၊ ဟိုတယ်များ၊ အားကစားကွင်းများနှင့် ဖျော်ဖြေရေးအဆောက်အအုံများ အကောင်အထည်ဖော်သွားမည့် အကြောင်း အကျဉ်းချုပ် ဖော်ပြထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောသည်။

Bangkok Post

ယခုကဲ့သို့ စီမံကိန်းများသည် ကမ္ဘာတဝှမ်းတွင် အောင်မြင်နေသော လုပ်ငန်းများဖြစ်သည့်အပြင် ထိုင်းနိုင်ငံ၏ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားပြီး အလုပ်အကိုင် အခွင့်အလမ်း ၉,၀၀၀ မှ ၁၅,၀၀၀ အထိဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောထားသည်။

ထိုသို့ ထိုင်းအစိုးရမှ ဥပဒေမူကြမ်းအတည်ပြုပြီးနောက် လောင်းကစားဆန့်ကျင်ရေးအဖွဲ့အစည်းများမှ ကလေးများနှင့် မိသားစုများအပေါ်သက်ရောက်လာနိုင်မည့် အကျိုးဆက်များအား သေချာစွာချိန်ဆ ကိုင်တွယ်ရန်အတွက် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။
အတိုက်အခံပါတီမှ အမတ်များနှင့် အစိုးရအကြံပေးအချို့မှလည်း ယခုဥပဒေမူကြမ်းခွင့်ပြုပေးမည့်အပေါ် ပြည်သူများ လောင်းကစားအပေါ်စွဲလမ်းလာနိုင်ခြင်း၊ ငွေကြေးလိမ်လည်မှုများဖြစ်ပေါ်လာမည့် အန္တရာယ်ရှိလာနိုင်ကြောင်း သတိပေးပြောဆိုထားသည်။

ထိုင်းနိုင်ငံသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက် ကူးပြောင်းဖြတ်သန်းရာနေရာတစ်ခုဖြစ်နေပြီး မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ လူကုန်ကူးခံရပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းများလုပ်ကိုင်ရန် စေခိုင်းခံရသည့် နိုင်ငံပေါင်း ၂၀ ကျော်မှ နစ်နာသူ ၆,၀၀၀ ကျော်ရှိခဲ့ကြောင်းလည်း အတိုက်အခံပါတီအမတ်တစ်ဦးက ထောက်ပြပြောဆိုထားသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...